part...5( zawgyi & uni)

9.9K 799 62
                                    

   

အပိုင်း...၅  
''ဟေး အလတ်လေး ကိုယ်ကြွားစရာရှိတယ်ဆိုတာ ခုထိမကြွားရသေးဘူးကွ ...ခုကြွားလို့ရမလား...´´
လတ်သူ့ကို ချက်ခြင်းစာမပြန်မိ။ နေ့လည်က အိလာလည်တဲ့အကြောင်းနဲ့ လတ် ရဲ့ခံစားချက်တွေကို သူ့ကို ရင်ဖွင့်ပြောပြချင်နေမိသည် ။ သူ လက်ခံပါ့မလား ။ ကြိုက်ပါ့မလား ။ သူ ပြောသမျှ ကို လတ် နားထောင်ပေးခဲ့တော့ လတ် ပြောပြရင်ကော သူ နားထောင်ပေးမှာလား ။ လတ် သည် ဘဝမှာ ပထမဦးဆုံး အကြိမ်အဖြစ် သူစိမ်း တစ်ယောက်ဆီမှာ လတ်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြဖို့ ဆုံးဖြတ်လိုက်သည် ။
    ''နိုင်နိုင်ပြောတာ လတ် နားထောင်ပေးမယ်...လတ်လည်းပြောစရာရှိတယ် နိုင်နားထောင်ပေးမလားဟင်... ´´
     ''ကိုယ်အရင်ပြောမယ်...မင်း ကိစ္စကို ပြီးမှပြော ဟုတ်ပြီလား...´´
   သူက အဲ့လိုပဲ ။ လတ်ကိုဆို ဘယ်တော့မှ ဦးစားမပေး။ သူ ဖြစ်ချင်တာ သူလုပ်ချင်တာဘဲ သိတဲ့သူ ။
    ''ဟုတ်ကဲ့ အဲ့ဒါဆိုလည်း နိုင်အရင်ပြော...မဟုတ်သေးဘူး ကြွားချင်တယ်ဆို ကြွားတော့နော်...´´
''အိုခေ...´´
   ချက်ခြင်းပင် ဓာတ်ပုံတစ်ပုံပို့လာသည် ။ တွဲလျက်စာပါသည် ။
''ကိုယ့်ချစ်သူအသစ်စက်စက်လေးနဲ့...´´
   ပုံထဲမှာ သူနဲ့အတူ ကောင်မလေးတစ်ယောက် ။ ကောင်မလေးက ငယ်ငယ်ချောချောလေး ။ လှတာမှ တော်တော်လှတာ ။  ကောင်မလေးက ရှေ့တည့်တည့်ကိုကြည့်ကာ ရယ်နေပြီး သူကနုတ်ခမ်းလေးစူပြီး ကောင်မလေးပါးနားမှာ နမ်းတော့မဲ့ပုံနဲ့ ။ သူ့ချစ်သူက ကောင်မလေးပါလား ။ ဒါဆိုသူက သူပြောတဲ့ Lesbian ပေါ့ ။လတ်သည် ပုံထဲက သူနဲ့သူ့ကောင်မလေးကို ငေးရင်း ရင်တထိတ်ထိတ်ခုန်လာသည်။ ဘယ်လိုခံစားချက်ကြီးပါလိမ့်။
''ကြယ်စင်မျိုးတဲ့...ကိုယ့် ထက်ငယ်တယ်...TU က queen လေး...ကိုယ် သူ့ကိုရဖို့ ခက် ခက်ခဲခဲလိုက်ထားရတာကွ...
ဘယ်လိုလဲ ကိုယ်တို့နှစ်ယောက် လိုက်ဖက်လားအလတ်...ကိုယ့်ချစ်သူက တကယ်ချစ်စရာလေးနော်...´´
   သူပို့လိုက်တဲ့ပုံကို သူ့ဖာသာကြည့်ပြီး ကျေနပ်စွာပြုံးနေမိသည် ။ တကယ်ကို သူ့အတွက် ခက်ခဲခဲ့တာပါ ။ ပြီးတော့ ဘယ်လောက် တာရှည်ခံမလဲဆိုတာ ရင်တထိတ်ထိတ် အနေအထား ။ ကြိုက်သူ လိုက်သူပေါတဲ့ ကောင်မလေးကို အချေအခြင်းခြင်း သူက အချေခံပြီး လိုက်ထားရခြင်းသည် ပြိုင်ဘက် ကောင်လေးတွေကို အနိုင်ယူချင်လို့သာ ။ ပြီးတော့ သူလိုချင်ရင် မရဘူးဆိုတာ မရှိစေရဆိုတဲ့ သူ့ အနေအထားကို ပိုပြီး အခိုင်အမာ သက်သေပြချင်လို့လည်း ဖြစ်သေးသည် ။
   သူ့အတွေးနဲ့သူ ကျေနပ်နေလို့ အလတ်ဘက်က ဘာမှ တုန့်ပြန်မှုမလာသေးတာ သူမေ့နေသည် ။ အရင် အချိန်တွေတုန်းက သူ့အချစ်ရေးကို လျှို့ဝှက်ထားချင်သလောက် ဒီတစ်ယောက်ကိုတော့ သူ လူပုံအလယ် ထုတ်ပြချင်နေသည် ။ လှတပတလေးကို ခက်ခက်ခဲခဲ လူအများနဲ့ ယှဉ်လုထားရတာ ။ သူက အစက bi တယောက်ပေမဲ့ ခု ကြယ်စင့်အချစ်ကိုရတော့ les တလိုင်းဘဲ ရပ်ချင်နေတော့သည်အထိ အလှပဂေးလေးကိုဘေးထားပြီး သွေးကြွနေတာ ။
    သူ့မှာ ထူးထူးခြားခြား ဘာလေး ဖြစ်ဖြစ် အလတ်ကို ပြေးပြောပြချင်တာ ဘာကြောင့်လဲဆိုတာ သူမသိ။  အလတ်ကို သူနဲ့ကလွဲပြီး တခြားသူနဲ့ စကားပြောမှာကို မလိုလားတာဟာ ဘာကြောင့်လဲလို့သူ့စိတ်သူမဆန်းစစ်မိ ။
''အလတ် ... ငြိမ်နေပါလား...တခုခုပြောဦးလေ ...ကိုယ့်ချစ်သူက ချောလားလို့...´´
    လတ်သည် ပါးပြင်ပေါ် သူ့အလိုလို စီးကျနေတဲ့ မျက်ရည်တွေကို လက်ဖဝါးနဲ့ အားရပါးရ ပွတ်သုတ်ပြီးမှ ဝေဝါးနေတဲ့ မျက်ဝန်းတွေနဲ့ ဖုန်းကိုပြူးပြဲကြည့်ပြီး စာရိုက်ရသည် ။ လည်ပင်းမှာ တစ်ခုခုတစ်ဆို့နေသလိုလို ရင်ထဲမှာလည်းနာကျင်နေသလိုလို ။ ရင်ခုန်သံ မြန်နေတာကလည်း မရပ်။ လတ် ဘာဖြစ်နေတာလဲ ။ သူနဲ့ တစ်လကျော်ကျော် စကားပြောနေတဲ့ အချိန်တွေအတွင်း လတ်ရဲ့ သူ့အပေါ်ငြိတွယ်မှုက ကြောက်စရာကောင်းလောက်အောင် ကြီးမားနေပါလားလို့ သတိထားမိတော့ လတ် ကိုယ့်ကိုယ်ကိုယ် အံ့သြနေမိသည် ။ သူငယ်ချင်းလေ ။ လတ်နဲ့ နိုင်က သူငယ်ချင်းတွေလေလို့ ကိုယ့်ဖာသာ သတိပေးနေပေမဲ့ မသိစိတ်က လက်မခံ ။ လတ်က စခဲ့တာမှ မဟုတ်တာ ။ လတ်ကို အတင်းလာခင်လို့ လတ်က ပြန်ခင်မိတာ ။ သူ့မှာ ချစ်သူရှိလာတော့ လတ်ကို အရင်ကလို မခင်တော့မှာစိုးလို့ပါ ။ ကိုယ့် ဖြေသိမ့်စကားကို ကိုယ့်စိတ်ကိုယ်တိုင်က လက်မခံချင် ။
သံယောဇဉ်တွေကိုကြောက်လို့ တစ်ယောက်တည်း နေတဲ့သူကိုမှ ။ နိုင်ရယ်။
''နိုင့် ချစ်သူက ကောင်လေးတစ်ယောက်ဖြစ်မယ်လို့ ထင်ထားတာ...အခုက ကောင်မလေးဆိုတော့ ဟိုလေ နိုင်က...´´
    တစ်ဝက်တစ်ပျက်နဲ့ ရပ်ပြီး စာပို့လိုက်သည်။
   ''ဟုတ်တယ်...ကိုယ်က Lesလေ...အရင်ကတော့ bi...biဆိုတာကိုရော မင်းသိရဲ့လား...´´
   ''ဟင့်အင်း...´´
    ''biဆိုတာ bixesual တဲ့...ကောင်လေးရော ကောင်မလေးရောကို ကြိုက်တာကွ...ကိုယ့်မှာ ချစ်သူကောင်လေးတွေလည်း ရှိခဲ့ဖူးတယ်...အခုကတော့ ကိုယ့်ကောင်မလေးက ချောလွန်းတော့ သူ့ကိုလက်မလွတ်ချင်တော့ဘူး...les ဘဲ လုပ်တော့မယ်...ကိုယ်သူ့ကို တကယ်ချစ်မိသွားပြီထင်တယ်...မေးထားတာဖြေဦး အလတ်ရ...ကိုယ်တို့နှစ်ယောက် လိုက်ဖက်ရဲ့လား...´´

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now