Unicode
ဘာလို့ အဲ့ဒါကို စိတ်ထဲမှာပဲ သိမ်းမထားပဲ ထုတ်ပြောလိုက်မိတာလဲ ။ ငယ့်ဆီက ပြန်လာမည့် အဖြေမရှိပဲ တိတ်ဆိတ်သွားသည့် အခြေအနေကို သဘောမကျစွာ စိတ်ထဲက ငြီးတွားလိုက်မိသည်။ စိတ်ပျက်လက်ပျက်နှင့်ပင် နှစ်ယောက်သား တိတ်ဆိတ်စွာ လေးတိလေးကန်လျှောက်လာနေရင်းက ပျောက်ကွယ်စ မြူမှုန်တွေကြားထဲ ဈေးတန်းလေးကို ဝါးတားတား
မြင်လိုက်ရသည်။ ပိုပြ နီးလာသည့်အချိန်မှာတော့ စျေးလေးက ထင်ရှားစွာ ပုံပေါ်လာ၏။ဒီပါ မြင်ဖူးနေကျ မြို့ပြဈေးနှင့်တော့ မတူ။ ကြီးမားသော စျေးအဆောက်အအုံကြီး မရှိ ။ အသီးအရွက်တွေ ၊ အသားငါးတွေ ၊ ရိုးရာမုန့်တွေကို တနိုင်တပိုင်ခင်းကျင်းထားသည့် နယ်မြို့လေး၏ ဈေးတန်းလေးက ရိုးရှင်းစွာ လှပလို့နေသည်။ဝယ်သူတွေကလည်း ၊ ဝါးခြင်းတောင်းလေးတွေကိုယ်စီကိုင်လာကြပြီး ၊ ဝါးခမောက်လေးတွေဆောင်းလို့ မနက်စာအမှီတောင်ယာမှီအောင် သုတ်သုတ်ပျာပျာ ဝယ်နေကြတာမို့ အချင်းချင်း နှုတ်ဆက်သံမှလွဲ၍ ဈေးတန်းလေးဟာ စျေးနှင့်တူအောင် သိပ်ကြီးဆူညံမနေခဲ့ပါ ။
"ငယ်.ဈေးရောက်ပြီ "
"တွေ့သားပဲ .. အရင်အတိုင်းပဲ
ဈေးတန်းနေရာက အခုထိမပြောင်းသေးဘူးပဲ . အဟိ "မကြာခင်ကမှ ညိုမှိုင်းမှိုင်းမျက်နှာလေးက ချက်ချင်းပင် ဝင်းလက်သွားပြန်ကာ ထုံးစံအတိုင်း ဒီပါ့ အရှေ့ကနေ ဂါဝန်စလေး လွှားလွှား လွှားလွှားဖြင့် ခုန်ပေါက်ပြီး လူတွေကြားထဲ ပြေးလွှား သွားနေပြန်သည်။ စိတ်ထိခိုက်လွယ် ၊ ပျော်ရွှင်မြူးထူးလွယ်တဲ့ငယ်ဟာ အမြဲတမ်း ဒီလိုလေး.ပျော်ရွှင်နေရရင်သိပ်ကောင်းမှာပါပဲ ။
"ဒီပါ . လာလေမြန်မြန်
နှေးလိုက်တာ တကယ်ပဲ ""အင်း .. လာပြီ"
ငယ့်ကို သဘောကျစွာငေးရင်း ခပ်မှန်မှန်လေး
လျှောက်လာနေတဲ့ သူ့ကို ငယ်က စိတ်မရှည်စွာ
လက်ယပ်ခေါ်သည်။ လက်ဆွဲပြီး လာခေါ်ရင်တော့ ပိုကောင်းမှာပေါ့ဟူ၍ စိတ်ထဲ ခပ်ရွှတ်ရွှတ်တွေးလိုက်ပေမယ့်.တကယ်တမ်းကျတော့ ငယ်ပျော်နေတာကို သဘောကျတာမို့ ငယ် ပြေးလွှား ခုန်ပေါက်နေရာ နောက်ကိုသာ ခြေလှမ်းမှီရုံ လိုက်နေဖြစ်သည် ။
YOU ARE READING
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR