၂၀

2.5K 350 23
                                    

Unicode

" ငယ်
ရော့ .. ငယ်သိပ်ကြိုက်တဲ့
ကြက်အသည်းအမြစ် "

နေ့လည်စာ ထမင်းဝိုင်းတွင် ဖြစ်သည် ။ ငယ့် ပန်းကန်ထဲကို ပထမဆုံးရောက်လာသည့် ကြက်အသည်းဖတ်လေးကို တလှည့် ၊ ဟင်းခပ်ထည့်ပေးလိုကိသော မမ ကို တလှည့် ကြည့်ရင်း နေရခက်လာ၏ ။ စိတ်ထင်၍လား မသိ ။ ငယ့်ကိုကြီးမျက်နှာကို မရဲတရဲ ခိုးကြည့်မိလိုက်တော့ အတန်ငယ် ပျက်ယွင်းသွားသလိုပင် ထိုအချိန်ဟာ စက္ကန့်ပိုင်းလောက်သာ ကြာရှည်ခဲ့ပြီး ခပ်မြန်မြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည် ။

" မေ ကတော့နော်
သူ့ယောင်းမလေးကို ယောက်ျားထက်တောင်
ဂရုစိုက်သေးတယ် . ဟား ဟား ငယ်လေး ကံကောင်းတာပေါ့ ဟုတ်လား ။ ငယ်လေး. ကိုကြီး ကို ကျေးဇူးတင်ရမယ် ငယ့်ကို သိပ်ချစ်တဲ့ မရီးကို အပါယူထားနိုင်လို့လေ ။ "

ရယ်ရယ်မောဖြင့်ပင် စနောက်နေသော ကိုကြီးပုံစံကို မြင်သောအထာ ငယ့်စိတ်က ပိုပြီး မလုံမလဲ ဖြစ်လာသည္ ။ ဘာအတွက် မလုံမလဲ ဖြစ်ရမလဲဆိုတာ သေချာမသိပေမဲ့ငယ်ဟာ ထိုကဲ့သို့ ဆက်တိုက် ခံစားနေရခြင်းက လျော့မလာထဲ့ ။

မမဆီက သိသိသာသာ ဂရုစိုက်တာမျိုးက
ဒီနေ့မှလားဆိုတော့မဟုတ်ပြန် နေ့စဥ်နေ့တိုင်းလိုပင် ။ ပြီးတော့ ဒီလိုပဲလား ဆိုတော့ မဟုတ်ပြန် ။မမ ဟာ ငယ်ထွက်ပြေးချင်သလောက်ကိုပဲ တွယ်ကပ်နိုင်လွန်း၏ ။

မနက် မိုးလင်းတာနှင့် မမ က ငယ့်ဆီရောက်လာတတ်ပြီး " ငယ် ထတော့ .. မိုးလင်းနေပြီ " ဆိုတာကတမျိုး

တစ်ခါတလေ ကိုကြီး အလုပ်သွားပြီးနေပေမဲ့
မမ က ငယ်နှင့်အတူ မနက်စာအတူစားဖို့ စောင့်နေတတ်တာမျိုး ။

ည အိပ်ယာဝင်ချိန်ဆိုလည်း ညနက်သည်အထိ ငယ့်အခန်းထဲမှာပင် ။ ငယ် စာဖတ်တာကို စောင့်ကြည့်ရင်ကြည့်တာမျိုး ။ ဒါမှမဟုတ် ငယ် နှင့် ထွေရာလေးပါ စကားစမြည် ရှာကြံပြောနေတတ်တာမျိုးတွေ ။

အစမှာတော့ ထိုကဲ့သို့ စိတ်ကူးယဥ်ခဲ့ဖူးသည့် ငဟ်ဟာ ကလေးစိတ်ဖြင့် ပျော်နေခဲ့ပေမဲ့ ကြာလာတော့ မွန်းကြပ်လာသည် ။ ကိုကြီးကြောင့်လည်း ဖြစ်မည် ။ ငယ့်ကိုကြီးဟာ ယခင်ကအတိုင်း ငယ့်ကိုချစ်မြဲချစ်ဆဲ ဖြစ်သော်လည်း တစ်ခါတရံမှာတော့ မှိုင်တွေနေတတ်၏ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now