part...25

15.4K 905 97
                                    


အပိုင်း ၂၅
   ”မေမေ့အရိပ် ”
” ရိုးရာစားဖွယ်စုံ”
အဖြူခံပေါ်မှာ ဆိုင်နာမည်ကို အပြာရောင်စာလုံးတွေနဲ့ ရေးထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်ပြီး ဆိုင်ထဲကို အိအတန်ကြာ လှမ်းကြည့်နေမိသည် ။ တစ်ဆိုင်လုံးကို ဝါးသက်သက်နဲ့သာ ဆောက်ထားပြီး စားပွဲတွေထိုင်ခုံတွေကအစ ဝါးတွေနဲ့ ခင်းကျင်းထားတဲ့ဆိုင်ကလေး ။  ဆိုင်နာမည်ကို မော့ကြည့်ရုံနဲ့ အေးချမ်းတဲ့စိတ် ခံစားချက်ကို ရစေပြီး မြင်လိုက်တာနဲ့ ဆိုင်ထဲဝင်ထိုင်ချင်စဖွယ် ဆွဲဆောင်မှုရှိလှတဲ့ ဆိုင်လေး ။ ဆိုင်ထဲနေရာ အတော်များများမှာ လူတွေအပြည့် ။
     ”ဝယ်မစားနိုင်လည်း ကျွေးပါမယ်နော် ...ဆိုင်ပေါက်ဝမှာရပ်ပြီး သူများစားတာကို ငေးမနေပါနဲ့...”
    ရုတ်တရက် အိ ခါးကိုဖက်ပြီး ပြောလိုက်တဲ့ စကားကြောင့် အိ နောက်လှည့်မကြည့်ဘဲ နောက်ကနေ အိခါးကိုဖက်လိုက်တဲ့ အသံပိုင်ရှင်ရဲ့ ခြေထောက်ကို နောက်ပြန်တက်နင်းပစ်လိုက်သည်။
”အာလာလာ...နာလိုက်တာ အိ အစုတ်ပလုတ်... သူ့ကိုယ်လုံးကြီးနဲ့များ မညှာမတာ တက်နင်းတာ...”
”တက်နင်းချင်စရာ ကောင်းအောင် စပြောတာ ဘယ်သူလဲ…ငါက ဝယ်မစားနိုင်လို့လာငမ်းတာ မဟုတ်ဘူးဟဲ့…အလုပ်ချိန်အတွင်း အလုပ်မလုပ်ဘဲ လျောက်လည်နေတဲ့ ဝန်ထမ်းကို အလုပ်ဖြုတ်ရအောင်လာတာ… ”
     သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စနောက်ရင်းပြိုင်တူရယ်မောလိုက်ကြသည် ။
   ” အိ အစုတ်ပလုတ်... ငါ့ဆီမလာတာ ဘယ်လောက်ကြာနေပြီလဲ...ငါ နင့်ကိုလွမ်းလို့ဈေးဝယ်ထွက်ရင်းနဲ့ နင်တို့ဆေးဆိုင်ကို ဝင်သေးတယ်....နင့်ကိုကိုက နင်အပြင်ထွက်သွားတယ်ဆိုလို့...လက်စသပ်
တော့ နင်က ငါ့ဆီလာတာကိုး... လာ အိ... ဆိုင်ထဲဝင်...”
     အိ နဲ့ အလတ် လက်ချင်းတွဲပီး ဆိုင်ထဲလှမ်းဝင်ခဲ့ကြသည် ။ အားလပ်သွားတဲ့ထောင့်က စားပွဲတစ်လုံးမှာ ဝင်ထိုင်ကြပြီး ခုမှ တစ်ယောက်မျက်နှာ တစ်ယောက် သေချာကြည့်မိကြသည် ။
  ” နင်ငါ့ဆီမလာတာ တစ်လလောက် ရှိတော့မယ်နော် အိ... နေကောင်းရဲ့လား...”

''ကောင်းပါတယ် လတ်ရယ်...ငါတို့က အရင်လို ဆေးကုမ္ပဏီမှာ မဟုတ်ဘဲ ကိုယ်ပိုင်ဆေးဆိုင် ဖွင့်လိုက်တော့ အားလပ်ချိန်နည်းသွားတာ...လူမရောက်ပေမဲ့ စိတ်ကတော့ အမြဲရောက်ပါတယ် လတ်ရဲ့...´´
အိ ရဲ့ စကားကို ပြုံးပြီး နားထောင်နေတဲ့ အလတ်ရဲ့ မျက်နှာကို အိ သေချာကြည့်နေမိသည် ။  မျက်နှာကလေးပြည့်ပြီး ပါးလေးတွေ ဖောင်းနေတဲ့ အလတ်မျက်နှာမှာ နေပူထဲက ပြန်လာလို့ ထင်ရဲ့ ။ ပါးမို့မို့လေးတွေကပန်းသွေးရောင်ရဲတောက်နေသည် ။  မျက်ဝန်းရိပ်ကြည်ကြည်  အပြုံးပါးပါးတပ်ဆင်ထားတဲ့ မျက်နှာဝိုင်းလေးမှာ ကြည်စင်ရွှင်ပျလို့ ။ ဘာပူပင်သောကမှ မရှိခဲ့ဖူးသလို ။ မြင်ရတာ အေးချမ်းနေသည် ။  အမေမရှိတဲ့နောက် အဆုံးထိ ပြိုလဲသွားမလားလိုစိုးရိမ်ခဲ့ရပေမဲ့ အိ ရဲ့ သူငယ်ချင်းလေးက သူ့ကိုယ်သူ အားတင်းထူမတ်နိုင်ခဲ့သည် ။ မေမေ မရှိတော့ပေမဲ့ငါ့မှာဖေဖေနဲ့ ညီအစ်မ နှစ်ယောက်အပြင် တူလေးလည်း ရှိသေးတယ်လေ တဲ့ ။
   အမေမရှိတော့တဲ့နောက်  မိသားစုနဲ့ အတူမနေဘဲ ရိုးရာ အစားအစာတွေချည်း သီးသန့်ရောင်းတဲ့ စားသောက်ဆိုင်လေး ဖွင့်ပြီး သူမရဲ့ ဆိုင်မှာသာ ဝန်ထမ်းကောင်မလေးတွေနဲ့ အတူနေတဲ့ လတ်။ အလုပ်ကြိုးစားပြီး customer serviceကောင်းတဲ့ ၊အစားအသောက် လက်ရာကောင်းပြီး ဈေးသက်သာတဲ့ သူမရဲ့ ဆိုင်လေးက အချိန်တိုအတွင်း ရောင်းအားကောင်းကာ နာမည်ရ အောင်မြင်နေလေပြီ ။
   ”ဟဲ့ အိ ဘာတွေစဉ်းစားနေတာလဲ...ငါ ထသွားတာကော ပြန်လာတာကော မသိရအောင် ဘယ်သူ့ကို ငမ်းနေတာလဲ... ငါ နင့်ကိုကိုနဲ့ တိုင်ပြောမှာနော်...”
     အလတ်အကြောင်း ထိုင်တွေးနေလိုက်တာ သူမနေရာကနေ ထထွက်သွားတာတောင် အိ သတိမထားမိလိုက် ။ အနီးကပ် ထွက်လာတဲ့ အလတ်အသံကြားမှ ပစ္စုပ္ပန်သို့ ပြန်ရောက်လာတဲ့ အိ။ဒီသူငယ်ချင်းလေးကို အိမစရ မနေနိုင်ပေ ။
”တိုင်ပြောချင်လည်း မြန်မြန်တိုင်ပြောလိုက် လတ်ရေ... နားဖောက်ပြီးသား ဖြစ်သွားတာပေါ့ ... ငါထိုင်ငမ်းနေတာ တစ်နေ့တစ်ခြား ချစ်စရာ ကောင်းလာတဲ့ နင့်ကိုလေ...နင့်ကို ထိုင်ကြည့်နေတာ ငါတစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သိတယ်မလား...”
     အိ စကားကြောင့် နဂိုထက်ပိုရဲတက်သွားတဲ့ ပါးမို့လေးတွေကို ငေးကြည့်နေရင်း တစ်ယောက်သောသူကို အိ သတိရမိသည် ။ လတ်ရဲ့ အခုလို ဖျတ်လတ်တက်ကြွနေတဲ့ ပုံလေးကို မြင်ရင် ဘယ်လောက်များ ချစ်ရှာလိုက်မလဲလို့ တွေးနေမိသည်။
” အိ နော်...ဘယ်လိုဖြစ်နေတာလဲ... ”

    အိက အလတ်ကို သေချာကြည့်ပြီး မေးခွန်းမေးလိုက်သည်။
”နိုင်နိုင် နင့်ကို ဖုန်းလေးတောင် မဆက်ဘူးလား အလတ်... နင်ငါ့ကို မညာနဲ့နော်...”
    ညှိုးကျသွားတဲ့ မျက်နှာလေးကို ကြည့်ပြီး အဖြေကို အိသိလိုက်ပြီ ။
” မေမေ့ နာရေးမှာ သူနဲ့တွေ့တာ နောက်ဆုံးဘဲ...ထပ်ပြီး အဆက်သွယ် မရှိတော့ပါဘူးအိရယ်... သူလည်း သူ့ဘဝနဲ့သူ နေသားကျ အဆင်ပြေနေပြီ ထင်ပါရဲ့...”
” နင် ခုလိုဘဲ တစ်ယောက်တည်း နေသွားတော့မလို့လား လတ်... အချစ်သစ် မရှာတော့ဘူးလား...”
   အိ စကားကြောင့် သူမရှေ့က ရှမ်းခေါက်ဆွဲ ပန်းကန်ကို မွှေနေရာက မော့ကြည့်သည်။
” အချစ်သစ် မရှာတော့ဘူးလား... ဟုတ်လား အိ... အချစ်ဆိုတာမျိုးက အဲ့လိုလိုက်ရှာလို့ ရလား... သူ့အလိုလို ရောက်လာတာမျိုး မဟုတ်ဘူးလား... နင်ပြောသလို အချစ်ကိုသာ စိတ်ကြိုက်ရှာလို့ ရစတမ်းဆိုရင် အသည်းကွဲ ဇာတ်လမ်းဆိုတာမျိုးတွေရှိလာတော့မှာ မဟုတ်ဘူး... အပြန်အလှန် ချစ်ပြီး သေချာပေါက် လက်တွဲနိုင်မဲ့ သူအချင်းချင်းဘဲ ရွေးချစ်ကြတော့မှာပေါ့ဟာ...”
     အိ သည် အလတ်ကို ငေးသာကြည့်နေမိသည် ။
”ငါမေးခွန်းမှားသွားတယ် ထင်ပါရဲ့အလတ်ရယ်...နင် ခုလိုမျိုးတစ်ယောက်တည်း အထီးကျန်နေသွားမှာကို ငါမမြင်ချင်လို့ပါ... အသက်ရလာရင် ဆေးပေးမီးယူ ဆိုတာမျိုးကလိုအပ်တယ်လေ လတ်... နင် ယောက်ျားလေးတွေကို မယုံရင်တောင်....”
     အလတ်က လက်ကာပြသောကြောင့် အိ စကားတို့ လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားရသည် ။
”ဟင်အင်း ...နင် မှားနေပြီ အိ...ငါ့မျက်စိရှေ့မှာ တွေ့ဖူးတဲ့ လူနှစ်ယောက်ကြောင့် ကျန်တဲ့ ယောက်ျားလေးတွေကို အားလုံး မကောင်းပါဘူးလို့ ငါ မယူဆပါဘူး...အဲ့လိုဘဲ ငါက မိန်းကလေးတစ်ယောက် ဖြစ်ပြီး အခြားမိန်းကလေး တစ်ယောက်ကို ချစ်မိတာနဲ့ဘဲ မိန်းကလေးချင်းကိုမှ ချစ်တတ်သူလို့ ထင်ရင် မှားလိမ့်မယ်... တကယ်လို့ ငါ မဖြစ်မနေ လူတစ်ယောက်ကို လက်တွဲရင်တောင် မိန်းကလေးဘဲ တွဲလိမ့်မယ်လို့ နင် ထင်နေခဲ့တာလား အိ ၀မ်းနည်းစရာပါဘဲ... ငါ့နှလုံးသား ကရွေးခြယ်ခဲ့တဲ့ လူကို ငါ လက်တွဲခွင့်မရပေမဲ့ ငါ့နှလုံးသား ဆန္ဒမပါဘဲနဲ့ တခြားလူတစ်ယောက်ကို ငါ ထပ်မချစ်နိုင်တော့ဘူး ...ငါ မချစ်ဘဲနဲ့တော့ ဘယ်သူ့ကိုမှ ငါ့ဘဝထဲ ဆွဲမခေါ်တော့ပါဘူး အိရယ် ...´´

   ဆွေးမြည့်ကြေကွဲနေတဲ့ အသံလေးကို နားထောင်နေရင်း အိ ကိုယ့်ကိုယ်ကိုယ်သာ
အပြစ်တင်နေမိသည် ။ အစွဲအလန်းကြီးတဲ့ ကိုယ့်သူငယ်ချင်းအကြောင်း မသိတာလည်း
မဟုတ်ဘဲနဲ့ ။
  ထိုနေ့က အိ အလတ်ရဲ့ ဆိုင်ကနေ ပြန်တဲ့အထိ နိုင်နိုင်အကြောင်း နောက်ထပ်စကား မစမိအောင် ရှောင်တိမ်းခဲ့ကြပေမဲ့ စာမလာ သတင်းမကြားနဲ့ ဘာတွေလုပ်လို့ ဘယ်ကိုရောက်နေသလဲ ဆိုတာကိုတော့ အိ တို့နှစ်ယောက်လုံး သိချင်နေကြသည် ။
....................................................................
     ” မမလတ်...ဧည့်သည်... ”
      ဆိုင်ဝန်ထမ်းလေး လှမ်းခေါ်သံကြောင့် စားဖိုဆောင်ထဲ အလုပ်ရှုပ်နေရာက အပြင်ထွက်လာတဲ့ လတ်။ လတ်ကို တွေ့ချင်တဲ့ ဧည့်သည် ဆိုသူကို မြင်လိုက်ရတဲ့အချိန်မှာ ကြက်သေသေကာ နေရာမှာတင် ရပ်နေမိသည်။
”စကားခဏပြောလို့ရမလား... ခင်မင်းလတ်... ”
လေသံက သိမ်မွေ့ပေမဲ့ အထက်စီးဆန်သလို ငါပြောသလို လုပ်ရမယ် ဆိုတဲ့ အာဏာသံပါနေသည်။ အသံသြဇာနဲ့ ပြည့်စုံတဲ့ အမျိုးသမီးကြီးရဲ့ စကားကို လတ် မလွန်ဆန်နိုင်ခဲ့ပါ ။ ဆိုင်ထဲမှာ လူရှုပ်နေလို့ ဆိုင်အနောက်ဘက် မြေကွက်လပ်မှာ ခင်းထားတဲ့ သီးသန့်စားပွဲတွေဆီ  ခေါ်ဆောင်လာခဲ့ရသည် ။
”ဖွားဖွား....ဘာများသုံးဆောင်မလဲရှင့်...”
”အစားစားဖို့ လာတာမဟုတ်ဘူး... မေးစရာရှိလို့ လာတာ....ငါမေးတာ မှန်မှန်ဖြေစမ်း ခင်မင်းလတ်...”
    နိုင်နိုင့်အဖွား ပီသစွာပင် ဟိန်းလိုက်ဟောက်လိုက်တာ လွန်ပါလေရော။
ဘာကိစ္စမှန်း မသိပေမဲ့ ကောင်းတဲ့လာခြင်းတော့ ဟုတ်ဟန်မတူ။ လတ် သည် ကြောက်စိတ်ကြောင့် အေးစက်လာတဲ့ လက်နှစ်ဖက်ကို အချင်းချင်း ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည် ။
    ”ငါ့မြေး တမ်းတနိုင် ဘယ်မှာလဲ...”
    မေးခွန်းကြားလိုက်တာနဲ့ လတ်ပါးစပ်လေး ဟောင်းလောင်းပွင့်ပြီး ဆွံအသွားရသည် ။ မေးခွန်းကို ပြန်ဖြေဖို့ထက် အမေးကို အဓိပ္ပါယ်ပေါက်အောင် မနည်းစဉ်းစားနေရသည်။

အတန်ကြာမှ ”ဟိုလေ...ဖွားဖွားက တမ်းတနိုင်ကို ဒီမှာလာရှာတာလားရှင့်...”
    ”မင်း ဗမာစကား နားမလည်ဘူးလား ခင်မင်းလတ်...ငါ့မြေးဘယ်မှာလဲ...ခုခေါ်ပေးစမ်း...”
    ဖြစ်ချင်တာလုပ်ချင်တာရှိရင် ရှေ့မကြည့် နောက်မကြည့် ဇွတ်ဆန်တတ်တာ နိုင်နိုင်က သူ့အဖွားဆီက အမွေရထားတာ ထင်ပါရဲ့။
     ”သူက... ဒီကိုလာမယ်လို့ ပြောထားလို့လားရှင့်...သမီးသူနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပါပြီဖွားဖွား....မေမေဆုံးတုန်းက နောက်ဆုံးတွေ့တာဆိုတော့ ခုဆို ခုနှစ်လလောက် ရှိတော့မယ်ရှင့်...”
        လတ်ရဲ့မျက်နှာကို တည်တည်စူးစူး စိုက်ကြည့်ရင်း လတ်ပြောစကားတွေက ညာနေတာလား တကယ်လား ဆိုတာ အကဲခတ်နေတဲ့ အကြည့်ကြောင့် လတ် မျက်နှာအမူအရာ မပျက်ရအောင် ဂရုစိုက်ထိန်းနေရသည် ။ နိုင့်ဖွားဖွားကို ကြောက်စိတ်ကြောင့် မတော်တဆ မျက်နှာပျက်မိရင် လိမ်နေတယ်လို့ အထင်ခံရမှာစိုးလို့လတ် မနည်းသတိထားနေရသည် ။
”မင်းဆီမှာ မရှိရင် ငါ့မြေးက ဘယ်ရောက်နေလဲ... ”
   ”အဲ့ဒါတော့ ကျွန်မ မသိပါဘူးရှင့်...  ”
   ” လွန်ခဲ့တဲ့ သုံးလလောက်က သူ့မင်္ဂလာပွဲအတွက် ပစ္စည်းတွေဝယ်ရင်း သတို့သားလောင်းနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ကထွက်သွားတာ... အဲ့ဒီကတည်းက ဘာအဆက်အသွယ်မှ မရတော့ဘူး...သူ့မိဘတွေဆီလည်း မဆက်သွယ် သူ့သူငယ်ချင်းတွေ လည်း တစ်ယောက်မှ သူနဲ့ အဆက်အသွယ် မရှိဘူးဆိုတော့ အဖွားက မင်းဆီမှာ သူသေချာပေါက် ရှိလိမ့်မယ်လို့ တွက်ထားတာ...မင်းရှိတဲ့နေရာတိုင်းကို အချိန်တိုင်း စောင့်ကြည့်ခိုင်းထားပေမဲ့ ဘာမှထူးခြားတာ မတွေ့လို့ ခုလို အဖွား ကိုယ်တိုင် မင်းကို လာတွေ့တာ...”
      မင်းနဲ့ ငါနဲ့ ပြောနေရာက မင်းနဲ့ အဖွားနဲ့ ပြောပြီး လေသံအနည်းငယ် ပျော့လာပေမဲ့ လတ် ကတော့ ဝမ်းမသာအား ။ ဘယ်သူနဲ့မှ အဆက်သွယ် မရှိဘဲ သူပျောက်နေကြောင်း သိရတော့ လတ်သူ့အတွက် အရမ်းစိတ်ပူနေပြီ။
      ဘာတွေဖြစ်ခဲ့ပြီး ဘာတွေလုပ်လို့ ဘယ်နေရာကို ရောက်နေလဲ နိုင်ရယ် ။တခုခုဆို လတ်ကို ဆက်သွယ်တာမဟုတ်ဘူး။
     သူ့အတွက် စိတ်ပူနေတဲ့ လတ်ကို သူ့အဖွားက ထင်မှတ်မထားတဲ့ စကားတွေနဲ့ ထပ်မံတိုက်ခိုက်ပြန်သည် ။

     ”ရိုင်းတယ်လို့ မြင်ရပေမဲ့ သံသယကင်းချင်လို့ အဖွားတစ်ခုတော့ ထပ်မေးမယ် ခင်မင်းလတ်.... မင်း ဒီဆိုင်ကို ဘယ်က အရင်းအနှီးနဲ့ တည်ထောင်ထားသလဲ သိချင်တယ်.... ”
      အဖွားစကားအဆုံးမှာ လတ်မျက်နှာသည် ဖြတ်ရိုက်ခံလိုက်ရသလို နီရဲပျက်ယွင်းသွားရသည် ။ ဒါ ဘယ်လိုစော်ကားခံရမှုပါလိမ့်။
    ” မမေးသင့်ဘူးဆိုတာ  သိပေမဲ့ မင်းနဲ့ နိုင်နိုင် အဆက်အသွယ် မရှိဘူးဆိုတာ အဖွား သံသယကင်းချင်တယ်ကွယ်...”
အဲ့လိုဆိုတော့လည်း ဖြေရတော့မှာပေါ့။
” ဟုတ်ကဲ့... ဒါဟာ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာမို့ ဖြေဖို့မလိုပေမဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်မဖြေပါမယ် အဖွား.... ကျွန်မတို့ မိသားစုက အဖွားတို့လောက်  မချမ်းသာ ပေမဲ့ သူတပါးဆီမှာ လက်ဖြန့်ရလောက်အောင်လည်း မဆင်းရဲပါဘူး...”
ခံပြင်းဒေါသကြောင့် လတ်အသံကတုန်ရင်လာသည် ။
” မေမေက သူ့ကိုယ်သူ သိနေတယ်ထင်ပါရဲ့...မေမေ မဆုံးခင် တပတ်အလိုလောက်မှာ လတ်အတွက် စုပေးထားတာ ဆိုပြီး ဘဏ်စာအုပ်တစ်အုပ်ပေးခဲ့ပါတယ်...အဖွား အခုမြင်နေတဲ့ ဆိုင်ကို မေမေတသက်လုံး စု ဆောင်းထားတဲ့ ချွေးနှဲစာစစ်စစ်နဲ့ အရင်းအနှီးပြုပြီး ဖွင့်ထားတာပါ...ကျွန်မ ဘဝတလျောက်လုံး ခုချိန်ထိ ကိုယ့်မိဘဆီကလွဲလို့ ဘယ်သူ့ဆီကမှ လက်မဖြန့်ခဲ့ဖူးပါဘူး...”
လတ် ကိုကြည့်နေတဲ့ အဖွားရဲ့ မျက်ဝန်းရိပ်က တဖြည်းဖြည်း အရောင်ပြောင်းလာတာ လတ်တွေ့နေရသည် ။ ဘယ်လိုအရိပ်မျိုးလဲလို့  မစူးစမ်းအား ။ ပြောလက်စနဲ့ ပြောစရာရှိတာ အကုန်ပြောဖို့သာ လတ်စိတ်စောနေသည်။
  ” အဖွား စိတ်ထဲမှာ ကျွန်မက နိုင်နိုင့်ကို ငွေကြေးကြောင့် ချဉ်းကပ်ခဲ့တယ်လို့ ထင်နေတာလားတော့မသိ......”
”အဲ့ဒါဆိုရင် မိန်းကလေးချင်း ဘာလို့ သမီးရည်းစားလို နေကြသလဲ အဖွားလိုက်မမီလို့ ရှင်းပြပါလား....”
လတ်စကား မဆုံးသေးခင်မှာ ဖြတ်မေးလိုက်သံ ခပ်မာမာကြောင့် လတ် ရင်ထဲထိတ်ခနဲ ။ အခုမှ နိုင်အဖွား မျက်နှာကို လတ် သေချာကြည့်မိသည် ။အဖွားရဲ့မျက်နှာထားက ကျောင်းသားကို စာမေးပွဲစစ်နေတဲ့ ဆရာမရဲ့ မျက်နှာနှင့် တူနေသည် ။ ခုဏက စော်ကားခံရတယ်ထင်လို့ ဒေါသထွက်မိပေမဲ့ ခုချိန်မှာ လတ် ကြောက်လာသည် ။ တကယ်သာ နိုင့်ဖွားဖွားက လတ်ကို စာမေးပွဲ လာစစ်တာဆိုရင် အခုမေးခွန်းရဲ့အဖြေက လတ်တို့ အနာဂတ်အတွက် သိပ်ကိုအရေးကြီးတဲ့ အဖြေဖြစ်လိမ့်မည် ။ မှားလို့ မဖြစ်ဘူး ။
လတ် နဖူးမှာ ချွေးစလေးတွေသီးထလာပြီ။
” နားနဲ့မနာ ဖဝါးနဲ့ နာပါ ဖွားဖွား…လတ်…သူ့ကိုချစ်လို့ ပါ…မိန်းကလေးရယ် ယောက်ျားလေးရယ်လို့ စိတ်ထဲ ဘာမှမသတ်မှတ်ရသေးခင် သူ့ကို လတ် ချစ်သူတစ်ယောက်လို ချစ်မိသွားတာပါ… သူနဲ့စကားတွေပြောနေရင်းသူ့ကို လတ်နဲ့အမျိုးတူ မိန်းကလေး တစ်ယောက်လို မမြင်မိတော့ဘဲ ချစ်စရာ လူသားတစ်ဦးအဖြစ် မြင်မိသွားလို့ ပါ…အချစ်ဆိုတာမိန်းကလေး ယောက်ျားလေး အသားအရောင် ဘာသာတရားတွေရဲ့အဝေး ထိတွေ့ကိုင်တွယ်ပြလို့ မရတဲ့ စိတ္တဇ နာမ်ပါဖွား…လေရှိနေတာ သိပေမဲ့ ရှိနေကြောင်း သက်သေပြလို့မရသလို အချစ်ဆိုတာလည်း ထိုနည်းတူပါဘဲ…အချစ်ဘယ်နေရာမှာရှိတယ်...ဘာကြောင့် ချစ်ကြတယ်ဆိုတာ သက်သေပြဖို့ မလွယ်ကူပါဘူး ...လေကို  ကျားမ မရွေး အသက်အရွယ်မရွေး ရှုရှိက်ခွင့် ရှိသလို အချစ်ဆိုတာလည်း ထိုနည်းတူပါဘဲ အဖွား…လေ မရှိဘဲ အသက်မရှင်နိုင်သလို အချစ်မရှိတဲ့ လူတစ်ယောက်ရဲ့ ဘဝက ရှင်လျက်နဲ့သေနေသလို ဖြစ်နေမှာပါ…”
    လတ်ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းမှာ အရိပ်တစ်မျိုးနဲ့ လက်တောက်နေသည် ။
”နောက်ဆုံးမေးခွန်းတစ်ခုမေးမယ် ခင်မင်းလတ်...မှန်မှန်ဖြေပါ...”
”ဟုတ်ကဲ့ မေးပါအဖွား... ”
”တမ်းတနိုင်ကို အဖွားတို့က အမွေပြတ် စွန့်လွှတ်လိုက်ရင်ကော မင်း ချစ်နိုင်ဦးမလား ...လက်ခံနိုင်ဦးမလား...”
     လတ် တည်ကြည်တဲ့ မျက်နှာထားနဲ့ အဖွားမျက်ဝန်းတွေထဲကို တည့်တည့်စိုက်ကြည့်ပြီး လေးနက်သော လေသံနဲ့ တစ်ခွန်းခြင်း ပြန်ဖြေလိုက်သည် ။
”လတ် သူ့ကို ဘယ်သူ့သားသမီး ဘယ်လို အခြေအနေက  လူလို့ သူ့အကြောင်း ဘာမှမသိသေးခင် ဓာတ်ပုံလေးတစ်ပုံကို စတွေ့ကတည်းက ချစ်ခဲ့တာပါ....လတ် အတွက် သူ့ရဲ့ မျိုးရိုးနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေက အရေးမကြီးပါဘူးအဖွား ...ခင်မင်းလတ် အတွက်တော့ နိုင်နိုင်က နိုင်နိုင် ဖြစ်နေဖို့ဘဲ အရေးကြီးတာပါ...သူသာ လူလွတ်ဘဝနဲ့ လာခဲ့မယ်ဆိုရင် ကျွန်မအချိန်မရွေး ဝမ်းသာစွာ ဆီးကြိုမှာပါရှင့်...ငွေက  ကြိုးစားရှာလို့ရပေမဲ့ အချစ်စစ်ကတော့ တစ်သက်မှာ တစ်ကြိမ်ပဲ ပေါက်ဖွားတတ်တာမျိုးပါအဖွား ..ကျွန်မမက်မောတာ သူ့အချစ်ပါ... သူ့ကို ငွေကြေးနဲ့ တန်ဖိုးမဖြတ်နိုင်သလို ဘာနဲ့မှလည်း မလဲနိုင်ပါဘူးရှင့်...´´
      အဖွားရဲ့ မျက်နှာပေါ်မှာ အပြုံးရိပ်တချို့ တောက်ပလာသည် ။
”ထပ်ပြောပါရစေ အဖွား ခွင့်ပြုပါ...ခု အဖွားထိုင်နေတဲ့ အတောအတွင်း လတ်ဆိုင်ရဲ့ ရောင်းအားကို အဖွားမြင်မှာပါ...ပြီးတော့ လတ်ကို အချိန်ပြည့်စောင့်ကြည့်ပြီး လတ်အကြောင်း စုံစမ်းနေခဲ့တယ်ဆိုရင် အဖွား သိမှာပါ ...လတ် သူကို  အရမ်းမချမ်းသာရင်တောင် ပြည့်ပြည့်စုံစုံ ထားနိုင်ပါတယ်...အခု ဒီဆိုင်ကလေးရဲ့ ဝင်ငွေက လတ်ရဲ့ မိသားစုအပြင် ဝန်ထမ်းတွေရဲ့ မိသားစု အတွက်ပါ ဝေမျှသုံးစွဲဖို့ လုံလောက်ပါတယ် အဖွား... ”

     အဖွားက လတ်ကို စူးစိုက်ကြည့်နေရာက ပြုံးပြသည် ။ အခုမြင်ရတဲ့ အဖွားရဲ့ အပြုံးက တွေ့စကနဲ့ မတူ ။ လတ် စိတ်ထဲ အေးချမ်း သွားစေသည် ။
”နားထောင်လို့တော့ ကောင်းပါတယ် ခင်မင်းလတ်...လက်တွေ့ ဟုတ်မဟုတ်တော့ စောင့်ကြည့် ရဦးမှာပေါ့...မင်းပြောတဲ့ စကားတွေကိုသက်သေပြဖို့ အချိန်လိုပါတယ် ...အဖွားမင်းကို ထပ်ပြီးစောင့်ကြည့် ဦးမယ် ...အခုလောလောဆယ် မင်းဆီမှာ နိုင်နိုင်မရှိဘူးဆိုတာတော့ အဖွားယုံသွားပါပြီ...ဘယ်မှာရှိသလဲ ဆိုတာ ဆက်စုံစမ်းရဦးမယ်...”
       စကားဆုံးတာနဲ့ ထရပ်လိုက်တဲ့ အဖွားရဲ့လက်ကို လတ် သိမှတ်မဲ့ စိတ်နဲ့ ဆုပ်ကိုင်လိုက်မိသည် ။
”အဖွား ...ဒါ....ဒါဆို သူပျောက်နေတယ်ဆိုတာ တကယ်ပေါ့နော်...သူတစ်ခုခုများ...”
”ဘာမှ မဖြစ်လောက်ပါဘူး မြေး...အဖွားတို့ရဲ့နိုင်နိုင် အန္တရာယ်ကင်းကင်းနဲ့ရှိနေမှာပါ...ဖွားက မြေးဆီမှာထင်ပြီး အချိန်အကြာကြီး ဖြုန်းနေမိတာဘဲ....သူတကယ်ရှိနိုင်မဲ့ နေရာကို ဖွား ခန့်မှန်းမိပြီ...ထင်လည်းမထင်ထားလို့ ဖွားမေ့နေတာ....စိတ်မပူနဲ့မြေး...သူ့ကိုတွေ့ရင် ဖွား အကြောင်းကြားပေးမယ်....ဟုတ်ပြီလား...”
    နိုင့်ဖွားဖွားက လတ်ကိုခေါ်တဲ့  အခေါ်အဝေါ်တွေ စကားပြောတဲ့လေသံတွေ ပြောင်းလဲ သွားတာ သတိထားမိပေမဲ့ လတ် မပျော်နိုင် ။ သူတစ်ခုခုများ ဖြစ်နေပြီလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်  စကားမပြန်နိုင်ဘဲ နိုင်နိုင့်အဖွားကို မျက်ရည်ဝဲနေတဲ့ မျက်ဝန်းနဲ့ မော့ကြည့်ပြီး အားတင်းပြုံးပြလိုက်သည် ။ လတ် အားကိုးတကြီး ဆုပ်ကိုင်လိုက်တဲ့ လက်ကို အဖွားကပြန်ဆုပ်ကိုင်လာတော့ လတ် နိုင့်ဖွားဖွားကို ကားနားအထိ တွဲပို့ပေးလိုက်သည်။ ကားထဲ ဝင်ခါနီးမှ ဖွားဖွားက လတ် ရဲ့ ဦးခေါင်းကို လက်နဲ့ အုပ်ကိုင်ပြီး ခပ်ဖွဖွပွတ်သပ်ကာ ဘာစကားမှ ထပ်မဆိုဘဲ ကားထဲဝင်သွားသည် ။ အဖြူရောင်ကားလေး လတ် မြင်ကွင်းထဲကနေ တရွေ့ရွေ့ ပျောက်ကွယ်သွားသည်အထိ လတ် ငေးကြည့်နေမိသည် ။
အသက်ရှင်လျှက်နဲ့ ကောင်းကောင်းမွန်မွန် ရှိနေတယ်ဆိုရင် လတ်ဆီကို အမြန်ပြန်လာခဲ့ပါ နိုင်နိုင်ရယ် ။ ဘယ်လိုအနေအထား ဘဲဖြစ်ဖြစ် ဘာအခက်အခဲဘဲ ရှိရှိ လတ်တို့ အတူရင်ဆိုင် ဖြေရှင်းကြမယ်လေ ။
     လတ် ထင်တာ မမှားဘူးဆိုရင် အရမ်းခက်ခဲ မြင့်မားတဲ့ ဖွားဖွားဆိုတဲ့ တောင်တစ်လုံးကို လတ်တို့ ဖြတ်ကျော်နိုင်ခဲ့ပြီ ထင်ပါရဲ့ လတ်ရဲ့နိုင်  ရယ် ။လတ်ဆီ မြန်မြန်ပြန်လာပါတော့နော်။
~_~ ~_~_ ~×~_~_~_~_~×~_~_~_~

အပိုင္း ၂၅
   ”ေမေမ့အရိပ္ ”
” ရိုးရာစားဖြယ္စံု”
အျဖဴခံေပၚမွာ ဆိုင္နာမည္ကို အျပာေရာင္စာလံုးေတြနဲ႔ ေရးထားတဲ့ စားေသာက္ဆိုင္တစ္ဆိုင္ေရ႔ွမွာ ရပ္ၿပီး ဆိုင္ထဲကို အိအတန္ၾကာ လွမ္းၾကၫ့္ေနမိသည္ ။ တစ္ဆိုင္လံုးကို ဝါးသက္သက္နဲ႔သာ ေဆာက္ထားၿပီး စားပြဲေတြထိုင္ခံုေတြကအစ ဝါးေတြနဲ႔ ခင္းက်င္းထားတဲ့ဆိုင္ကေလး ။  ဆိုင္နာမည္ကို ေမာ့ၾကၫ့္ရံုနဲ႔ ေအးခ်မ္းတဲ့စိတ္ ခံစားခ်က္ကို ရေစၿပီး ျမင္လိုက္တာနဲ႔ ဆိုင္ထဲဝင္ထိုင္ခ်င္စဖြယ္ ဆြဲေဆာင္မႈရိွလွတဲ့ ဆိုင္ေလး ။ ဆိုင္ထဲေနရာ အေတာ္မ်ားမ်ားမွာ လူေတြအျပၫ့္ ။
     ”ဝယ္မစားႏိုင္လည္း ေကြၽးပါမယ္ေနာ္ ...ဆိုင္ေပါက္ဝမွာရပ္ၿပီး သူမ်ားစားတာကို ေငးမေနပါနဲ႔...”
    ရုတ္တရက္ အိ ခါးကိုဖက္ၿပီး ေျပာလိုက္တဲ့ စကားေၾကာင့္ အိ ေနာက္လွၫ့္မၾကၫ့္ဘဲ ေနာက္ကေန အိခါးကိုဖက္လိုက္တဲ့ အသံပိုင္ရွင္ရဲ့ ေျခေထာက္ကို ေနာက္ျပန္တက္နင္းပစ္လိုက္သည္။
”အာလာလာ...နာလိုက္တာ အိ အစုတ္ပလုတ္... သူ႔ကိုယ္လံုးႀကီးနဲ႔မ်ား မၫွာမတာ တက္နင္းတာ...”
”တက္နင္းခ်င္စရာ ေကာင္းေအာင္ စေျပာတာ ဘယ္သူလဲ…ငါက ဝယ္မစားႏိုင္လို႔လာငမ္းတာ မဟုတ္ဘူးဟဲ့…အလုပ္ခ်ိန္အတြင္း အလုပ္မလုပ္ဘဲ ေလ်ာက္လည္ေနတဲ့ ဝန္ထမ္းကို အလုပ္ျဖဳတ္ရေအာင္လာတာ… ”
     သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ စေနာက္ရင္းၿပိဳင္တူရယ္ေမာလိုက္ၾကသည္ ။
   ” အိ အစုတ္ပလုတ္... ငါ့ဆီမလာတာ ဘယ္ေလာက္ၾကာေနၿပီလဲ...ငါ နင့္ကိုလြမ္းလို႔ေဈးဝယ္ထြက္ရင္းနဲ႔ နင္တို႔ေဆးဆိုင္ကို ဝင္ေသးတယ္....နင့္ကိုကိုက နင္အျပင္ထြက္သြားတယ္ဆိုလို႔...လက္စသပ္
ေတာ့ နင္က ငါ့ဆီလာတာကိုး... လာ အိ... ဆိုင္ထဲဝင္...”
     အိ နဲ႔ အလတ္ လက္ခ်င္းတြဲပီး ဆိုင္ထဲလွမ္းဝင္ခဲ့ၾကသည္ ။ အားလပ္သြားတဲ့ေထာင့္က စားပြဲတစ္လံုးမွာ ဝင္ထိုင္ၾကၿပီး ခုမွ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ေသခ်ာၾကၫ့္မိၾကသည္ ။
  ” နင္ငါ့ဆီမလာတာ တစ္လေလာက္ ရိွေတာ့မယ္ေနာ္ အိ... ေနေကာင္းရဲ့လား...”

''ေကာင္းပါတယ္ လတ္ရယ္...ငါတို႔က အရင္လို ေဆးကုမၸဏီမွာ မဟုတ္ဘဲ ကိုယ္ပိုင္ေဆးဆိုင္ ဖြင့္လိုက္ေတာ့ အားလပ္ခ်ိန္နည္းသြားတာ...လူမေရာက္ေပမဲ့ စိတ္ကေတာ့ အၿမဲေရာက္ပါတယ္ လတ္ရဲ့...´´
အိ ရဲ့ စကားကို ၿပံဳးၿပီး နားေထာင္ေနတဲ့ အလတ္ရဲ့ မ်က္ႏွာကို အိ ေသခ်ာၾကၫ့္ေနမိသည္ ။  မ်က္ႏွာကေလးျပၫ့္ၿပီး ပါးေလးေတြ ေဖာင္းေနတဲ့ အလတ္မ်က္ႏွာမွာ ေနပူထဲက ျပန္လာလို႔ ထင္ရဲ့ ။ ပါးမို႔မို႔ေလးေတြကပန္းေသြးေရာင္ရဲေတာက္ေနသည္ ။  မ်က္ဝန္းရိပ္ၾကည္ၾကည္  အၿပံဳးပါးပါးတပ္ဆင္ထားတဲ့ မ်က္ႏွာဝိုင္းေလးမွာ ၾကည္စင္ရႊင္ပ်လို႔ ။ ဘာပူပင္ေသာကမွ မရိွခဲ့ဖူးသလို ။ ျမင္ရတာ ေအးခ်မ္းေနသည္ ။  အေမမရိွတဲ့ေနာက္ အဆံုးထိ ၿပိဳလဲသြားမလားလိုစိုးရိမ္ခဲ့ရေပမဲ့ အိ ရဲ့ သူငယ္ခ်င္းေလးက သူ႔ကိုယ္သူ အားတင္းထူမတ္ႏိုင္ခဲ့သည္ ။ ေမေမ မရိွေတာ့ေပမဲ့ငါ့မွာေဖေဖနဲ႔ ညီအစ္မ ႏွစ္ေယာက္အျပင္ တူေလးလည္း ရိွေသးတယ္ေလ တဲ့ ။
   အေမမရိွေတာ့တဲ့ေနာက္  မိသားစုနဲ႔ အတူမေနဘဲ ရိုးရာ အစားအစာေတြခ်ည္း သီးသန႔္ေရာင္းတဲ့ စားေသာက္ဆိုင္ေလး ဖြင့္ၿပီး သူမရဲ့ ဆိုင္မွာသာ ဝန္ထမ္းေကာင္မေလးေတြနဲ႔ အတူေနတဲ့ လတ္။ အလုပ္ႀကိဳးစားၿပီး customer serviceေကာင္းတဲ့ ၊အစားအေသာက္ လက္ရာေကာင္းၿပီး ေဈးသက္သာတဲ့ သူမရဲ့ ဆိုင္ေလးက အခ်ိန္တိုအတြင္း ေရာင္းအားေကာင္းကာ နာမည္ရ ေအာင္ျမင္ေနေလၿပီ ။
   ”ဟဲ့ အိ ဘာေတြစဉ္းစားေနတာလဲ...ငါ ထသြားတာေကာ ျပန္လာတာေကာ မသိရေအာင္ ဘယ္သူ႔ကို ငမ္းေနတာလဲ... ငါ နင့္ကိုကိုနဲ႔ တိုင္ေျပာမွာေနာ္...”
     အလတ္အေၾကာင္း ထိုင္ေတြးေနလိုက္တာ သူမေနရာကေန ထထြက္သြားတာေတာင္ အိ သတိမထားမိလိုက္ ။ အနီးကပ္ ထြက္လာတဲ့ အလတ္အသံၾကားမွ ပစၥုပၸန္သို႔ ျပန္ေရာက္လာတဲ့ အိ။ဒီသူငယ္ခ်င္းေလးကို အိမစရ မေနႏိုင္ေပ ။
”တိုင္ေျပာခ်င္လည္း ျမန္ျမန္တိုင္ေျပာလိုက္ လတ္ေရ... နားေဖာက္ၿပီးသား ျဖစ္သြားတာေပါ့ ... ငါထိုင္ငမ္းေနတာ တစ္ေန့တစ္ျခား ခ်စ္စရာ ေကာင္းလာတဲ့ နင့္ကိုေလ...နင့္ကို ထိုင္ၾကၫ့္ေနတာ ငါတစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာ သိတယ္မလား...”
     အိ စကားေၾကာင့္ နဂိုထက္ပိုရဲတက္သြားတဲ့ ပါးမို႔ေလးေတြကို ေငးၾကၫ့္ေနရင္း တစ္ေယာက္ေသာသူကို အိ သတိရမိသည္ ။ လတ္ရဲ့ အခုလို ဖ်တ္လတ္တက္ႂကြေနတဲ့ ပံုေလးကို ျမင္ရင္ ဘယ္ေလာက္မ်ား ခ်စ္ရွာလိုက္မလဲလို႔ ေတြးေနမိသည္။
” အိ ေနာ္...ဘယ္လိုျဖစ္ေနတာလဲ... ”

    အိက အလတ္ကို ေသခ်ာၾကၫ့္ၿပီး ေမးခြန္းေမးလိုက္သည္။
”ႏိုင္ႏိုင္ နင့္ကို ဖုန္းေလးေတာင္ မဆက္ဘူးလား အလတ္... နင္ငါ့ကို မညာနဲ႔ေနာ္...”
    ၫွိုးက်သြားတဲ့ မ်က္ႏွာေလးကို ၾကၫ့္ၿပီး အေျဖကို အိသိလိုက္ၿပီ ။
” ေမေမ့ နာေရးမွာ သူနဲ႔ေတြ့တာ ေနာက္ဆံုးဘဲ...ထပ္ၿပီး အဆက္သြယ္ မရိွေတာ့ပါဘူးအိရယ္... သူလည္း သူ႔ဘဝနဲ႔သူ ေနသားက် အဆင္ေျပေနၿပီ ထင္ပါရဲ့...”
” နင္ ခုလိုဘဲ တစ္ေယာက္တည္း ေနသြားေတာ့မလို႔လား လတ္... အခ်စ္သစ္ မရွာေတာ့ဘူးလား...”
   အိ စကားေၾကာင့္ သူမေရ႔ွက ရွမ္းေခါက္ဆြဲ ပန္းကန္ကို ေမႊေနရာက ေမာ့ၾကၫ့္သည္။
” အခ်စ္သစ္ မရွာေတာ့ဘူးလား... ဟုတ္လား အိ... အခ်စ္ဆိုတာမ်ိဳးက အဲ့လိုလိုက္ရွာလို႔ ရလား... သူ႔အလိုလို ေရာက္လာတာမ်ိဳး မဟုတ္ဘူးလား... နင္ေျပာသလို အခ်စ္ကိုသာ စိတ္ႀကိဳက္ရွာလို႔ ရစတမ္းဆိုရင္ အသည္းကြဲ ဇာတ္လမ္းဆိုတာမ်ိဳးေတြရိွလာေတာ့မွာ မဟုတ္ဘူး... အျပန္အလွန္ ခ်စ္ၿပီး ေသခ်ာေပါက္ လက္တြဲႏိုင္မဲ့ သူအခ်င္းခ်င္းဘဲ ေရြးခ်စ္ၾကေတာ့မွာေပါ့ဟာ...”
     အိ သည္ အလတ္ကို ေငးသာၾကၫ့္ေနမိသည္ ။
”ငါေမးခြန္းမွားသြားတယ္ ထင္ပါရဲ့အလတ္ရယ္...နင္ ခုလိုမ်ိဳးတစ္ေယာက္တည္း အထီးက်န္ေနသြားမွာကို ငါမျမင္ခ်င္လို႔ပါ... အသက္ရလာရင္ ေဆးေပးမီးယူ ဆိုတာမ်ိဳးကလိုအပ္တယ္ေလ လတ္... နင္ ေယာက္်ားေလးေတြကို မယံုရင္ေတာင္....”
     အလတ္က လက္ကာျပေသာေၾကာင့္ အိ စကားတို႔ လမ္းတစ္ဝက္မွာတင္ ရပ္တန႔္သြားရသည္ ။
”ဟင္အင္း ...နင္ မွားေနၿပီ အိ...ငါ့မ်က္စိေရ႔ွမွာ ေတြ့ဖူးတဲ့ လူႏွစ္ေယာက္ေၾကာင့္ က်န္တဲ့ ေယာက္်ားေလးေတြကို အားလံုး မေကာင္းပါဘူးလို႔ ငါ မယူဆပါဘူး...အဲ့လိုဘဲ ငါက မိန္းကေလးတစ္ေယာက္ ျဖစ္ၿပီး အျခားမိန္းကေလး တစ္ေယာက္ကို ခ်စ္မိတာနဲ႔ဘဲ မိန္းကေလးခ်င္းကိုမွ ခ်စ္တတ္သူလို႔ ထင္ရင္ မွားလိမ့္မယ္... တကယ္လို႔ ငါ မျဖစ္မေန လူတစ္ေယာက္ကို လက္တြဲရင္ေတာင္ မိန္းကေလးဘဲ တြဲလိမ့္မယ္လို႔ နင္ ထင္ေနခဲ့တာလား အိ ၀မ္းနည္းစရာပါဘဲ... ငါ့ႏွလံုးသား ကေရြးျခယ္ခဲ့တဲ့ လူကို ငါ လက္တြဲခြင့္မရေပမဲ့ ငါ့ႏွလံုးသား ဆႏၵမပါဘဲနဲ႔ တျခားလူတစ္ေယာက္ကို ငါ ထပ္မခ်စ္ႏိုင္ေတာ့ဘူး ...ငါ မခ်စ္ဘဲနဲ႔ေတာ့ ဘယ္သူ႔ကိုမွ ငါ့ဘဝထဲ ဆြဲမေခၚေတာ့ပါဘူး အိရယ္ ...´´

   ေဆြးျမၫ့္ေၾကကြဲေနတဲ့ အသံေလးကို နားေထာင္ေနရင္း အိ ကိုယ့္ကိုယ္ကိုယ္သာ
အျပစ္တင္ေနမိသည္ ။ အစြဲအလန္းႀကီးတဲ့ ကိုယ့္သူငယ္ခ်င္းအေၾကာင္း မသိတာလည္း
မဟုတ္ဘဲနဲ႔ ။
  ထိုေန့က အိ အလတ္ရဲ့ ဆိုင္ကေန ျပန္တဲ့အထိ ႏိုင္ႏိုင္အေၾကာင္း ေနာက္ထပ္စကား မစမိေအာင္ ေရွာင္တိမ္းခဲ့ၾကေပမဲ့ စာမလာ သတင္းမၾကားနဲ႔ ဘာေတြလုပ္လို႔ ဘယ္ကိုေရာက္ေနသလဲ ဆိုတာကိုေတာ့ အိ တို႔ႏွစ္ေယာက္လံုး သိခ်င္ေနၾကသည္ ။
....................................................................
     ” မမလတ္...ဧၫ့္သည္... ”
      ဆိုင္ဝန္ထမ္းေလး လွမ္းေခၚသံေၾကာင့္ စားဖိုေဆာင္ထဲ အလုပ္ရႈပ္ေနရာက အျပင္ထြက္လာတဲ့ လတ္။ လတ္ကို ေတြ့ခ်င္တဲ့ ဧၫ့္သည္ ဆိုသူကို ျမင္လိုက္ရတဲ့အခ်ိန္မွာ ၾကက္ေသေသကာ ေနရာမွာတင္ ရပ္ေနမိသည္။
”စကားခဏေျပာလို႔ရမလား... ခင္မင္းလတ္... ”
ေလသံက သိမ္ေမြ့ေပမဲ့ အထက္စီးဆန္သလို ငါေျပာသလို လုပ္ရမယ္ ဆိုတဲ့ အာဏာသံပါေနသည္။ အသံၾသဇာနဲ႔ ျပၫ့္စံုတဲ့ အမ်ိဳးသမီးႀကီးရဲ့ စကားကို လတ္ မလြန္ဆန္ႏိုင္ခဲ့ပါ ။ ဆိုင္ထဲမွာ လူရႈပ္ေနလို႔ ဆိုင္အေနာက္ဘက္ ေျမကြက္လပ္မွာ ခင္းထားတဲ့ သီးသန႔္စားပြဲေတြဆီ  ေခၚေဆာင္လာခဲ့ရသည္ ။
”ဖြားဖြား....ဘာမ်ားသံုးေဆာင္မလဲရွင့္...”
”အစားစားဖို႔ လာတာမဟုတ္ဘူး... ေမးစရာရိွလို႔ လာတာ....ငါေမးတာ မွန္မွန္ေျဖစမ္း ခင္မင္းလတ္...”
    ႏိုင္ႏိုင့္အဖြား ပီသစြာပင္ ဟိန္းလိုက္ေဟာက္လိုက္တာ လြန္ပါေလေရာ။
ဘာကိစၥမွန္း မသိေပမဲ့ ေကာင္းတဲ့လာျခင္းေတာ့ ဟုတ္ဟန္မတူ။ လတ္ သည္ ေၾကာက္စိတ္ေၾကာင့္ ေအးစက္လာတဲ့ လက္ႏွစ္ဖက္ကို အခ်င္းခ်င္း ခပ္တင္းတင္းဆုပ္ကိုင္ထားမိသည္ ။
    ”ငါ့ေျမး တမ္းတႏိုင္ ဘယ္မွာလဲ...”
    ေမးခြန္းၾကားလိုက္တာနဲ႔ လတ္ပါးစပ္ေလး ေဟာင္းေလာင္းပြင့္ၿပီး ဆြံအသြားရသည္ ။ ေမးခြန္းကို ျပန္ေျဖဖို႔ထက္ အေမးကို အဓိပၸါယ္ေပါက္ေအာင္ မနည္းစဉ္းစားေနရသည္။

အတန္ၾကာမွ ”ဟိုေလ...ဖြားဖြားက တမ္းတႏိုင္ကို ဒီမွာလာရွာတာလားရွင့္...”
    ”မင္း ဗမာစကား နားမလည္ဘူးလား ခင္မင္းလတ္...ငါ့ေျမးဘယ္မွာလဲ...ခုေခၚေပးစမ္း...”
    ျဖစ္ခ်င္တာလုပ္ခ်င္တာရိွရင္ ေရ႔ွမၾကၫ့္ ေနာက္မၾကၫ့္ ဇြတ္ဆန္တတ္တာ ႏိုင္ႏိုင္က သူ႔အဖြားဆီက အေမြရထားတာ ထင္ပါရဲ့။
     ”သူက... ဒီကိုလာမယ္လို႔ ေျပာထားလို႔လားရွင့္...သမီးသူနဲ႔ အဆက္အသြယ္ ျပတ္ေနတာ ၾကာပါၿပီဖြားဖြား....ေမေမဆံုးတုန္းက ေနာက္ဆံုးေတြ့တာဆိုေတာ့ ခုဆို ခုႏွစ္လေလာက္ ရိွေတာ့မယ္ရွင့္...”
        လတ္ရဲ့မ်က္ႏွာကို တည္တည္စူးစူး စိုက္ၾကၫ့္ရင္း လတ္ေျပာစကားေတြက ညာေနတာလား တကယ္လား ဆိုတာ အကဲခတ္ေနတဲ့ အၾကၫ့္ေၾကာင့္ လတ္ မ်က္ႏွာအမူအရာ မပ်က္ရေအာင္ ဂရုစိုက္ထိန္းေနရသည္ ။ ႏိုင့္ဖြားဖြားကို ေၾကာက္စိတ္ေၾကာင့္ မေတာ္တဆ မ်က္ႏွာပ်က္မိရင္ လိမ္ေနတယ္လို႔ အထင္ခံရမွာစိုးလို႔လတ္ မနည္းသတိထားေနရသည္ ။
”မင္းဆီမွာ မရိွရင္ ငါ့ေျမးက ဘယ္ေရာက္ေနလဲ... ”
   ”အဲ့ဒါေတာ့ ကြၽန္မ မသိပါဘူးရွင့္...  ”
   ” လြန္ခဲ့တဲ့ သံုးလေလာက္က သူ႔မဂၤလာပြဲအတြက္ ပစၥည္းေတြဝယ္ရင္း သတို႔သားေလာင္းနဲ႔ ကေတာက္ကဆျဖစ္ၿပီး အိမ္ကထြက္သြားတာ... အဲ့ဒီကတည္းက ဘာအဆက္အသြယ္မွ မရေတာ့ဘူး...သူ႔မိဘေတြဆီလည္း မဆက္သြယ္ သူ႔သူငယ္ခ်င္းေတြ လည္း တစ္ေယာက္မွ သူနဲ႔ အဆက္အသြယ္ မရိွဘူးဆိုေတာ့ အဖြားက မင္းဆီမွာ သူေသခ်ာေပါက္ ရိွလိမ့္မယ္လို႔ တြက္ထားတာ...မင္းရိွတဲ့ေနရာတိုင္းကို အခ်ိန္တိုင္း ေစာင့္ၾကၫ့္ခိုင္းထားေပမဲ့ ဘာမွထူးျခားတာ မေတြ့လို႔ ခုလို အဖြား ကိုယ္တိုင္ မင္းကို လာေတြ့တာ...”
      မင္းနဲ႔ ငါနဲ႔ ေျပာေနရာက မင္းနဲ႔ အဖြားနဲ႔ ေျပာၿပီး ေလသံအနည္းငယ္ ေပ်ာ့လာေပမဲ့ လတ္ ကေတာ့ ဝမ္းမသာအား ။ ဘယ္သူနဲ႔မွ အဆက္သြယ္ မရိွဘဲ သူေပ်ာက္ေနေၾကာင္း သိရေတာ့ လတ္သူ႔အတြက္ အရမ္းစိတ္ပူေနၿပီ။
      ဘာေတျြဖစ္ခဲ့ၿပီး ဘာေတြလုပ္လို႔ ဘယ္ေနရာကို ေရာက္ေနလဲ ႏိုင္ရယ္ ။တခုခုဆို လတ္ကို ဆက္သြယ္တာမဟုတ္ဘူး။
     သူ႔အတြက္ စိတ္ပူေနတဲ့ လတ္ကို သူ႔အဖြားက ထင္မွတ္မထားတဲ့ စကားေတြနဲ႔ ထပ္မံတိုက္ခိုက္ျပန္သည္ ။

     ”ရိုင္းတယ္လို႔ ျမင္ရေပမဲ့ သံသယကင္းခ်င္လို႔ အဖြားတစ္ခုေတာ့ ထပ္ေမးမယ္ ခင္မင္းလတ္.... မင္း ဒီဆိုင္ကို ဘယ္က အရင္းအႏွီးနဲ႔ တည္ေထာင္ထားသလဲ သိခ်င္တယ္.... ”
      အဖြားစကားအဆံုးမွာ လတ္မ်က္ႏွာသည္ ျဖတ္ရိုက္ခံလိုက္ရသလို နီရဲပ်က္ယြင္းသြားရသည္ ။ ဒါ ဘယ္လိုေစာ္ကားခံရမႈပါလိမ့္။
    ” မေမးသင့္ဘူးဆိုတာ  သိေပမဲ့ မင္းနဲ႔ ႏိုင္ႏိုင္ အဆက္အသြယ္ မရိွဘူးဆိုတာ အဖြား သံသယကင္းခ်င္တယ္ကြယ္...”
အဲ့လိုဆိုေတာ့လည္း ေျဖရေတာ့မွာေပါ့။
” ဟုတ္ကဲ့... ဒါဟာ ကြၽန္မရဲ့ ကိုယ္ေရးကိုယ္တာမို႔ ေျဖဖို႔မလိုေပမဲ့ ကြၽန္မရဲ့ ဂုဏ္သိကၡာကို အထိခိုက္မခံႏိုင္တဲ့အတြက္ ကြၽန္မေျဖပါမယ္ အဖြား.... ကြၽန္မတို႔ မိသားစုက အဖြားတို႔ေလာက္  မခ်မ္းသာ ေပမဲ့ သူတပါးဆီမွာ လက္ျဖန႔္ရေလာက္ေအာင္လည္း မဆင္းရဲပါဘူး...”
ခံျပင္းေဒါသေၾကာင့္ လတ္အသံကတုန္ရင္လာသည္ ။
” ေမေမက သူ႔ကိုယ္သူ သိေနတယ္ထင္ပါရဲ့...ေမေမ မဆံုးခင္ တပတ္အလိုေလာက္မွာ လတ္အတြက္ စုေပးထားတာ ဆိုၿပီး ဘဏ္စာအုပ္တစ္အုပ္ေပးခဲ့ပါတယ္...အဖြား အခုျမင္ေနတဲ့ ဆိုင္ကို ေမေမတသက္လံုး စု ေဆာင္းထားတဲ့ ေခြၽးႏွဲစာစစ္စစ္နဲ႔ အရင္းအႏွီးျပဳျပီး ဖြင့္ထားတာပါ...ကြၽန္မ ဘဝတေလ်ာက္လံုး ခုခ်ိန္ထိ ကိုယ့္မိဘဆီကလြဲလို႔ ဘယ္သူ႔ဆီကမွ လက္မျဖန႔္ခဲ့ဖူးပါဘူး...”
လတ္ ကိုၾကၫ့္ေနတဲ့ အဖြားရဲ့ မ်က္ဝန္းရိပ္က တျဖည္းျဖည္း အေရာင္ေျပာင္းလာတာ လတ္ေတြ့ေနရသည္ ။ ဘယ္လိုအရိပ္မ်ိဳးလဲလို႔  မစူးစမ္းအား ။ ေျပာလက္စနဲ႔ ေျပာစရာရိွတာ အကုန္ေျပာဖို႔သာ လတ္စိတ္ေစာေနသည္။
  ” အဖြား စိတ္ထဲမွာ ကြၽန္မက ႏိုင္ႏိုင့္ကို ေငြေၾကးေၾကာင့္ ခ်ဉ္းကပ္ခဲ့တယ္လို႔ ထင္ေနတာလားေတာ့မသိ......”
”အဲ့ဒါဆိုရင္ မိန္းကေလးခ်င္း ဘာလို႔ သမီးရည္းစားလို ေနၾကသလဲ အဖြားလိုက္မမီလို႔ ရွင္းျပပါလား....”
လတ္စကား မဆံုးေသးခင္မွာ ျဖတ္ေမးလိုက္သံ ခပ္မာမာေၾကာင့္ လတ္ ရင္ထဲထိတ္ခနဲ ။ အခုမွ ႏိုင္အဖြား မ်က္ႏွာကို လတ္ ေသခ်ာၾကၫ့္မိသည္ ။အဖြားရဲ့မ်က္ႏွာထားက ေက်ာင္းသားကို စာေမးပြဲစစ္ေနတဲ့ ဆရာမရဲ့ မ်က္ႏွာႏွင့္ တူေနသည္ ။ ခုဏက ေစာ္ကားခံရတယ္ထင္လို႔ ေဒါသထြက္မိေပမဲ့ ခုခ်ိန္မွာ လတ္ ေၾကာက္လာသည္ ။ တကယ္သာ ႏိုင့္ဖြားဖြားက လတ္ကို စာေမးပြဲ လာစစ္တာဆိုရင္ အခုေမးခြန္းရဲ့အေျဖက လတ္တို႔ အနာဂတ္အတြက္ သိပ္ကိုအေရးႀကီးတဲ့ အေျဖျဖစ္လိမ့္မည္ ။ မွားလို႔ မျဖစ္ဘူး ။
လတ္ နဖူးမွာ ေခြၽးစေလးေတြသီးထလာၿပီ။
” နားနဲ႔မနာ ဖဝါးနဲ႔ နာပါ ဖြားဖြား…လတ္…သူ႔ကိုခ်စ္လို႔ ပါ…မိန္းကေလးရယ္ ေယာက္်ားေလးရယ္လို႔ စိတ္ထဲ ဘာမွမသတ္မွတ္ရေသးခင္ သူ႔ကို လတ္ ခ်စ္သူတစ္ေယာက္လို ခ်စ္မိသြားတာပါ… သူနဲ႔စကားေတြေျပာေနရင္းသူ႔ကို လတ္နဲ႔အမ်ိဳးတူ မိန္းကေလး တစ္ေယာက္လို မျမင္မိေတာ့ဘဲ ခ်စ္စရာ လူသားတစ္ဦးအျဖစ္ ျမင္မိသြားလို႔ ပါ…အခ်စ္ဆိုတာမိန္းကေလး ေယာက္်ားေလး အသားအေရာင္ ဘာသာတရားေတြရဲ့အေဝး ထိေတြ့ကိုင္တြယ္ျပလို႔ မရတဲ့ စိတၲဇ နာမ္ပါဖြား…ေလရိွေနတာ သိေပမဲ့ ရိွေနေၾကာင္း သက္ေသျပလို႔မရသလို အခ်စ္ဆိုတာလည္း ထိုနည္းတူပါဘဲ…အခ်စ္ဘယ္ေနရာမွာရိွတယ္...ဘာေၾကာင့္ ခ်စ္ၾကတယ္ဆိုတာ သက္ေသျပဖို႔ မလြယ္ကူပါဘူး ...ေလကို  က်ားမ မေရြး အသက္အရြယ္မေရြး ရႈရိွက္ခြင့္ ရိွသလို အခ်စ္ဆိုတာလည္း ထိုနည္းတူပါဘဲ အဖြား…ေလ မရိွဘဲ အသက္မရွင္ႏိုင္သလို အခ်စ္မရိွတဲ့ လူတစ္ေယာက္ရဲ့ ဘဝက ရွင္လ်က္နဲ႔ေသေနသလို ျဖစ္ေနမွာပါ…”
    လတ္ကို စိုက္ၾကၫ့္ေနတဲ့ မ်က္ဝန္းမွာ အရိပ္တစ္မ်ိဳးနဲ႔ လက္ေတာက္ေနသည္ ။
”ေနာက္ဆံုးေမးခြန္းတစ္ခုေမးမယ္ ခင္မင္းလတ္...မွန္မွန္ေျဖပါ...”
”ဟုတ္ကဲ့ ေမးပါအဖြား... ”
”တမ္းတႏိုင္ကို အဖြားတို႔က အေမျြပတ္ စြန႔္လႊတ္လိုက္ရင္ေကာ မင္း ခ်စ္ႏိုင္ဦးမလား ...လက္ခံႏိုင္ဦးမလား...”
     လတ္ တည္ၾကည္တဲ့ မ်က္ႏွာထားနဲ႔ အဖြားမ်က္ဝန္းေတြထဲကို တၫ့္တၫ့္စိုက္ၾကၫ့္ၿပီး ေလးနက္ေသာ ေလသံနဲ႔ တစ္ခြန္းျခင္း ျပန္ေျဖလိုက္သည္ ။
”လတ္ သူ႔ကို ဘယ္သူ႔သားသမီး ဘယ္လို အေျခအေနက  လူလို႔ သူ႔အေၾကာင္း ဘာမွမသိေသးခင္ ဓာတ္ပံုေလးတစ္ပံုကို စေတြ့ကတည္းက ခ်စ္ခဲ့တာပါ....လတ္ အတြက္ သူ႔ရဲ့ မ်ိဳးရိုးနဲ႔ သူ႔ရဲ့ ပိုင္ဆိုင္မႈေတြက အေရးမႀကီးပါဘူးအဖြား ...ခင္မင္းလတ္ အတြက္ေတာ့ ႏိုင္ႏိုင္က ႏိုင္ႏိုင္ ျဖစ္ေနဖို႔ဘဲ အေရးႀကီးတာပါ...သူသာ လူလြတ္ဘဝနဲ႔ လာခဲ့မယ္ဆိုရင္ ကြၽန္မအခ်ိန္မေရြး ဝမ္းသာစြာ ဆီးႀကိဳမွာပါရွင့္...ေငြက  ႀကိဳးစားရွာလို႔ရေပမဲ့ အခ်စ္စစ္ကေတာ့ တစ္သက္မွာ တစ္ႀကိမ္ပဲ ေပါက္ဖြားတတ္တာမ်ိဳးပါအဖြား ..ကြၽန္မမက္ေမာတာ သူ႔အခ်စ္ပါ... သူ႔ကို ေငြေၾကးနဲ႔ တန္ဖိုးမျဖတ္ႏိုင္သလို ဘာနဲ႔မွလည္း မလဲႏိုင္ပါဘူးရွင့္...´´
      အဖြားရဲ့ မ်က္ႏွာေပၚမွာ အၿပံဳးရိပ္တခ်ိဳ႕ ေတာက္ပလာသည္ ။
”ထပ္ေျပာပါရေစ အဖြား ခြင့္ျပဳပါ...ခု အဖြားထိုင္ေနတဲ့ အေတာအတြင္း လတ္ဆိုင္ရဲ့ ေရာင္းအားကို အဖြားျမင္မွာပါ...ၿပီးေတာ့ လတ္ကို အခ်ိန္ျပၫ့္ေစာင့္ၾကၫ့္ၿပီး လတ္အေၾကာင္း စံုစမ္းေနခဲ့တယ္ဆိုရင္ အဖြား သိမွာပါ ...လတ္ သူကို  အရမ္းမခ်မ္းသာရင္ေတာင္ ျပၫ့္ျပၫ့္စံုစံု ထားႏိုင္ပါတယ္...အခု ဒီဆိုင္ကေလးရဲ့ ဝင္ေငြက လတ္ရဲ့ မိသားစုအျပင္ ဝန္ထမ္းေတြရဲ့ မိသားစု အတြက္ပါ ေဝမ်ွသံုးစြဲဖို႔ လံုေလာက္ပါတယ္ အဖြား... ”

     အဖြားက လတ္ကို စူးစိုက္ၾကၫ့္ေနရာက ၿပံဳးျပသည္ ။ အခုျမင္ရတဲ့ အဖြားရဲ့ အၿပံဳးက ေတြ့စကနဲ႔ မတူ ။ လတ္ စိတ္ထဲ ေအးခ်မ္း သြားေစသည္ ။
”နားေထာင္လို႔ေတာ့ ေကာင္းပါတယ္ ခင္မင္းလတ္...လက္ေတြ့ ဟုတ္မဟုတ္ေတာ့ ေစာင့္ၾကၫ့္ ရဦးမွာေပါ့...မင္းေျပာတဲ့ စကားေတြကိုသက္ေသျပဖို႔ အခ်ိန္လိုပါတယ္ ...အဖြားမင္းကို ထပ္ၿပီးေစာင့္ၾကၫ့္ ဦးမယ္ ...အခုေလာေလာဆယ္ မင္းဆီမွာ ႏိုင္ႏိုင္မရိွဘူးဆိုတာေတာ့ အဖြားယံုသြားပါၿပီ...ဘယ္မွာရိွသလဲ ဆိုတာ ဆက္စံုစမ္းရဦးမယ္...”
       စကားဆံုးတာနဲ႔ ထရပ္လိုက္တဲ့ အဖြားရဲ့လက္ကို လတ္ သိမွတ္မဲ့ စိတ္နဲ႔ ဆုပ္ကိုင္လိုက္မိသည္ ။
”အဖြား ...ဒါ....ဒါဆို သူေပ်ာက္ေနတယ္ဆိုတာ တကယ္ေပါ့ေနာ္...သူတစ္ခုခုမ်ား...”
”ဘာမွ မျဖစ္ေလာက္ပါဘူး ေျမး...အဖြားတို႔ရဲ့ႏိုင္ႏိုင္ အႏၲရာယ္ကင္းကင္းနဲ႔ရိွေနမွာပါ...ဖြားက ေျမးဆီမွာထင္ၿပီး အခ်ိန္အၾကာႀကီး ျဖဳန္းေနမိတာဘဲ....သူတကယ္ရိွႏိုင္မဲ့ ေနရာကို ဖြား ခန႔္မွန္းမိၿပီ...ထင္လည္းမထင္ထားလို႔ ဖြားေမ့ေနတာ....စိတ္မပူနဲ႔ေျမး...သူ႔ကိုေတြ့ရင္ ဖြား အေၾကာင္းၾကားေပးမယ္....ဟုတ္ၿပီလား...”
    ႏိုင့္ဖြားဖြားက လတ္ကိုေခၚတဲ့  အေခၚအေဝၚေတြ စကားေျပာတဲ့ေလသံေတြ ေျပာင္းလဲ သြားတာ သတိထားမိေပမဲ့ လတ္ မေပ်ာ္ႏိုင္ ။ သူတစ္ခုခုမ်ား ျဖစ္ေနၿပီလားဆိုတဲ့ စိုးရိမ္စိတ္ေၾကာင့္  စကားမျပန္ႏိုင္ဘဲ ႏိုင္ႏိုင့္အဖြားကို မ်က္ရည္ဝဲေနတဲ့ မ်က္ဝန္းနဲ႔ ေမာ့ၾကၫ့္ၿပီး အားတင္းၿပံဳးျပလိုက္သည္ ။ လတ္ အားကိုးတႀကီး ဆုပ္ကိုင္လိုက္တဲ့ လက္ကို အဖြားကျပန္ဆုပ္ကိုင္လာေတာ့ လတ္ ႏိုင့္ဖြားဖြားကို ကားနားအထိ တြဲပို႔ေပးလိုက္သည္။ ကားထဲ ဝင္ခါနီးမွ ဖြားဖြားက လတ္ ရဲ့ ဦးေခါင္းကို လက္နဲ႔ အုပ္ကိုင္ၿပီး ခပ္ဖြဖြပြတ္သပ္ကာ ဘာစကားမွ ထပ္မဆိုဘဲ ကားထဲဝင္သြားသည္ ။ အျဖဴေရာင္ကားေလး လတ္ ျမင္ကြင္းထဲကေန တေရြ့ေရြ့ ေပ်ာက္ကြယ္သြားသည္အထိ လတ္ ေငးၾကၫ့္ေနမိသည္ ။
အသက္ရွင္လ်ွက္နဲ႔ ေကာင္းေကာင္းမြန္မြန္ ရိွေနတယ္ဆိုရင္ လတ္ဆီကို အျမန္ျပန္လာခဲ့ပါ ႏိုင္ႏိုင္ရယ္ ။ ဘယ္လိုအေနအထား ဘဲျဖစ္ျဖစ္ ဘာအခက္အခဲဘဲ ရိွရိွ လတ္တို႔ အတူရင္ဆိုင္ ေျဖရွင္းၾကမယ္ေလ ။
     လတ္ ထင္တာ မမွားဘူးဆိုရင္ အရမ္းခက္ခဲ ျမင့္မားတဲ့ ဖြားဖြားဆိုတဲ့ ေတာင္တစ္လံုးကို လတ္တို႔ ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီ ထင္ပါရဲ့ လတ္ရဲ့ႏိုင္  ရယ္ ။လတ္ဆီ ျမန္ျမန္ျပန္လာပါေတာ့ေနာ္။
~_~ ~_~_ ~×~_~_~_~_~×~_~_~_~

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now