4.6K 493 37
                                    

Unicode


နယ်မြို့လေးတစ်မြို့ ဖြစ်သော်ငြား မြို့မျက်နှာဖုံး သူဌေးအိမ်နှစ်အိမ်မှ သားနှင့်သမီး ဂဟေဆက်သည့် ပွဲမို့ မင်္ဂလာဧည့်​ခံပွဲကြီးကလည်း ကြီးကျယ်​ခမ်းနားလှသလို မင်္ဂလာသတို့သမီးကလည်း လွန်​စွာမှ လှပ​နေ​လေသည်​။ လွန်​စွာလှပလွန်း​နေ​ပေမယ့်​ ပြည့်စုံသောသတို့သမီးတစ်​ယောက် ဖြစ်ဖို့ရာ ခုခု​တော့ လို​အပ်နေသေးသလို ခံစားရသည်​။

အပြုံး ။ ဟုတ်​သည်​ ။ သတို့သမီး​တိုင်းမှာ ရှိ​နေသင့်​သည့် အပြုံး​လှလှလေးများက ပျောက်​ဆုံး​နေပြီး ထူးဆန်းစွာပင်​ငြိမ်​သက်​လွန်း​နေ​သည်​"

"မေ .. ကိုယ်နဲ့ လက်ထပ်ရတာ မ​ပျော်​လို့လားဟင်​ .. မျက်​နှာသိပ်​မ​ကောင်းသလိုပဲ "

သတို့သား​လေးမှ ကြင်​နာစွာ​မေးလိုက်​တော့ အမျိုးသမီးလေးက အားယူ၍ ခပ်​ဖွဖွ ပြုံးပြသည်​။

"အ​ပျော်​လွန်​နေတာပါ​အကို ရယ်​" တဲ့ ။

ထို့နောက် သတို့သား၏ လက်မောင်းမှာ လက်ချင်းတွဲချိတ်​ပြီး ခန်းမထဲဝင်​သွား​သည့်အချိန်မှာ မင်္ဂလာခန်းမထဲ ဧည့်ပရိတ်သတ်များထံမှ ချီးကျူးစကားသံ​များ ညံစီလျက် ထွက်ပေါ်လာတော့၏ ။

"အရမ်းလိုက်​ဖက်​တာပဲ "

"နတ်​ဖက်​တဲ့စုံတွဲပဲဗျို့ "

သတို့သားနှင့် သတို့သမီး၏ နေနှင့်လ ၊ ရွှေနှင့်မြကဲ့သို့ လိုက်​ဖက်​မှုအ​ကြောင်း​ ချီးကျူးပြောဆိုမှုတွေချည်းသာ ကြား​နေရသည်​။
​ပျော်​ရွှင်​စရာ မင်္ဂလာရှိသည့် မြင်​ကွင်း​လေး​ကို မြင်နေရပြီး ၊ မင်္ဂလာရှိသော စကားများကို ကြားနေခြင်းဖြစ်သော်လည်း ရင်​ဘတ်​နေရာက တစစ်​စစ်​နာလာသည်​။ ပြီး​တော့ ငိုရှိုက်​နေမိသည်​။ ငိုရှိုက်​နေမိတာမှ သာမာန်​ မဟုတ်​၊နှလုံးသားထဲက အားပြင်းသော တစ်စုံတစ်ခုဆုတ်​ညစ်​ထားသလို နာကျင်​စွာ ငို​နေမိတာမို့ အသက်ရှူရတာပင် ခက်ခဲလာသည် ။

"ဖလပ်​.. ဖလပ်​.. ဖလပ်​"

ပင်ပန်းစွာ ငိုရှိုက်နေဆဲမှာပင် အကောင်လေးတစ်ကောင်၏ တောင်ပံခပ်သံကဲ့သို့ တိုးသဲ့သဲ့​အသံလေးတစ်ခု အကြားအာရုံထဲ ဝင်​ရောက်လာ၏ ။ ဘယ်​အရပ်ကလာသလဲလို့ စူးစမ်း ကြည့်​လိုက်​တော့​ သူမ နံဘေးနားမှာ ကောင်မလေးတစ်ယောက်ကို ကျောပေးလျှက် အနေအထားဖြင့် တွေ့လိုက်ရသည် ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now