3.4K 398 21
                                    


Unicode

ဒီပါ့ မျက်​နှာတပြင်လုံး ပူတက်လာသည် ။ 
ဒီပါက ဘယ်လိုလုပ် တွေးမိမှာတဲ့လဲ ။
ဘယ်​သူမှ မမြင်​ဘူးထင်​ပြီး ငယ့်​ပုံတူကို အရူးအမူးဆွဲဖို့ ကြိုးစားခဲ့ပုံတွေ ၊ ပုံရိပ်တွေ ထွက်မလာတာကြောင့် ပစ္စည်းတွေကိုပါ ဖျက်ဆီးပစ်ခဲ့မိတာတွေ ၊ ပြီးတော့ တစ်ကိုယ်တည်း စိတ်ရှုပ်စွာ ငယ့်​ကို ချစ်​တယ်​လို့ လူမသိသူမသိ ဝန်​ခံခဲ့မိတာ​တွေက လိပ်ပြာလေးအသွင်နှင့်ရှိနေတဲ့ ငယ့်​အ​ရှေ့မှာ ဖြစ်​နေရတယ်​လို့ ။

"ဒီပါ အခု ရှက်​နေတာလား "

အလိုက်သိတတ်ပုံလည်းမရသည့် ငယ်​က ထိုကဲ့သို့ ဒဲ့ဒိုးကြီး​မေးချလိုက်​ပြန်တော့ မျက်နှာကို ဘယ်မှာ အပ်ထားရမှန်း မသိအောင်ပင် ပိုရှက်​လာရသည်​။ ငယ်က ပြုံးစစနှင့်ပင် ကြည့်နေဆဲမို့ မျက်စောင်းများပင်ထိုးမိ၏ ။

" အဲ့ဒါကို ငယ်​က မသိချင်​ဟန်​ဆောင်​ပေးရမှာ မဟုတ်​ဘူးလား "

"သ​ဘောကျလို့ပါ ဒီပါရဲ့
ဒီပါ့ ပုံစံကို ငယ်​အရမ်းသ​ဘောကျလို့ပါ "

တခစ်​ခစ်​ဖြင့် ရယ်​မော​နေသည့် ငယ့်ပုံစံ​လေးကို ဒီပါ သ​ဘောကျတာမို့ ဘာမှဆက်​မ​ပြော​တော့ပဲ​ ငေးသာငေးကြည့်​နေမိတော့သည်​။

"ငယ်​ အခု ဒီပါ နဲ့အတူ​နေမှာဆို​တော့
ဒီပါ အိပ်​တဲ့ ကုတင်​မှာပဲ အတူတူအိပ်​မယ်​နော်​"

ဘဟ်နှစ်ကြိမ်မြောက်မှန်း မသိတော့တဲ့ တိုက်ခိုက်ခံရမှု ။

"ဟင်​ .. အတူတူအိပ်​မယ်​"

"အင်း​လေ ဒီပါ ရဲ့ ဘာဖြစ်​လို့လဲ ၊
ငယ်​အရင်​ကလည်း ၊ဒီအခန်းမှာပဲ အိပ်​ခဲ့တာ "

ဘာဖြစ်​လို့လဲ ဆိုသည့် မေးခွန်းမျိုးကို ငယ်မို့လို့ မေးမှမေးတတ်​လေခြင်း ။ ဘာလို့များ ဒီပါ့ကို အဲ့​လောက်​ယုံကြည်​ထားပါသလဲ ။ ဒီပါက ငယ့်ကို ချစ်​နေတယ်​ဆိုတာ ငယ်ကိုယ်တိုင် သိထားပြီးတာ​တောင်​မှ​လေ ။ 

"ငယ်​မ​ကြောက်​ဘူးလား "

ငယ်က အူကြောင်ကြောင် အကြည့်များနှင့် တုန့်ပြန်လာသည် ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now