Unicodeအချိန်ကား ၁၉ ရာစုနှစ်လောက်ဖြစ်မည်။ ခံစားချက်မှာ ခပ်မှိုင်းမှိုင်း ။
နေရာကား အပင်ကြီးတစ်ပင်အောက်က ခုံတန်းလေးနားမှာဖြစ်ပြီး မိန်းမပျိုတစ်ယောက်နှင့် အမျိုးသားငယ်လေးတစ်ယောက် ပါဝင်သည် ။
မြင်ရသည်နှင့်ပင် စုံတွဲမှန်းသိသာစေတာက
လိုက်ဖက်ညီနေမှုကြောင့်သာ ဖြစ်မည်ထင်ပါရဲ့လေ ။"ကိုယ်တို့ လက်ထပ်ကြရအောင်လေ "
"ဟုတ်ကဲ့ပါ အကို "
အဝါရောင်ရင်ဖုံးအင်္ကျီ ခါးတိုလေးနှင့် ယောလုံချည်မရမ်းရောင်ကို လိုက်ဖက်စွာ တွဲဖက်ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးငယ်လေးဟာ ရှက်ပြုံးလေးနှင့် လွန်စွာမှ လှပလို့နေလေ၏ ။
သူမ နံဘေးမှ ပြုံးပြုံးကြီး ငေးကြည့်နေသည့် အမျိုးသား၏ မျက်ဝန်းတွေထဲ၌လည်း ချစ်မြတ်နိုးမှုတွေက ဖုံးဖိလို့မရနိုင်တဲ့အထိ ပြည့်လျှံ၍နေသည် ။
သိပ်မကြာခင် လက်ထပ်တော့မည့် စုံတွဲနှစ်ဦးအတွက် ကြည်နူးစရာ အချိန်အခါလေး ဆိုပေမဲ့ ထူးဆန်းစွာပင် ရင်ဘတ်ထဲ၌ ဆို့ကျပ်ပြီး နာကျင်လာခဲ့လေသည်။ ထို့နောက် လန့်ဖျတ်၍ နိုးထလာရပြန်၏ ။
"ဟင် ..
. ငါ ထပ်ပြီး အိမ်မက်မက်နေတာပဲ "ထိုအမျိုးသားနှင့် အမျိုးသမီး အကြောင်းကို တစ်ခါလေးတောင်မှ မတွေးဖူးပါပဲနှင့် ဒီပါ့အိမ်မက်ထဲ ဘယ်လို ရောက်လာရပါသလဲ ။
ပြီးတော့ ဒီပါ့ပါးပြင်ပေါ်သို့ စီးကျလာသည့် ပူနွေးနွေး မျက်ရည်တွေ ။"ငါ ငိုနေခဲ့တာလား "
အိမ်မက်ထဲ ပါဝင်သူတွေကိုလည်း တစ်ခါမှ မမြင်ဖူးသည့်အပြင် အိမ်မက်ထဲက ကြည်နူးဖွယ်အကြောင်းအရာနှင့် ဒီပါ့ မျက်ရည်တွေကလည်း နည်းနည်းလေးသော်မျှ မသက်ဆိုင်။
ဒီပါ သဘောကျသည့် စီနီယာစာရေးသူတစ်ယောက်ကတော့ ပြောပြဖူးသည် ။ စာရေးသူတွေဆီကို သူတို့ဇာတ်ကောင်တွေဟာ တစ်ခါတရံ အလည်လာတတ်ကြပါသည်တဲ့ ။ ထိုသူများက ဒီပါ့ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေများ ဖြစ်နေလောက်မလား တွေးကြည့်တော့ ဒီပါ့ ဝတ္ထုတွေထဲ ထိုခေတ်အခါက ဇာတ်လမ်းပုံစံမျိုး ရေးဖူးတာမျိုး မရှိခဲ့ ။
STAI LEGGENDO
Paranormaleလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR