၂၅

4.5K 382 3
                                    

Unicode


အဖြစ်အပျက်အားလုံးဟာ ဒီပါ့ မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားရုံသာမက ငယ့် ဒိုင်ယာရီစာအုပ်ကို ဖတ်နေရသလို ခံစားနေရတာမို့ အဖြစ်အပျက်အားလုံး ပြီးဆုံးသွားချိန်မှာတော့ ရင်ဘတ်နေရာက စူးအောင့်လာပုံက သေခြင်းတရားဆိုသည်ထက် နာကျင်ရလောက်၏ ။
နေရာမှာသာ တစ်ခါသည်း သေလိုက်ပါတော့ရယ်လို့ ဆုတောင်းနေမိသည်အထိ ဆက်တ်ိုက်ဆက်တိုက် နာကျင်လာမှုက ပိုပိုပြီး ဆိုးလာသည် ။

သေလိုက်ဖို့ကလည်း ဒီပါဟာ အခု သေဆုံးပြီးသား ဝိညာဥ်အဖြစ် ဒီဇာတ်လမ်းထဲ လွှင့်မြောလာတာ မဟုတ်ဘူးလား ။ သေနေပြီးသားဆိုလျှင်တောင်မှ မျှောလွှင့်နေဆဲ ပါးပါးလျလျ စိတ်ဝိညာဉ်လေးကိုပင် ပျောက်ကွယ်သွားစေချင်မိ၏ ။

"ဒီပါ ... ပြန်လာခဲ့ပါတော့ .. "

"ဒီပါ သေသွားလိမ့်မယ် .. အခုပဲ ပြန်လာခဲ့ပါတော့ "

ငယ့်အသံကို ငိုသံတစ်ဝက်ဖြင့် ဟိုးအ​ဝေးကြီးက လွင့်​လာသလို ကြားနေရသည် ။ ဒါပေမယ့် ငယ့်ကို မြင်မနေရ ။ မြင်မြင်သမျှက အမှောင်ထုကြီးသာ ဖြစ်ပြီး နေရာကနေ တစ်စက်လေးမှတောင် လှုပ်မရ ။

ထိုစဉ်မှာပင် အမှောင်ဖုံးနေသော မြူထုကြီးက ရုတ်တရက်ဆိုသလို အဖြူရောင်အမှုံလေးတွေအဖြစ်သို့ ပြောင်းလဲသွားသည် ။ အနည်းငယ် လှုပ်ရှား၍လည်း ရလာတာမို့ ဒီပါ နေရာကနေ
ထွက်သွားဖို့ ပြင်လိုက်သည် ။

"ဟေ့ .. မင်း စဉ်းစားဖို့ ပြောပြမယ် "

ဒီတစ်လျှောက်လုံး ကြားလာခဲ့ရသည့် အမည်မသိသူ၏ ကျောချမ်းဖွယ်ရာ လေသံအေးစက်စက်ကြီးက ဒီပါ့ နားထဲ တိုးဝင်လာသည် ။

"ဘယ်သူလဲ"

"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး
မင်း လုပ်ရမှာက ရွေးချယ်ဖို့ပဲ ၊
ငုဝါငယ် လား ၊ မင်းလား
ဒီနေရာမှာ ပိတ်မိခံဖို့အတွက် အရင်အတိုင်း ငုဝါငယ်ပဲလား ၊ ဒါမှမဟုတ် မင်းပဲ အစားနေပေးလိုက်မလား ရွေးချယ်ကြည့်လေ " 

ဒီပါ ငြိမ်ကျသွားတာ မြင်တော့ ထိုအမည်မသိ အသံပိုင်ရှင်က အေးစက်စက်ရယ်သည်။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Donde viven las historias. Descúbrelo ahora