၂၁

2.7K 340 10
                                    


Unicode

"ငုဝါငယ် !!"

မေမေက ကျေနပ်စွာ ပြုံးနေသလောက်
မမ က ငယ့်နာမည်အပြည့်အစုံကို အသံမာမာဖြင့် ခေါ်လာသဖြင့် မမ၏ ဒေါသအခြေအနေကို ခန့်မှန်း၍ရသော်လည်း မသိဟန်ဆောင်ပြုကာ နေရာကနေထွက်လာခဲ့သည် ။ နောက်ကနေ မမ ပြေးလိုက်လာသံကိုလည်း ကြားသည်။

" မေလွန်းရှင် ..  သမီး မပြေးနဲ့လေ ချော်လဲနေမှဖြင့်ကွယ် ။ ကိုယ်ဝန်က လ ရင့်နေပြီ ငုဝါငယ် စောင့်လိုက်အုံး "

မမဆီက ထွက်ပြေးဖို့ ဘယ်လိုမှ မတတ်သာတော့သည့် အဆုံးမှာမှ ငယ့်ခြေလှမ်းတွေကို ခြေစုံရပ်လိုက်ပြီးနောက် စိတ်ရှုပ်စွာမေးမိ၏။

" မမ က ငယ့်ကို ဘာဖြစ်စေချင်နေတာလဲ "

မမ က ခနလောက် တိတ်ဆိတ်နေသည်။  မမဆီက အသက်ပြင်းပြင်းရှူနေသံတွေပါ ကြားနေသဖြင့် မမ မောဟိုက်နေသလား စိတ်ပူသွားပြန်၏။

" မမ လာ .. "

အိမ်ပေါ်တက်မဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး အိမ်အောက်ထပ် ဧည့်ခန်းကနေ ခြံဝင်းထဲအထိ မမ လက်ကိုတွဲပြီး ဖြေးဖြေးချင်း လျှောက်လာခဲ့သည် ။ နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ကြ။ လေတဖြူးဖြူး တိုက်ခတ်နေသည့် ခြံဝင်းထဲမှာ ယခုကဲ့သို့ အေးအေးလူလူ လမ်းမလျှောက်ဖြစ်ကြတာ
ကြာနေပြီမို့ အမှတ်တရတွေကို တွေးမိကာ တိတ်ဆိတ်နေဖြစ်ကြခြင်းပင်။

ဒီနေရာလေးဟာ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါ။ ခံစားချက်တွေသာ ပြောင်းလဲနေခဲ့တာ။ ငုဝါပင်ကြီးအောက်က ခုံတန်းလေးမှာ ဝင်ထိုင်ဖြစ်ကြသည်အထိ စကားတစ်ခွန်းမှ မဆိုမိ။ ဆိုစရာစကားလည်း ရှိမနေ။

တိတ်ဆိတ်လွန်း အခြေအနေကို မမကပင် စတင်ဖြိုခွင်းလိုက်၏ ။

"အဲ့ဒီလူကို လက်မထပ်လို့ မရဘူးလား ငယ်"

ဆိုးသွမ်းချင်နေသောစိတ်ကလေးက လှုပ်နိုးလာခဲ့၏ ။ 

"မမ တောင် ငယ့်ကိုကြီးကို လက်ထပ်ခဲ့သေးတာပဲလေ ၊ ငယ်လည်း လက်ထပ်ရမှာပေါ့"

မမ က ခေါင်းကို ဖြေးလေးစွာ ခါယမ်းရင်း ဆိုလာ၏ ။

"အဲ့ဒီနှစ်ခုက မတူဘူးလေ ငယ်ရယ်
ငယ့် ကိုကြီးကို မမ လက်ထပ်လိုက်တာက
ငယ် နဲ့ ဝေးမသွားဖို့ ၊ ငယ်နဲ့ ပိုပြီး နီးစပ်ခါချင်လို့ ၊ အခု ငယ်က အဲ့ဒီလူနဲ့ လက်ထပ်လိုက်ရင် ငယ်က အဲ့ဒီလူ နေတဲ့ မြို့ကအိမ်ကို လိုက်သွားရမှာ အရင်တစ်ခါကတည်းက မမ ပြောခဲ့ပြီးပါရောလား ငယ်မရှိတဲ့ မြို့မှာ မနေနိုင်ပါဘူးဆိုတာလေ ၊ ငယ်မရှိတော့တဲ့ ဒီအိမ်ကြီးမှာလည်း မမ နေတတ်မှာ မဟုတ်ဘူး "

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now