3.8K 507 37
                                    

Unicode



လိပ်​ပြာငယ်​လေးက ညအိပ်​ချိန်​ရောက်​တိုင်း ပြတင်းပေါက်မှတဆင့် အိမ်​ထဲသို့ ဝင်​လာမြဲ ဖြစ်​ပေမဲ့ ဒီပါ က​တော့ အရင်​နေ့တွေကလို အိမ်​မက်​မျိုး​တွေ ထပ်​မက်​တာမျိုး မရှိ​တော့ပါ ။ မှတ်မှတ်ရရ ထိုအိမ်မက်သည်သာ နောက်ဆုံးအကြိမ် ဖြစ်ခဲ့၏ ။

ပိုထူးဆန်းသည်က.. ဒီပါကိုယ်​တိုင်​ စိတ်ရှုပ်ခဲ့ရသည့် ထိုအိမ်မက်ကို ထပ်ပြီးမြင်မက်တာမျိုး မရှိ​တော့သည့်အခါ လွမ်းဆွတ်တတ်လာသည် ။

တစ်​ည ပြီးတော့ နှစ်​ည ၊ သုံးည

အိမ်​မက်​တွေ ထပ်မမက်​တော့ပဲ အိပ်​ရသဖြင့်သက်​တောင့်သက်သာရှိလိုက်​တာဟု ရံဖန်ရံခါတွေးမိ​ပေမယ့်​ သုံးည​မြောက်​မှာတော့ တစ်​မျိုး​လေး ဖြစ်​လာသည်​။

ငါးည​မြောက်​မှာ​တော့ ထို အိမ်​မက်​တွေကို လွမ်းစပြုလာပြီ ။

အိမ်​မက်​တွေကို လွမ်းတာတင်လား ဆို​တော့မဟုတ်​ပြန် ။ အိမ်​မက်​ထဲမှာ​တွေ့ရတ်သည့်
ပါး​ဖောင်း​ဖောင်း မျက်​လုံးဝိုင်းဝိုင်း နဲ့​ကောင်​မ​လေးငယ်​လေးကို​တွေ့ချင်​နေမိတတ်​တာက ပိုသည်​။

ငုဝါငယ်​.
ထိုကောင်​မ​လေးငယ်​၏ ပုံရိပ်​တွေက ဒီပါ့ အာရုံထဲမှာ ထင်​ထင်​ရှားရှား အမြဲတမ်း​ပေါ်လာ​နေတတ်၏။

ဘာလို့ လွမ်း​နေမိတာလဲဆိုတာ ကိုယ့်​ဘာသာ နားလည်​သလိုလို​တော့ ရှိ​ပေမယ့်​ အဲ့ဒါ ဒီပါက ရူးသွပ်​လွန်းတာ မဟုတ်​ဘူးလား ။ အပြင်​မှာတောင် မ​တွေ့ဖူးတဲ့ ၊ တကယ် ရှိခဲ့သလားဆိုတာတောင် မသိရတဲ့ အိမ်​မက်​ထဲက လူတစ်​ယောက်ကို လွမ်းမိ​နေတာက​လေ ။

"ဘာလို့ အိမ်​မက်​တွေ ဆက်​မမက်​တော့တာလဲဟင်​ .. နင်​သိလား .. အဲ့ဒါ "

လိပ်​ပြာငယ်​လေးကို​မေးကြည့်​မိ​ပေမဲ့ ပြန်​ပြောနိုင်​တာမဟုတ်​လို့ ဘာမှ​တော့ ထူးမလာပါ ။ လိပ်ပြာငယ်လေးက သူနေနေကျအတိုင်း ငြိမ်သက်စွာရှိနေတတ်၏ ။

ရူးသွပ်​လွန်းလိုက်တာဟု တွေးမိရင်းကပင် ဒီပါ့ မှတ်ဥာဏ်ထဲက ထိုကောင်​မ​လေး၏ ပုံရိပ်​တွေကို အတတ်​နိုင်​ဆုံး စုစည်းပြီး ပုံတူပန်းချီကားဆွဲဖို့ ကြိုးစားမိ​နေပြန်၏။ ဘယ်​လောက်​ပဲ စိတ်​စုစည်းပြီး ပုံ​ဖော်​ဖော် ကားချပ်ပေါ်ရှိ ပုံရိပ်က ပြတ်​ပြတ်​ထင်​ထင်​ထွက်​မလာ​ခဲ့ပါ ။ ဒီပါ့ အာရုံထဲက သူမ ပုံစံ​လေးက ထင်​ထင်​ရှားရှား ရှိနေပါလျက်​နှင့် ဒီလိုမျိုး ပုံတူဆွဲလို့မရသည့် အ​ခြေအ​နေကို စိတ်​တိုမိသည်။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now