၁၇ ( Zawgyi _ Unicode )

2.6K 331 18
                                    

Unicode

"ဒီအချိန်​ကြီး
ဟိုဘက်​အိမ်​က ပြန်​လာတာမှလား "

အသက် ၄၀ကျော် အရွယ်ရှိ အမျိုးသမီးကြီးက သူမ၏ သြဇာသံအပြည့်ရှိလှစွာသော အသံဖြင့် မေးသော်လည်း သူမ​အရှေ့က အမျိုးသမီးငယ်လေးက စိတ်လှုပ်ရှားဟန်ပင် မရှိပဲ သူမ၏ ပင်ကိုယ်ပုံစံအတိုင်း အေးအေးဆေးဆေးပင် ရှိလှ၏ ။

"ဟုတ်​ .. မ​တွေ့ရတာကြာလို့ ငယ်​နဲ့ ...

"ငယ်​.. ငယ်​.. ငယ်​. ဒီ ငုဝါငယ်​ပဲ လား "

အမျိုးသမီးငယ်ဆီက ငယ် ဆိုသော နာမည် ထွက်ကျလာသောအခါမှာတော့ တည်ငြိမ်သောပုံစံရှိသည့် အမျိုးသမီးကြီးက လှုပ်လှုပ်ရှားရှားပင် ဖြစ်လာ၏။

"ငယ်​ငယ်​တုန်းက​တော့​ မ​ပြောလိုဘူး
ငုဝါငယ်​ကိုလည်း အမေ့သမီး​အရင်း နောက်​တစ်​ယောက်​လိုပဲ ချစ်​တာမို့လို့ သမီးနဲ့ ရင်းနှီး​စေခဲ့တာ မှန်​တယ်​ ။
ဟိုးငယ်ငယ်​တုန်းက သမီးကပဲ အချိန်​တိုင်း
အဲ့ဒီဘက်​ခြံထဲ​ ရောက်​နေတတ်​တာကိုလည်း​ ဘယ်တုန်းကများ အမေ တားခဲ့ဖူးသလားဟင်​
အခု .. အချိန်​တွေက မတူ​တော့လို့​သာ ဒီလိုစကားမျိုးကို ပြော​နေရတာ
သမီးက အရွယ်​ရောက်​လာပြီ .
ပြီး​တော့ ဟိုဘက်​အိမ်​မှာ သားပျို​လေးတစ်​ယောက်​လည်း ရှိ​နေသေးတယ်​. ပတ်​ဝန်းကျင်​က အခု ဘယ်​လို​ပြော​နေကြပြီလဲ အဲ့ဒါ သိလား "

အမျိုးသမီးကြီးက စကား​တွေ အများကြီး​ပြောပြီး​နောက်​ သူမ၏ သမီးပုံစံကို အကဲခပ်​သလို ထပ်​ကြည့်​လိုက်​ပေမယ့်​ တစ်​စက်​လေးသော်မျှ ပုံစံပြောင်းလဲမသွားခဲ့ ။ ​ခေါင်း​လေးငုံ့ပြီး တိတ်​ဆိတ်​နေသည့် ပုံစံ​လေးဟာ သူမအကြောင်းကို မသိသည့် အခြားသူများသာ မြင်ပါက လိမ္မာလိုက်​တာဟူ၍ ချီးကျူးကြမည်မှာ အမှန်​ဖြစ်​လေသည်​။ သူမကို မွေးထုတ်​ထားသည့် အ​မေ ဖြစ်​သူက​တော့ ဒါကိုသိ၏။ ခေါင်းမာလွန်းသည့် သူမ သမီးဟာ သူမ ဘာပြောပြော ပြောသမျှကိုတော့ နားထောင်ပေးမယ် ပြီးရင် လုပ်ချင်တာလုပ်မယ် ဂရုမစိုက်​ဘူး ဆိုသည့် သဘောသာဖြစ်ကြောင်း ။

"​မေလွန်းရှင်​. ညည်း .
ငါ​ပြောတာ​ရော ကြားရဲ့လား "

မတုန်မလှုပ် ဟန်ပန်ကို အနည်းငယ်​ပင်​ ဒေါသထွက်​လာသဖြင့် သမီး​တွေ​ အ​မေ​တွေ မဟုတ်​တော့ပဲ ညည်း​တွေ ငါ​တွေဖြင့် ဖြစ်​လာသည်​။​မေလွန်းရှင်​ဆိုသည့် အနှီ မိန်းက​လေးကတော့ နဂိုပုံစံအတိုင်း ခပ်​အေး​အေးပင်​ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now