၁၆

2.7K 372 17
                                    

Unicode

ဘာဆိုဘာမှ မမြင်​ရသည့် အနက်​ရောင်​မြူ​ငွေ့​တွေကြားမှာ ဒီပါ က စက္ကူရွက်​လေးလို​ ပေါ့​ပါးလွန်းစွာ လွင့်​ချင်​တိုင်း လွင့်​နေ၏။ ​အေးစက်​စက်​အထိအ​တွေ့နှင့် မှောင်​ပိတ်​နေသည့် ထို
​နေရာကျဉ်း​လေးထဲမှာ မဟုတ်​တော့ဘူး ဆိုတာကို​တော့ ဒီပါ ရိပ်​မိသည်​။ သို့သော် အခု ဒီပါဟာ အသက်ရှိနေသေးသလား ၊ ဒါမှမဟုတ် သေဆုံးခဲ့ပြီလားဆိုတာကိုတော့ မသိ ။

လွင့်​ချင်​တိုင်း လွင့်​နေသည့် ခန္ဓာကိုယ်​လေးဟာ တကယ့်ခန္ဓာ အစစ်​မဟုတ်​ခဲ့ရင်​ ဒီပါ့ တကယ့်​ခန္ဓာကိုယ်​က ထိုခေါင်းတလားကြီးထဲမှာ ​အေးစက်​စက်​အထီးကျန်​လွန်းစွာ တည်​ရှိ​နေဆဲ ဖြစ်မှာပင် ။

"အား .. "

တွေးကြည့်နေရင်း မြူကဲ့သို့ အမှောင်ထုက ပိုပြီး ပိန်းပိတ်လာသလို ခံစားရသဖြင့် မျက်​လုံးကို စုံမှိတ်​ချလိုက်​ပြန်ရင်း လွင့်​ချင်​ရာ လွင့်​ပါ​စေ​တော့ရယ်​လို့ စိတ်​ကို လွှတ်​ချလိုက်​သည်​။ ထိုအခါမှ ပေါ့ပါး​နေသည့် ခန္ဓာကိုယ်​လေးဟာ ​ခြေဦးတည့်​ရာအတိုင်း လွှင့်သွားတော့၏ ။

တည်နေရာမသိ ၊ဘာအထိအ​တွေ့မှမရှိ လွင့်​ချင်​တိုင်း လွင့်​နေပြီးမှ တစ်​နေရာအ​ရောက်​မှာတော့ သူ့အလိုလို ရပ်​တန့်​သွားတော့၏။

ဒီပါ ရပ်​တန့်လို့ရမယ့်​နေရာ​ရောက်​ပြီထင်​ပါရဲ့ ။

အမြင်အာရုံကို ဖြည်းညင်းစွာ ဖွင့်​ကြည့်​လိုက်​တော့ မျက်​လုံးအစုံက ပြူးကျယ်​သွားရသည်​။

"ဘာလို့ . ဒီ​နေရာမှာပဲလဲ "

အကြာကြီး လွင့်​မျောလာခဲ့ပြ အ​ဝေးကြီး​ကိုရောက်​နေလောက်​ပြီဟု ထင်​ခဲ့မိ​ပေမယ့်​ ဒီပါ အခု​ရောက်​နေသည့်နေရာက သစ်​တောအုပ်​သေး​သေး​လေးလို ဖြစ်​နေသည့် ခြံဝင်းကျယ်​ကြီးနှင့် နှစ်ထပ်အိမ်ကြီးရယ်​ ၊ ပြီးတော့ သစ်​သား တံတားအတို​လေးနှင့် စမ်း​ချောင်း​လေးတစ်ခု ။ တစ်စုံတစ်ခုကို အတည်ပြုဖို့ရာအတွက် နေရာတစ်ခုသို့ ကြည့်​လိုက်​တော့
ခြံအ​နောက်​ဘက်​မှာ ဝါထိန်​အောင်​အပြိုင်​ပွင့်​နေကြသည့် ပိတောက်​ နှင့် ငုဝါပင်​ကြီး နှစ်​ပင်​ကို တွေ့ရ၏ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now