Unicode
"ဒီပါ "
"အင်း .. ငယ် ပြောလေ "
"ဟိုလေ "
စတိုခန်းသစ်လုံးအိမ်လေးထဲကနေ ထွက်လာပြီးနောက် ဒီပါ စိတ်ကူးရမိတာက ဒီအိမ်ကြီးကိုရောက်လာပြီးနောက်ပိုင်း အတွေ့အကြုံများကို မှတ်စုစာအုပ်ထဲ ရေးမှတ်ထားဖို့သာ ဖြစ်သည်။ စာကြည့်စားပွဲမှာ သေသေချာချာနေရာယူပြီးနောက်မှာ အိပ်နေပြီဟုထင်ရသော ငယ်က ရုတ်တရက်ထလာပြီး တွန့်ဆုတ်ဆုတ်ရှိလှသော စကားကို အစပျိုးလာ၏။
"ငယ်. ဘာပြောမလို့လဲပြောလေ "
"ဟိုလေ . အင်း . ဟိုဟာလေ "
ငယ်ဘာပြောမလဲလို့ တိတ်တဆိတ်နေပေးလိုက်ပေမယ့် အတန်ကြာသည်အထိ ငယ့်ဆီက ဘာစကားမှ ထွက်မလာတာမို့ နှောင့်ယှက်ရုံသက်သက်ပဲဟုထင်ကာ စာပြန်ရေးဖို့ လှည့်လိုက်တော့လည်း မဟုတ်ပြန်။
"နေ့လည်က ဒီပါ ပြတဲ့ ဇာတ်ကားတွေလေ
အဲ့ဒါ ထပ်ပြ ပါလားဟင်"ငယ်ဟာ ဘယ်တုန်းကမှ အသိမပေးပဲတိုက်ခတ်တတ်သည့် မုန်တိုင်းအသေးစားနှင့် သဘာဝတူ၏ ။
"ဗုဒ္ဓေါ "
"ဘာဖြစ်လို့လဲ . ဒီပါရဲ့
အဲ့ဒါတွေက အသက်မပြည့်ရင် မကြည့်ရဘူးလားဟင် ၊ ဒါပေမယ့် ငယ် အသက်ပြည့်ပြီးပြီရယ် "မကြည့်စေချင်တာတော့ ဘယ်ဟုတ်ပါ့မလဲ ။ ဒီပါ့ဆီ ရှိနေတဲ့ ရုပ်ရှင်တွေက အိတ်တင်းပလပ်မပါသည့် ဇာတ်ကားရယ်လို့ မရှိ။ ထို ဇာတ်ကားကို တခြားသူများကို မပြနိုင်တာတော့ မဟုတ်ပေ ။ ငယ့်ကိုမို့သာ ၊ ငယ်ဖြစ်နေတာကြောင့်သာ စဥ်းစားရ၏ ။
အိမ်အကြီးကြီးတစ်အိမ်လုံးမှာ ဒီပါ က ငယ်နှင့် နှစ်ယောက်တည်းရှိနေ၏ ။ ချစ်နေရသူနှင့် အိပ်ခန်းတစ်ခန်းထဲ အတူရှိနေချိန် ရုပ်ရှင်ကြည့်နေရင်း ထို ရိုမန့်တစ်ဇာတ်ဝင်ခန်းများ ရုတ်တရက်ပေါ်လာခဲ့သော် ဟုတွေးပြီး အာခေါင်များပင်ခြောက်လာသဖြင့် တံတွေးမြိုချလိုက်ရ၏ ။
"ငယ်က ဘာလို့ကြည့်ချင်တာလဲဟင်"
ငယ်က မသိတတ်ရန်ကောဟူသည့် အကြည့်ဖြင့် ကြည့်လာ၏ ။
YOU ARE READING
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR