Unicode
"ဒီနေ့ညတော့ အိမ်မက်မမက်ပဲ အိပ်ရရင်ကောင်းမှာပဲ ၊ ဒါမှမဟုတ်ပျော်ရွှင်စရာကောင်းတဲ့ အိမ်မက်လေး ဆိုရင်
ရော "ရေချိုးပြီးနောက် နောက်ဆုံးပေါင်မုန့်လက်ကျန်ဖြင့် ညစာကို ပြီးဆုံးစေရင်း အိမ်မက်ကောင်းလေးမက်ဖို့ကိုသာ အမှန်တကယ် တောင့်တောင့်တတပင် ငြီးငြူလိုက်ရင်း ကုတင်ပေါ်ပစ်လဲချပြီး မျက်စိမှိတ်ထားလိုက်သည်။ ထိုအချိန်ထိ ဒီပါ့အနားက လိပ်ပြာငယ်လေးက ပျံထွက်မသွားသေးဘူးထင်ပါရဲ့ ။ တောင်ပံခပ်သံသဲ့သဲ့လေး နားထဲဝင်လာသည်။ ထို့နောက် ဒီပါ့ မျက်ခွံတွေကလေးလံလာပြီးနောက် အိပ်ပျော်သွားလေတော့၏။
ငုဝါငယ် ။ ငုဝါငယ် ဆိုတာကို သိနိုင်သည့် ခံစားချက်မျိုး နှင့် နောက်ကျောပြင်ကိုသာ မြင်ခဲ့ဖူးသည့် ကောင်မလေးကို သေချာမြင်ရသည် ။ တစ်ယောက်တည်းတော့ မဟုတ် ၊ စုံတွဲထဲမှ အမျိုးသမီးပါ ရှိနေသည် ။
"မမအတွက်. ငယ်သီထားပေးတာ "
စံပါယ်ပန်းကုံးလေးဆိုမှ သာမာန်စံပန်းကုံးလေး
တစ်ခုပါပဲ ။ ဒါပေမယ့် ဘာကို အဲ့ဒီလောက်ထိ ကြည်နူးနေမိသလဲ ဆိုတာ ကိုယ်တိုင်တောင်မဝေခွဲတတ်တော့ ။"မမ လာ .. ငယ်ပန်ပေးမယ်" ဆိုပြီး
ကလစ်လေးနဲ့ ဆံပင်အုံထူထူထက် တယုတယ ပန်ပေးတော့လည်း နှလုံးသားဟာ ခပ်ငြိမ့်ငြိမ့်လှုပ်ရှားမှုနဲ့အတူ ကြည်နူးရပြန်တာပဲ ။"ငယ်ရော မပန်တော့ဘူးလား "
"ပန်းတွေက လှတဲ့သူ ပန်မှ လှတာမမရဲ့
ငယ်က လှမှမလှတာ "ငယ်က မျက်နှာလေးကို ရှုံ့မဲ့လျှက်က ဆိုလာသည် ။ ငယ်က မလှဘူးတဲ့ ။ ဟုတ်တော့လည်း ဟုတ်ပါသည်။ မိန်းမသားးျအအတို့၏ အလှစံချိန်နှင့်တော့ ငယ့်ကို တိုင်းတာ၍မရ။ ငယ်က ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနှင့်
ငယ်ငယ်ကဆော့နေကျ ချစ်စရာကောင်းသည့် ဘိုမရုပ်လေးနဲ့ ပိုတူသေးသည် ။ ပြီးတော့
ငယ့်မှာလည်း ကျောလယ်လောက် ဆံပင်အရှည်ကြီးတွေရှိသည်။ ထူထူထဲထဲမဟုတ်ပဲ ပါးပါးပျော့ပျော့ ဆံပင်ရှည်လေးများကို တွေ့ကရာဖဲကြိုးများဖြင့် ဖြစ်သလို စည်းနှောင်ထားတတ်ပေမယ့် ငယ်က ချစ်စရာကောင်းတာပဲ ဟု ငုဝါငယ်ကို မြင်ရသူတိုင်း တွေးမိကြမည်သာ ။
ANDA SEDANG MEMBACA
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR