part. 3

10K 778 27
                                    

Unicode
အပိုင်း..၃

''မင်္ဂလာပါရှင့်...ကျွန်မ တမ်းတနိုင်နဲ့ သူငယ်ချင်း ဖြစ်ချင်ပါတယ်´´
''ဟိတ်...အချေလေး...အသည်းလေးတွေနဲ့ ဒို့ရဲ့ နိုတီကို နီရဲ လှပသွားစေလို့ ကျေးဇူး...´´

    ရှေ့ဆင့်နောက်ဆင့် ဝင်လာတဲ့ စာနှစ်စောင် ။အလတ်မ စာကအရင် TU ကွင်းလေးစာကနောက် ။ သူကျေနပ်စွာပြုံးပြီး ကွင်းလေးကို စာပြန်လိုက်သည် ။

''ကိုယ်က မချေပါဘူးကွာ... ကြယ်စင်မျိုး ဆိုတဲ့ ကွင်းကသာချေတာပါ...ကိုယ့်မှာ ကွင်းလေးကို အနားမကပ်ရဲလို့ ငေးနေရတာ ကြာပါပြီ...အသည်းပေးတာကြိုက်
ရင် နိုတီက နီရဲနေတဲ့ အသည်းမဟုတ်တဲ့ ရင်ထဲက အသည်းနှလုံးစစ်စစ်ကိုလည်း ကြယ်လေးသာ လိုအပ်ရင် ကိုယ် ပေးနိုင်ပါတယ်နော်...´´

သူပို့လိုက်တဲ့စာက ချက်ခြင်း seen ပြပြီး နောက်ထပ် စကားတွေ အမျှင်မပြတ် ပြောဖြစ်ကြသည် ။ သူဖောက်လိုက်တဲ့ မြောင်းအတိုင်း စီးကျလာတဲ့ရေတွေက သောင်ပြို ကမ်းပြို ။ သူ့အာရုံထဲမှာ အလတ်မ မရှိတော့ ။ ချစ်သူလက်မဲ့ ဖြစ်သွားတာ နှစ်ရက်သုံးရက်ရှိပြီဆိုတော့ သူ နေမထိထိုင်မသာ ။ မကြာခင်မှာသူ သိပ်ကိုလှတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ရပါလိမ့်ဦးမည်။ သူ့စိတ်သည် ကြယ်စင်မျိုး ဆီမှာသာ လုံးလုံးလျားလျား ငြိတွယ်နေသည် ။

လတ်သည် စာပြန်လိုက်ပေမဲ့ ခုထိ seen မဖြစ်ဘဲ မီးစိမ်းနေတဲ့ အကောင့်လေးကို အတန်ကြာ ကြည့်နေမိပြီးမှ သူ့ wall ထဲမှာ သူ့ပို့စ်တွေကို လျောက်ကြည့်နေရင်း စာပြန်လာမဲ့ အချိန်ကို စောင့်နေမိသည် ။ မနေ့က ကြည့်ပြီးပေမဲ့ ဒီနေ့ထပ်ကြည့်ပြန်တော့လည်း သူ့ပုံရိပ်တွေကို မြင်နေရတာ  လတ် စိတ်ထဲမှာ ရိုးသွားသည် ရယ်လို့ မဖြစ်မိ ။ သူ့ အကြည့်တွေ အပြုံးတွေဆီမှာ လတ် တွယ်ငြိနေမိပြန်သည် ။

သူက သိပ်လှတာပဲ ။ လတ် ရဲ့ မမလို နူးညံ့တည်ငြိမ်တဲ့ အလှမဟုတ်ဘဲ ထင်ရှားပေါ်လွင်တဲ့ အလှမျိုး ။ လတ်မမရဲ့ အလှက လမင်းလိုဆိုရင် သူ့အလှက နေမင်းလို ။
ဖုန်းပေါ်မှာ မြင်ရတဲ့ ပုံရိပ်ယောင်ထဲက အကြည့်တွေ အပြုံးတွေကို ငေးနေရင်း လတ် လက်ဖျားတွေ ခြေဖျားတွေကနေ အပူငွေ့ နွေးနွေးလေးတွေထွက်နေသလိုလို။ လတ်ရဲ့ ရင်ဘတ်ထဲမှာ ဘာမှမရှိတော့သလို ဟာ နေပြီး လူက လေထဲမှာ မျောလွင့်နေသလို ခံစားနေရသည် ။ဘယ်ဘက် ရင်ဘတ်ထဲက ပုံမှန် လှုပ်ရှားနေကြ အရာလေးက ဖုန်းထဲက  သူ့အကြည့်စူးစူးနဲ့ ဆုံတိုင်း ပျော်ရွှင်နေသလို ခုန်ဆွ ခုန်ဆွ ။  ရင်ခုန်တယ်ဆိုတာ ဒါမျိုးလား ။ လတ် ဒီအရွယ်အထိ တခါမှ မခံစားဖူးတဲ့ ခံစားချက်မို့ ထူးခြားဆန်းကြယ်နေသည် ။ ခုချိန်မှန်ထဲမှာ သွားကြည့်ရင် လတ်ပါးလေးတွေ ရဲတောက်နေမှာ သေချာလေသည် ။

  စကားပြန်မပြောတုန်းကတော့ အသည်းအသန် ။ ခုပြောပြန်တော့လည်း လျစ်လျူရှုခံထားရမှုအပေါ် လတ် ခံစားမနေပါ ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ထူးခြားဖြစ်စဉ်တွေကို ပြန်ဆန်းစစ်ရင်း အချိန်တွေက မသိမသာ ကုန်ဆုံးနေသည် ။ သူက လတ်လိုဘဲ မိန်းကလေး တစ်ယောက်ဆိုတာကို အသိကပ်နေတဲ့ကြားက သူ့ရဲ့ ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ပေါ်လာတိုင်း လတ် လေဟာနယ်ထဲ မျောလွင့်သထက် မျောလွင့်နေသလိုပင်။

    သူက လူချစ်လူခင်များတဲ့ ကောင်မလေးပါလား။ ပို့စ်တိုင်းမှာ လိုက်ခ်က ရာကျော် ။ အသည်းလေးတွေက ခပ်များများ ။လတ်သည် သူ့ရဲ့ ပို့စ်တိုင်းကို အသေးစိပ်ကအစ လိုက်ကြည့်နေမိသည် ။  ခရီးသွားနေတဲ့ပုံတွေ သူငယ်ချင်းအုပ်စုလိုက် လျောက်လည်နေတဲ့ ပုံတွေ ရှော့ပင်းထွက်နေတာ တွေအပြင် ဘားသွား သောက်စားနေတဲ့ ပုံတွေပါမြင်တော့ လတ်က အံ့သြမိတဲ့ကြားက သဘောလည်းကျ အားလည်းကျမိသည် ။ သူ့ဘဝလေးကျတော့လည်း လွတ်လပ်ပေါ့ပါးလိုက်တာ ။ သူ့ကို ရိသဲ့သဲ့ လုပ်နေတဲ့ သူတွေက မိန်းကလေးက အများစု ။ သူကဘာလဲ ။ လတ်မသိပါ ။ လတ်လိုမျိုး သူ့အလှမှာ ကြွေဆင်းတဲ့သူတွေ များပါလားဆိုတဲ့ အသိကြောင့် လတ်ရဲ့ အတွင်းစိတ်ထဲမှာ ထိုအဖြစ်အပေါ် မနှစ်သက်တဲ့ ခံစားချက်တွေ ပြည့်သိပ်လာနေသည် ။ သဝန်တိုတယ်ဆိုတာမျိုးများလား ။ လတ်ဘာတွေဖြစ်နေတာလဲ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now