အပိုင်း...၁၉
သူမတို့ အိမ်ပေါက်ဝ ရောက်တာနဲ့ လှမ်းကြည့်လိုက်တိုင်း မြင်ရလေ့ရှိသည့် ပုံရိပ်ကို ခုမတွေ့တော့ သူ့ရင်ထဲမှာ ဟာတာတာ ။ခါတိုင်းဆိုရင် ငွေသိမ်းကောင်တာမှာ မဟုတ်ရင် ဆိုင်ရဲ့ တခြားတနေရာရာမှာ ဆိုင်ဝန်ထမ်းလေးနှစ်ယောက်နဲ့အတူ တခုခုလုပ်နေတဲ့သူမကို ဆိုင်ထဲ ဝင်လိုက်တာနဲ့ အမြဲတွေ့နေကျ ။ခု သူမပုံရိပ်လေးကို မတွေ့ရတော့ နေမကောင်းများ ဖြစ်ပြန်ပြီလားလို့ တွေးပူမိပြန်သည်။
သူနဲ့ စတွေ့တွေ့ချင်းတုန်းက သူမဖျားတာ မြင်ပြီးကတည်းက သူမကျန်းမာရေး မကောင်းဖြစ်မှာကို သူစိတ်ပူတတ်လာသည်။ နေမကောင်းလည်း အကောင်းလုပ်ပြီး အလုပ်ထလုပ်ရတာကို မြင်နေရသည်မို့လား ။
''နိုင်နိုင်ရေ...အလတ်ကမရှိဘူး...ငယ်လေးနဲ့ ဈေးသွားတယ်ကွဲ့...´´
ဆိုင်ထဲမှာ သူမကို အသည်းအသန် ပတ်ရှာနေမိတဲ့သူက ကောင်တာမှာ ငုတ်တုတ်ထိုင်နေတဲ့ ယောက္ခမလောင်းကြီးကို သတိမထားမိ။ အသံကြားတော့မှ လှည့်ကြည့်ပြီး ရှက်ရွံ့အားနာစွာပြုံးပြလိုက်ရသည် ။
''ဟုတ်ကဲ့ အန်တီ...သွားလိုက်တာကြာပြီလားရှင့်...´´
''ကြာပြီ သမီးရေ... ပြန်လာခါနီးပါပြီ ...ခဏထိုင်စောင့်သမီး...´´
အပြင်ခဏခဏထွက်ဖို့ အဆင်မပြေတဲ့ သူမနဲ့ အမြဲတမ်း မြင်ချင်တွေ့ချင်နေတဲ့သူ့ကြားမှာ မအိက ကန့်လန့်ကန်လန့်ပါရမြဲ ။ မအိခရီးမထွက်ရဘဲ မြို့လေးမှာ ရှိနေရင် သူမကို ခဏ တဖြုတ် ခေါ်ထုတ်လာပေးလိုက် သူနဲ့အတူသူမအိမ်သွားလည်လိုက်နဲ့ ။ခုတကြိမ်က ချစ်သူဖြစ်ပြီးနောက်ပိုင်း သူတစ်ယောက်တည်း သူမဆီ လာခြင်းပင်။ ညတိုင်းတော့ဖုန်းဆက်ကြ လိုင်းပေါ်မှာ တွေ့ကြပါသည်။
''ဟုတ်ကဲ့ အန်တီ...ခဏထိုင်စောင့်လိုက်မယ်
... မအိမင်္ဂလာဆောင်အတွက် လက်ဖွဲ့ကိစ္စတိုင်ပင်ချင်လို့ပါ... ´´
ဆိုင်ရှေ့က ခုံတန်းလေးမှာ ဝင်ထိုင်ရင်း သူပြောတော့ သူမအမေက သူ့ဘေးနားလာထိုင်သည် ။
''ဟုတ်သားဘဲ...ဘာလိုလိုနဲ့ အိအိလေးတောင် မင်္ဂလာဆောင်တော့မယ်...´´
သူ့ကို ပြောသလိုလို တစ်ယောက်တည်း ပြောသလိုလိုနဲ့ ရေရွတ်ပြီး လမ်းမဘက်ကို တချက်ငေးသွားသည့် သူမအမေမျက်နှာကို သူငးကြည့်နေမိသည် ။
''သမီး ...ခဏထိုင်ဦးနော် ...အန်တီကော်ဖီဖျော်ပေးမယ်...´´
YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
عاطفيةကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...