၁၂

2.6K 395 28
                                    

Unicode

စတိုခန်း​ပတ်​ပတ်​လည်​ ကြည့်​ရှုပြီးသည်​အထိ . ငယ်​နှင့် ပတ်​သက်​တာဆို၍ ပန်းချီကား​လေးကလွဲပြီး မ​တွေ့ရတာကလည်း ထူးဆန်းသည် ။ ငယ်​မွေးစကတည်းက အမြဲတမ်း​နေခဲ့ဖူးသည့် အိမ်​အ​နေနှင့် ငယ့်​အမှတ်​တရ​လေး​တွေ ရှိ​နေဖို့​ကောင်းသည်​။
ဘာရယ်​တော့မဟုတ်​ ငယ်​အကျဉ်းကျ​နေည့်နေရာ​လေးဟာ ငယ်​ရင်းနှီးသည့် ငယ့်​အရိပ်​အ​ငွေ့​တွေနှင့်ဆို သိပ်ပြီးအထီးကျန်​နေခဲ့မှာ မဟုတ်​ဘူးဟူ၍ ဖြေသာချင်​သည်​။

ဟိုဟိုဒီဒီ​လျှောက်​ကြည့်​နေဆဲမှာပင် ဒီပါ့​နောက်​ကျောဘက်​မှ တစ်​စုံတစ်ယောက်​က စိုက်ကြည့်​နေသလို စိတ်​ထဲ မသိုးမသန့်​ခံစားလာရသည်​။
ပြီး​တော့ အတွင်းစိတ်​ထဲထိ စိမ့်​အေးလာမှု​ကြောင့်​ကြက်​သီးကဖြန်းခနဲ ။လှည့်​ကြည့်​လိုက်​တော့လည်း မည်သူမျှ ရှိမ​နေခဲ့ပါ ။

ထိုတစ်စုံတစ်ယောက်ဟာ ဒီပါ မမြင်နိုင်သည့် ဖြစ္တည်မှုမျိုးလည်း ဖြစ်နိုင်ကြောင်းကို တွေးမိ၏ ။ အန္တရာယ်​ရှိလားလည်း မသိနိုင်​တာမို့ အခန်းထဲကထွက်​ဖို့ ပြင်​လိုက်​တော့ အလုံပိတ်​ထားသည့် စတိုခန်း​လေးထဲ ထူးဆန်းစွာပင် ​လေပြင်းတစ်​ချက်​ဝေ့သွားသလိုမျိုး ဖြစ်​သွားပြီး တံခါးရွက်​ပွတ်​တိုက်​သံတစ်​ခု ကြားလိုက်​ရသည်​။

"ကျွီ~~~"

အသံလာရာက ဒီပါဝင်​ခဲ့သည့် ဝင်ပေါက်၊ ထွက်ပေါက် ရှိရာ တံခါး​ပေါက်​ဆီကမဟုတ်​ပေ။ စတိုခန်း၏ ဖွဲ့စည်းပုံမှာ ​ဘေးဘက်​နံရံ ဖြစ်​လေသည်​။ တံခါးရွက်တွေ ပွတ်ဆွဲဖို့ရာအတွက် ပြတင်း​ပေါက်​ဆိုတာလေးတောင် ရှိမနေပါ ။

​သေချာ​လေး အာရုံစိုက်​ပြီး ကြည့်​မိလိုက်​တော့ ပန်းချီကားချပ်​နှင့် ထောက်​တိုင်​မှီထားသည့်နောက် နံရံက တံခါးချပ်​တစ်​ခုလိုပုံစံ​လေး ဖြစ်​နေတာကို တွေ့လိုက်​ရသည်​။

အဲ့ဒါဟာ ဒီအတိုင်း ပုံစံဆွဲထားတာမျိုးလား။ ဒါမှမဟုတ် တကယ်တံခါးချပ်သာဆိုလျှင် တခြားဘက်ခြမ်းမှာ ဘာတွေများရှိ​နေလောက်မလဲ ။

စိတ်​ဝင်​တစားဖြင့် တိုးကပ်​သွားစဉ်​သွားမှာပင် ဒီပါ့ မျက်​လုံး​ထောင့်​စွန်းနားအမြင်အာရုံလေးကနေ ရိပ်​ခနဲ လှုပ်ရှားတစ်ခုကို မြင်​လိုက်​ရတာမို့ နောက်ပြန်လှည့်​လိုက်​ဖို့ ပြင်​လိုက်​ပေမယ့်​ အချိန်မမှီလိုက် ။ ဒီပါ့ ခါးဆီကို တင်းကျပ်​စွာ ချုပ်​နှောင်​လာသည့် လက်​တစ်​စုံ ။ ပြီး​တော့ နားစည်​အထိ လာရိုက်​သည့်လေသံတိုးတိုး​လေး

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now