U icode
"ဟင်
ဒီပါ အခု ဘာလုပ်လိုက်တာလဲ "အချိန်အတော်ကြာ ငြိမ်သက်နေပြီးမှ ငယ်ဟာ အလန့်တကြား ။
"ငယ့်ကို နမ်းလိုက်တာ"
အစမှာ ငယ်ဟာ ရှက်ရဲရဲ ။ ထို့နောက် နမ်းလိုက်တာ ဟူသော စကားလုံးကို ခပ်တိုးတိုး ရေရွတ်ပြီး တစ်ခုခုကို တွေးတောနေပြန်၏ ။ ငယ့်ဆီက ပေါက်တတ်ကရ အတွေးတွေ ထွက်မလာခင် တစ်ခုခုကို ပြောမှဖြစ်မည်ဟု တွေးမိသော်လည်း တကယ်တမ်းကျ ငယ့်ဆီက အတွေးကိုသာ အရင်ကြားခဲ့ရ၏။
"ငယ်လေ ဒီပါက ငယ့်ကို နမ်းလိုက်တဲ့ပုံစံမျိုးကို ငယ်ငယ်က အင်္ဂလိပ်ရုပ်ရှင်ကားတွေမှာ ကြည့်ဖူးတယ် ။ မမက ကလေးတွေ မကြည့်ရဘူးလို့ ပြောပေမယ့် ငယ်ကတော့ လက်ချောင်းကြားထဲက ခိုးကြည့်ဖူးတော့ သိတာပဲ ။ ဒါပေမယ့် ငယ်သိထားတာ အဲ့ဒါကယောက်ျားလေးနဲ့ မိန်းကလေးပဲ လုပ်လို့ရတာမှလား ။ ခုက ငယ်နဲ့ ဒီပါက မိန်းကလေးချင်းလေ "
ကြားကြားချင်းမှာ ငယ်ဟာ ထိုအတွေးကို ပေါက်တတ်ကရ တွေးတတ်လေခြင်းဟု တွေစမိသော်လည်း သေချာစဥ်းစားကြည့်တော့ ငယ်ဟာ အမှန်တကယ် အဲ့လိုပဲတွေးမိတာလည်း ဖြစ်နိုင်သည် ။ ကလေးတွေမကြည့်ရတဲ့ ထိုရုပ်ရှင်ကို ငယ်ခိုးကြည့်ခဲ့တဲ့ အချိန်က လိင်တူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေအကြောင်း ရုပ်ရှင်တွေ ၊စာပေတွေ တွင်ကျယ်ခဲ့မှာ မဟုတ်တာလည်းသေချာပါသည်။ ထိုခေတ်က လိင်တူချစ်သူတွေတောင် မဖြစ်နိုင်ဘူးလို့တွေးပြီး
တစ်သက်လုံး ချုပ်တည်းနေသွားထိုင်သွားရသူတွေ များသည်။ ချစ်ခြင်းတရားကို ဖွင့်ပြောခွင့်မရတာဟာ စိတ်တွေကို ဘယ်လောက် အကျဉ်းကျနေစေခဲ့မလဲ နားလည်ကြည့်ဖို့ ကြိုးစားရုံနှင့်ပင် မွန်းကျပ်လာသလို ခံစားရ၏။အခုလို ပွင့်လင်းမြင်သာ ခေတ်မှာတောင်လိင်တူချစ်သူတွေကို လွတ်လပ်ခွင့်ပေးပြီး နားလည်ပေးလာကြတာ မကြာသေး ။ ဒါတောင်ခက်ခက်ခဲခဲ ကြိုးစားယူထားရတာ ဖြစ်သည်
လိင်တူချစ်သူတွေရဲ့ ချစ်ခြင်းတရားတွေဟာလည်း သာမာန်ဖြစ်ကြောင်းကို နူးညံ့စွာ ၊ လက်ခံနိုင်ချင်စရာ ပုံဖော်ထားကြသည့် စာပေတွေ ၊ ရုပ်ရှင်တွေကနေတဆင့် လူထုကြားထဲ မြင်သာအောင် ပြသခဲ့ကြတာမို့သာ။
ESTÁS LEYENDO
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR