part...9 (z&u)

8.3K 712 47
                                    


အပိုင်း..၉
မနက်လင်းကတည်းက လတ် လုပ်သမျှ အကုန် အယောင်ယောင် အမှားမှားတွေချည်း ။
တခုခု အမှားလုပ်မိတိုင်း မေမေဆူတာခံရပေမဲ့ အရင်နေ့တွေကလို လတ်စိတ်ထဲ ဝမ်းနည်းမနေ ။ ဖေဖေနဲ့ မေမေ တိုးတိုး ကြိတ်ကြိတ် စကားများရန်ဖြစ်နေတာကိုလည်း ဘာကိစ္စကြောင့်ရယ်လို့ အာရုံမစိုက်မိ ။ မမ နဲ့ ငယ်လေး ကျောင်းမသွားခင် ခိုင်းသမျှကိုလည်း အကျင့်ဖြစ်နေကြအတိုင်း သူ့အလိုလို လုပ်ကိုင်ပေးနေမိသည် ။
လတ်သည် စိတ်ရောကိုယ်ပါ လေဟာနယ်ထဲ မျောလွင့်နေသလိုကို ခံစားနေရသည် ။ မနေ့ညက အဖြစ်အပျက်သည် မှားယွင်းစွာ ချစ်ရေးဆိုခံရမှုနဲ့ မလွန်ဆန်နိုင်တဲ့စိတ်ကြောင့် အဖြေပေးလိုက်မိမှု သက်သက်သာ ဖြစ်သည် ဆိုတာကို သိနေလျက်နဲ့ လတ် စိတ်ထဲ ထိုအဖြစ်အပျက်ပေါ်မှာ အရမ်းကို အာရုံစိုက်နေမိသည် ။
ထင်မှတ်မထားစွာ ။ တကယ်ကို ထင်မှတ်မထားစွာဘဲ ။ သူနဲ့ လတ်က ချစ်သူတွေ ဖြစ်သွားကြပြီတဲ့လား ။ LDRS ဆိုပေမဲ့ လတ်မှာ ခုဆို ချစ်သူရှိသွားပြီပေါ့ ။
တော်ပါသေးရဲ့ ။ လတ်ရဲ့အကောင့်ထဲမှာ လတ်ကို အပြင်မှာသိတဲ့သူ တစ်ယောက်မှ ရှိမနေလို့ ။ မမနဲ့ ငယ်လေး တို့က သူတို့အကောင့်ကိုလတ်သိမှာစိုးလို့ လျှို့ဝှက်ထားကြသလို လတ်ကလည်း ဘာနာမည်နဲ့ အကောင့်ဖွင့်ထားသလဲဆိုတာ မပြောပြမိ ။ ညီအစ်မ အရင်းခေါက်ခေါက်တွေက လိုင်းပေါ်မှာတော့ သူစိမ်းပြင်ပြင်တွေ ။
နာမည်တစ်လုံး ခေါင်းထဲဝင်လာတော့ လတ် လန့်သွားသည် ။ အအေးဗူးတွေ စီနေရာက ပြုတ်ကျကုန်မလို ဖြစ်လို့ ကမန်းကတန်း လိုက်ဖမ်းရင်း မေမေ့ကို ခိုးကြည့်လိုက်မိသည် ။
ဈေးဝယ်နဲ့ စကားပြောနေတဲ့ မေမေက လတ်ကို လှမ်းဆူဖို့ အချိန်မရတာ တော်ပါသေးရဲ့။ မေမေရဲ့ ခပ်ထန်ထန် အကြည့်ကတော့ လတ်အတွက် ရိုးနေပါပြီလေ ။
မေမေ့ဆီ လွှဲသွားတဲ့ စိတ်ကို ပြန်ထိန်းရင်း အာရုံထဲ ပေါ်လာတဲ့ နာမည်ကို အသံထွက် ရေရွတ်လိုက်မိသည် ။ အိ ...။ ဟုတ်တယ်...အိ။
အိ သိရင်တော့ လတ်ကို အသေသတ်တော့မှာ ။ လောလောဆယ်တော့ အိမသိအောင် လျှို့ဝှက်ထားရပါလိမ့်ဦးမည် ။ တစ်နေ့နေ့ ။ မဖြစ်မနေလိုအပ်လာမှဘဲ ဖွင့်ပြောပြပါတော့မယ်လေ ။ကတိပေးထားပြီးမှ မတည်နိုင်တဲ့လတ်ကို အိ နားလည်ပေးနိုင်ပါ့မလား။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now