၁၉

2.4K 383 17
                                    

Unicode

မြန်မာထိုင်မသိမ်း အဝါနုရောင်လေးနှင့် ငယ့်မမ ဟာ သိပ်ကိုလှလွန်းနေသည် ။ ငယ့်ကိုကြီးကရော ဘာထူးသေးလဲ ။ ကြည့်ကောင်းလှသော ရုပ်ရည်နှင့် အရပ်အမောင်းဟာ ငယ့်မမနှင့် လိုက်ဖက်လွန်းလှသည်ပင် ။ 

မင်္ဂလာပွဲသို့ လာကြသူ အများစုကလည်း စိတ်ရင်းထဲကပင် လှိုက်လှိုက်လှဲလှဲ ချီးကျူးနေကြသည်။ နေနှင့်လ ၊ ရွှေနှင့်မြ ဟာ ငယ့်ကိုကြီးနှင့် မမ လောက် လိုက်ဖက်ပါ့မလား ဟု ငယ်ကိုယ်တိုင်ပင် စိတ်ထဲက မသက်မသာတွေးမိ၏။

တစ်ခုသာ ။
အသစ်စက်စက်သတို့သမီးလေးဖြစ်တဲ့ ငယ့်မမဟာ ပြုံးနေသင့်သည်။ ပြုံးနေဖို့ မဆိုထားနှင့် မမမျက်နှာက ခံစားချက်များပင် ပျောက်ဆုံးနေသလိုပင် ။ မျက်ဝန်းလှလှလေးများကတော့ အငြိမ်မနေပဲ မင်္ဂလာခန်းမထဲ ဝေ့ဝဲနေကာ တစ်စုံတစ်ခုကို အပူတပြင်း ရှာဖွေနေ၏ ။

မမ မျက်ဝန်း၏ ရွေ့လျားရာအတိုင်း ဂရုတစိုက်ပြီး လိုက်ပြီးကြည့်နေဖြစ်တော့ ကြည့်နေရင်းက အကြည့်ချင်းဆုံသွားသည် ။

မမ တစ်ချက်ပြုံးလိုက်သည် ။
ဟုတ်ပါရဲ့ အခုမှပဲ သတို့သမီးလေးဟာ အပြုံးလေးနှင့် ပြည့်စုံသွားတော့၏ ။ မရည်ရွယ်လိုက်ပါပဲ ငယ် တောင် ပြုံးမိသွားသည် ။ မမဘေးက ကိုကြီးနေရာတွင် ငယ်ရောက်နေခဲ့ပုံစိတ်ကူးထဲ ဖျတ်ခနဲ ဝင်လာသော ပုံရိပ်ကိုတော့ လစ်လျူရှုထားလိုက်ရ၏ ။ မဟုတ်ပါက ငယ်ဟာ သိပ်ကို ဆိုးဝါးလွန်းသော စိတ်ဓာတ်ဖောက်ပြန်သူတစ်ယောက် ဖြစ်တော့မည် ။ 

ငယ်နှင့် အကြည့်ချင်းဆုံသွားပြီးနောက် မမ က တခြားနေရာသို့ ဝေ့ဝဲကြည့်ကာ လိုက်ရှာနေတာမျိုးမရှိတော့ပေ။ ငယ် ရှိရာ ခန်းမထောင့်လေးဆီသို့ မကြာခဏ ကြည့်ပြီး ပြုံးပြုံးပြသည် ။

ခုနက မမ ရှာနေခဲ့တာက ငယ်ဖြစ်မည်ဟု တွေးမိတော့ မင်္ဂလာခန်းမထဲကပင် ထွက်ပြေးချင်လာသည် ။သို့သော် ပွဲပြီးသွားလို့ လူတွေတဖွဲဖွဲကုန်သွားတဲ့အထိ ငယ် က ခန်းမထောင့်နားလေးကနေ မရွှေ့ဖြစ် ။ အလုပ်ရှုပ်နေကြသူများကိုလည်း ဝိုင်းမကူဖြစ်ခဲ့ ။ ငြိမ်ငြိမ်လေး ထိုင်နေရင်းက ငယ့်စိတ်များမှာ ဟိုဟိုဒီဒီ ပြေးလွှားနေခဲ့၏ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now