Unicode
"ဒီပါ . ဒီပါ .. ထတော့လို့
မနက်မိုးလင်းနေပြီလို့ .. "မနက်ခင်းရောက်သည့်အခါ ဒီပါ့ကို ထတော့လို့ အနှိုးခံရဖူးတာကို ဒါဟာ ပထမဆုံးအကြိမ် စိတ်မရှုပ်မိခြင်း ။ ကြည်လင်နေသည့် အသံစူးစူးဖြင့် အိပ်မောကျနေဆဲအချိန်မှာ အနှိုးခံရတာဟာ ဒီလောက် သဘောကျစရာကောင်းတယ်ဆိုတာ တကယ်မသိခဲ့ပေ ။ ငယ့်ကြောင့်ပင် အရာရာဟာ ချစ်စဖွယ် ။
"အင်း . ထပြီ "
ထပြီဟု ဆိုပြီးနောက် ဒီပါ့မျက်လုံးတွေကို အတော်လေး အားယူပြီး ဖွင့်ရသည်။
"ဟမ် !! မနက်၆ နာရီပဲ ရှိသေးတယ်"
တိုင်ကပ်နာရီကြီးဆီမှ လက်တံများက ဒီပါ တစ်သက်မှာ တစ်ခါလေးသော်မျှ မထဖူးသည့် အချိန်နာရီကို ညွှန်းဆိုပြနေတာမို့ နှေးကွေးလေးလံစွာ ဖွင့်လာသော မျက်ဝန်းအစုံမှာ အလိုလို ပြူးကျယ်သွားရ၏။ ဒီပါ့ အလန့်တကြားပုံစံကိုလည်း ငယ်က တခစ်ခစ်ပင် ရယ်နေပြန်၏ ။
"ဈေးသွားရအောင်. "
"ဈေး"
နောက်ထပ်တစ်ကြိမ်.ကိုယ့်ကိုယ်ကိုယ့်ဆီကနေ ဒီပါ ထပ်ပြီးအလှောင်ခံရပြန်ပြီ ။
ဈေး လိုနေရာမျိုးကို ဒီပါ ဘယ်တုန်းကမှ သွားဖူးတာမဟုတ် ။ အရင်အိမ်ကြီးမှာ နေခဲ့တုန်းကလည်း သူများချက်ကျွေးတာကိုပင် အေးဆေးစွာ စားခဲ့ပြီး တစ်ယောက်တည်း ဒီအိမ်မှာလာနေတော့လည်း အနီးအနား စတိုးဆိုင်ကနေ ဝယ်လာသည့် ပေါင်မုန့်လုံးသာ စားဖြစ်၏ ။ အစားအသောက်အတွက် စျေးကို လိုအပ်သည်ဟူ၍ ဘယ်တုန်းကမှ စိတ်ထဲ မထည့်ဖြစ်ခဲ့ ။
"ဘာလဲ
ဈေးလို့ပြောတာ ဘာလို့အဲ့လောက်တောင်
လန့်သွားရတာလဲလို့ ""အင်. ဘာမှမဟုတ်ပါဘူး
ငယ်ကဈေးကို ဘာသွားလုပ်မလို့လဲ ""ဟော်တော့်.. ဒီပါကလဲဈေးသွားပါတယ်ဆို
ဟင်းချက်ဖို့ . စားဖို့သောက်ဖို့ ဝယ်ဖို့ပေါ့
ငယ်က ဟင်းချက်သာ မကျွမ်းတာ ဈေးသွားရတာတော့ အရမ်း ဝါသနာပါတာလေ . အရင်ကဆို မမဈေးသွားတိုင်း ငယ်က လိုက်နေကျ မမ က ရှုပ်လိုက်တာလို့ အမြဲပြောပေမဲ့ ဈေးရောက်ရင် အမြဲမုန့်ဝယ်ကျွေးတာမို့ ငယ်ကလည်း အမြဲလိုက်တာပဲ "
YOU ARE READING
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR