အပိုင်း၂၇ (ဇာတ်သိမ်းပိုင်း )

9.5K 354 18
                                    

အပိုင်း၂၇

အပိုင်း၂၇
”လိုက်လေ...လာလေ... လာလေ... မိအောင်လိုက်လေ...မိလည်းမမိဘူးဟေ့...
ရှက်ပါတယ်ဟေ့...”
သူတို့အဖွဲ့ရှိနေတဲ့ နေရာတဝိုက်မှာ ထွက်နေတဲ့အသံ ။တိတိကျကျပြောရရင် သူ့ရဲ့အလတ်ဆီက ထွက်နေတဲ့ အော်သံနဲ့ ရယ်သံ ။ သူ ကြည့်နေတာကြာပြီ ။ တစ်ခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်။ ပြောလိုက် အော်လိုက် ပြေးလိုက်နဲ့ ။ မသိရင် တစ်ယောက်ယောက်က လိုက်ဖမ်းလို့ ထွက်ပြေးနေရသယောင် ။ တကယ်တမ်းက ရေဆော့ဖို့ ကမ်းခြေဆင်းလာတယ်သာပြောတာ။ အခုထိ ခြေသလုံးတဝက်ထိတောင် ရေမစိုသေးတဲ့ အလတ်ပါ။ ရေလှိုင်းတက်လာလိုက် အော်ပြီးထွက်ပြေးလိုက်နဲ့ ။ မသိရင် လှိုင်းကဘဲ သူ့ကို မိအောင်လိုက်ဖမ်းရင်း ဖမ်းမမိလို့ သူက ကျီစယ်ပြီး ပြေးနေသလိုလို ။ ရပ်ကြည့်နေရင်း သူ ရယ်ချင်စိတ်ကို ထိန်းထားရသည် ။

” ဟေ့ရောင် အလတ်...မင်းက ရေဆော့မှာလား အပြေးလေ့ကျင့်နေတာလား... ”

သူ့အသံကြောင့် ပြေးနေရာကရပ်ပြီး သူ့ကိုလှည့်ကြည့်ပြုံးပြတဲ့ ကောင်မလေး။ နံနက်ခင်း နေရောင်အောက်မှာ တောက်ပနေတဲ့ အပြုံးလေးက သူ့ကို စိတ်ချမ်းသာစေသည် ။

” မှန်မှန်ပြောစမ်း တောင်ပေါ်သူ...ရေမကူးတတ်ဘူးမလား...”

”နိုင်နိုင်ကလဲ …ရေမကူးတတ်လည်း ဆော့လို့ရပါတယ်ကွာ...သူများတွေလည်း ရေလှိုင်းစီးနေတာဘဲ...လတ်လည်း ဆော့တတ်ပါတယ်နော်...ခုလည်းဆော့နေတာဘဲဟာကို...”

သူနဲ့စကားပြောတိုင်း ချွန်ထွက်လာတတ်တဲ့ နုတ်ခမ်း လုံးလုံးစုစုလေးကို သူ
စိုက်ကြည့်နေမိသည် ။

” ရေဆော့နေတယ်သာ ပြောတာ ...ခုထိလည်း ရေမစိုသေးဘူးကော...”

” စိုပါပြီ နိုင်ကလည်း...ဒီမှာကြည့် ဒူးထိတောင် ရောက်တော့မယ်...”

ပင်လယ်ကို ကျောပေးပြီး သူ့ကိုစကားလှည့်ပြောနေတုန်း ရေလှိုင်းတက်လာတာတွေ့တော့ ဒီကလေးမကို သူပညာပေးဖို့ ဆုံးဖြတ်လိုက်သည် ။ ကမ်းခြေလာပြီး ရေလှိုင်းနဲ့ ပြေးတမ်းလိုက်တမ်းဆော့နေတဲ့ ကလေးမ။ တွေ့ကြသေးတာပေါ့။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now