part... 14(z&u)

8.8K 742 114
                                    

အပိုင်း ၁၄
ပန်းမြို့တော်လို့ခေါ်တဲ့ ပြင်ဦးလွင်မြို့ရဲ့ လမ်းမထက်မှာ ဆိုင်ကယ်လေးတစ်စီး တရိပ်ရိပ်ပြေးနေသည် ။ ဆိုင်ကယ်လီဗာကို တင်ပြီးရင်း  တင်နေမိတဲ့သူ။ တရိပ်ရိပ်ပြေးနေတဲ့ ဆိုင်ကယ်ထက်အလျင် စိတ်က ရှေ့သို့ရောက်နေသည် ။ တမ်းတနိုင် ဆိုတဲ့သူက ခုတော့ သွေးအေးပြီး အပျော်အပါးမက်တဲ့ ကောင်မလေး မဟုတ်တော့ ။ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားနေဖို့ သူ့မှာ အချိန်မရှိတော့ ။
သူမက်မောတဲ့ အပျော်အပါးတွေနဲ့ ပြည့်နေတဲ့ ရန်ကုန်မြို့ကြီးကနေ တစ်ဖဝါးမှမခွာ ကပ်တွယ်နေချင်တဲ့သူ မဟုတ်တော့ ။

     လူဆိုတာ ကံပစ်ချရာ ရှင်သန်ရတယ်တဲ့ ။ သူကလည်း သူ့ကံကြမ္မာရဲ့ စေစားရာအတိုင်း ရှင်သန်နေတဲ့သူ ဖြစ်နေပြီ ။

     ကုန်းပြေပြေလေးကို စိတ်မရှည်စွာ ဆိုင်ကယ်နံပါတ်ဝမ်းဂီယာနဲ့ တက်လာပြီးတဲ့နောက် သူရည်ရွယ်ရာနေရာကို ရောက်လာခဲ့ပြီ ။ ဆောက်ပြီးတာ မကြာသေးတဲ့ ဟိုတယ် အဆောက်အဦးတစ်ခုရှေ့မှာ သူ့ဆိုင်ကယ်လေး ရပ်လိုက်တာနဲ့ ဝန်ထမ်းတစ်ယောက်က ပြေးလာကြိုသည် ။

''ဧည့်သည်တွေ ရောက်နေပြီလား....´´

''ဟုတ်ကဲ့ ခုဘဲရောက်ပါတယ် မမလေး...´´
    သူ့ထက် အသက်ကြီးတဲ့လူတွေက မမလေး လို့ အခေါ်တာ အစပထမက သူနေသားမကျပေမဲ့ ခုတော့ ကြားစကလို နေရထိုင်ရမခက်တော့ ။ နယ်ပယ်သစ်မှာ အဆင်ပြေအောင်နေပြီး တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်းတတ်ခဲ့ပြီ ။
လောကကြီးက မေမေ့အိမ်လို သူ့ကို နွေးထွေးလုံခြုံမှု မပေးနိုင်မှန်းသိလို့ သူ့ကိုယ်သူ ထိန်းကျောင်းနေတတ်ခဲ့ပြီ ။

    သူတို့ဆွေမျိုးစုတွေ စုပေါင်းတည်ထောင်ထားတဲ့  ဟိုတယ်တွေမှာ သူက management နဲ့ ပတ်သက်တဲ့ အပိုင်းကို တာဝန်ယူထားခဲ့သည် ။ သူ ဝါသနာပါလို့ ယူထားခဲ့တဲ့ဘွဲ့ကို အသုံးချဖို့ အချိန်တန်ပြီ မဟုတ်လား။ ခုတော့သူက လေနှင်ရာ လွင့်နေတဲ့ ရွက်ကြွေလေး မဟုတ်တော့။ လောကအလှကို တထောင့်တနေက အလှဆင်မဲ့ အညွန့်တလူလူနဲ့ ပင်ပျိုကလေး ဖြစ်နေခဲ့ပြီ ။

    ဖွားဖွားဆုံးမတဲ့ စကားကြောင့် သူ့ကိုယ်သူ ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့တာ ။ အလုပ်ချိန်တွေမှာ အရာအားလုံးကို မေ့ထားလို့ ရသလောက် အလုပ်ပြီးချိန်မှာတော့ အတိတ်က တံခါးလာလာခေါက်တတ်သည် ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now