အပိုင်း..၈
''အလတ်ရေ...ကိုယ် ရောက်နေပြီ...ဒီည ကိုယ့်ကို အဖော်လုပ်နော် စကားတွေ အများကြီး ပြောကြမယ်လေ ...´´ပုလင်းပေါင်းစုံ အမြည်းပေါင်းစုံနဲ့ ရိုက်ထားတဲ့ ပုံလေးကိုကြည့်ပြီး လတ်ပြုံးနေမိသည် ။နိုင်နိုင့် မျက်နှာလေးက ကြည်လင်ရွှင်ပျနေတာဘဲ ။ သူပျော်နေတာ မြင်ရတော့ လတ် စိတ်ချမ်းသာရပါသည် ။ နိုင်နိုင်က လတ် အတွက် မှန်ကလေး တစ်ချပ်လို ။
''ဟင်. .နိုင်နိုင်က သောက်နေမဲ့ဟာ လတ်က ဒီတိုင်းထိုင်စောင့်နေရမှာလား...လွတ်လွတ်
လပ်လပ်ပျော်ပါ နိုင်နိုင်ရယ် ...လတ်က ခဏနေရင် အိပ်တော့မှာ ...´´''မအိပ်ရပါဘူး အလတ်ကလေးရဲ့...
ကိုယ်နဲ့စကားပြောဦးလေ...´´
''နိုင်နိုင်က ခဏနေရင် မူးတော့မဲ့ဟာ...´´''တော်ရုံနဲ့ ကိုယ်မမူးပါဘူးအလတ်ရဲ့...
မူးအောင်လည်း မသောက်ဘူး စိတ်ချ...
စကားပြောလို့ကောင်းရုံ...
ရီဝေဝေလေးလောက်ဆို ကိုယ်တော်ပြီ...နော် လတ်နော် ...ကိုယ်နဲ့ စကားတွေပြောကြမယ်နော်...´´''ဟုတ်ကဲ့ပါ ...အဲ့ဒါဆိုလည်း နိုင်နိုင်ပြောချင်တဲ့ အချိန်ထိပြော...ဘာမှ မပြောတော့မှ လတ် အိပ်မယ်လေ ...´´
လတ်သည် အိပ်ချင်လွန်းလို့ မှိတ်ကျနေတဲ့ မျက်ဝန်းတွေကို အတင်းတွန်းဖွင့်ရင်း စာရိုက်နေရသည် ။ တစ်နေကုန် လှုပ်ရှားနေရတဲ့ လူတစ်ယောက်အတွက် ညကိုးနာရီကျော် ဆယ်နာရီဟာ အိပ်စက်အနားယူဖို့ သင့်တော်တဲ့ အချိန်ပါ ။
အချစ်ရှေ့မှောက် ဒူးထောက်ဝပ်ဆင်းနေတဲ့ လတ်အတွက်ကတော့ နှလုံးသားရဲ့ အလိုဆန္ဒအရ ပိတ်ကျနေတဲ့ မျက်ခွံတွေကို လွန်ဆန်ရပါလိမ့်မည် ။ သူ့ဆီက စာပို့လာမှာကို စောင့်နေရင်း လတ်မျက်ဝန်းတို့က ခုတင်ခေါင်းရင်းသို့ အကြည့်ရောက်သည် ။ တစ်စုံတစ်ယောက် ပျော်ရွှင်ဖို့အတွက် သူလစ်ဟာပေးလိုက်ရတဲ့ စုဗူးလေးက လတ်ကို ငေးနေသယောင် ။လတ် စုဗူးလေးကို လှမ်းယူပြီး သေတ္တာထောင့်ထဲ သေချာပြန်ထည့်သိမ်းလိုက်သည်။ ထွက်လာသမျှထဲက တချို့ကို သူ့ထံလွှဲပေးလိုက်ပြီး ချန်ထားတဲ့ ပိုက်ဆံတွေကိုတော့ စာအိတ်လေးထဲထည့်ပြီး ဒိုင်ယာရီ စာအုပ်ကြားထဲ ညှပ်ထည့်ထားလိုက်သည် ။ သူ့ အိမ်နဲ့ ပြန်အဆင်မပြေမချင်း လတ်ရေမုန့်ဖိုးဆိုရင် လတ်သူ့ကို မငြင်းဆန်ဘဲ တတ်နိုင်သလောက် ပေးချင်သည်လေ ။

YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...