၁၀

2.9K 379 26
                                    


Unicode

" ငယ်​. ငြိမ်​ငြိမ်​နေကွာ "

ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာသေးသည့် ဝတ္ထုတစ်ပုဒ်ကို ကြိုးစားပမ်းစား ရေးဖို့ ကြိုးစားနေသည့်အချိန် ၊
ငယ့်ရှေ့မှာ အထင်ကြီးခံရဖို့အတွက် ပါဝါမပါသည့် မျက်​မှန်​ကို ဟန်​ပါပါ တပ်​ကာ စာအုပ်​နှင့် ဘောပင်​လ်​ ကောက်​ကိုင်​ပြီး တကယ့်​စာ​ရေးဆရာမကြီး စတိုင်​လ်​ အားထုတ်​နေတာကို အငြိမ်​မ​နေတတ်သည့် ငယ်​က ဒီပါ့လက်​ထဲက​ဘောပင်​ကို လုယူပြီး စာအုပ်​ထဲ ဆွဲခြစ်​လိုက်​ ၊
ဒီပါ့ ဆံပင်​တိုတို​တွေကို လာဆွဲဖွလိုက်​ ၊ ဂါဝန်​ဝဲဝဲ​လေးတယမ်းယမ်းနှင့် ​ရှေး​ခေတ်​ပါတီ​တွေမှာ က သလိုမျိုး အရှေ့မှာ ကပြလိုက်​ ၊ ဒီပါ့ စာ​ရေးစားပွဲ​ရှေ့မှာ . လက်​ထောက်​ပြီး ချစ်​စရာ အမူအယာ​တွေ လုပ်​ပြလိုက်​နှင့် နှောင့်​ယှက်​နေ​လေ​တော့ နဂိုကတည်းက ရုပ်ပုံမပေါ်သေးသည့် ဝတ္ထုထဲသို့ ဘယ်​လိုမှ အာရုံဝင်​စားလို့မရ ။
ငြိမ်​ငြိမ်​နေကွာ လို့ တကယ့်ကို နူးနူးညံ့ညံ့​လေး​ပြောမိတာကိုလည်း ဒီပါ က ငယ့်​ကို ဆူတယ်​ ဟု ငိုမဲ့မဲ့နှင့် မသိရင်ပဲ ဒီပါဟာ ဝိညာဥ်ကလေးတစ်ကောင်ကို မွေးစားထားရသည့်အတိုင်း ။

"ငယ်​က ပျင်းလို့ဟာကိုနော်
အရင်​က ဆ်ိုရင်​လေ ငယ်​ပျင်းလာတိုင်း မမက ငယ်​လုပ်​ပြသမျှ အမူအယာ​တွေကို ပန်းချီကားထဲ ထည့်​ဆွဲ​ပေးပြီး​တော့ ခုကျ​တော့ ဘဝအသစ်မှာရောက်သွားတာနဲ့ပဲ ငယ့်​ကို . စိမ်းသွားပြီပေါ့ ၊ အင်း​ပေါ့လေ ငယ်​ကသာ ဒီ အမှတ်​တရ​တွေထဲ ကျန်​ခဲ့တာ
ဒီပါက သူစိမ်းလူ ဖြစ်​သွားပြီကိုး . အဟင့်​ဟင့်​ "

ငိုမဲ့မဲ့ကနေ တကယ်​ကြီး ငိုချလိုက်​ပြန်​တော့လည်း ဒီပါ က မ​နေနိုင်​ပြန်​၊ ငယ်​ပြောပြလာသည့် အမှတ်​တရ​တွေကို မမှတ်​မိနိုင်​တာကိုလည်း . စိတ်​မ​ကောင်း ။ ဒီပါဟာ တကယ်ပဲ အရင်​ဘဝက . ငယ့်​မမ လား ။

​လော​လောဆယ်​မှာတော့ ထိုပြဿနာ​တွေထက်​
ငို​နေသည့် ဝိညာဥ်ပေါက်​စန​လေးကို .​ချော့ရ​ပေအုံးမည်​။ ငယ်​ကတော့ အလိုမကျလို့ ငိုလိုပ်ရုံ​လေးသာ ဒီပါ ကတော့ ငယ့်​မျက်​ရည်​မြင်​ရုံနဲ့
ကမ္ဘာကြီး ပြိုကျ​လာတော့မတတ်​ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now