အပိုင်း...၇လတ်ကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကို ရင်မဆိုင်နိုင်စွာ မျက်လွှာချထားမိသည် ။ ရှေ့ကို ဖတ်ခနဲ ကျလာတဲ့ ဖုန်းကိုလည်း မကောက်ရဲ ။ခုချိန်မှာ လတ်က အပြစ်ရှိသူမဟုတ်လား ။
''ငါ ဘာမှမပြောတော့ဘူး အလတ်...ငါလုပ်ပေးသမျှက အလကားဘဲ...နင်ကစေတနာနဲ့မတန်ဘူး...နင့်ထိုက်နဲ့ နင့်ကံ နင်စိတ်ချမ်းသာသလိုသာနေတော့...
ဘာဖြစ်ဖြစ် ငါ့ကို လာမပြောပြနဲ့တော့...´´မှားတဲ့သူက ကိုယ်ဖြစ်ပေမဲ့ လတ် ခုချိန်မှာ အိကိုမတောင်းပန်ရဲ ။ ဘယ်လောက်ထိ စိတ်ဆိုးနေလဲဆိုတာ နီရဲနေတဲ့ မျက်နှာရယ် တဆတ်ဆတ်တုန်နေတဲ့ နုတ်ခမ်းကို ကြည့်ရုံမျှဖြင့် သိသာလေသည် ။ လတ်ကိုမချစ်တဲ့ သူတစ်ယောက်အတွက်ကြောင့် လတ် အချစ်ဆုံး သူငယ်ချင်းကိုအဆုံးရှုံး ခံရတော့မှာလား ။
လတ်ကလည်း မလိမ်တတ်တော့ခက်သည် ။ ခရီးရောက်မဆိုက် လတ်ထံအပြေးလာပြီး သီချင်းအသစ်တွေ လာသွင်းပေးတဲ့ အိကို လတ်မလိမ်ဖြစ်ခဲ့ ။ နိုင်နိုင်နဲ့ အဆက်အသွယ် ပြန်ရနေတယ် ဆိုတာ ကြားတာနဲ့ အိ ပေါက်ကွဲတော့တာ ။အိက ဘာမှမပြောပဲ လတ်မျက်နှာကိုသာ စူးစူးရဲရဲစိုက်ကြည့်နေတော့ လတ်နေရခက်လာသည် ။ တန်ပြန်စိုက်ကြည့်ရအောင်ကလည်း ကိုယ်က မှားတဲ့ဘက်မှာ ။ အိစိုက်ကြည့်နေတာကို လတ်မှာ မျက်လွှာလေးအသာချပြီး ငြိမ်ခံနေရရင်း လတ် ဘေးက လှည့်ထွက်သွားမဲ့ ခြေသံကိုသာ နားစွင့်နေမိသည် ။
အိက အရမ်းစိတ်ဆိုးနေရင် စကားမပြောတော့တာ လတ်အသိ ။ သို့သော် လှည့်ထွက်သွားတဲ့ ခြေသံအစား အသံကိုနားစွင့်နေသည့် နားရွက်ကို ခပ်ပြင်းပြင်း လိမ်ဆွဲခံလိုက်ရသည် ။''နင့်မှာ အမှတ်သည်းခြေဆိုတာ ပါမလားဘူးလား အလတ်...ဟင်... ´´
ဆူသာဆူနေသော်လည်း အသံခပ်အုပ်အုပ်သာ ။ အိ ကလတ်ကို ချစ်သလို လတ်ကလည်း အိကို အရမ်းချစ်ပါတယ် ။ ငယ်ပေါင်းသူငယ်ချင်းတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကြာကြီး ပစ်မထားရက်ကြ။ အိမ်အလုပ်တွေ ပိနေတဲ့ လတ်က အိထံက အယူများပေမဲ့ အိသာ လိုအပ်လာရင် အားလုံးကို ပစ်ချခဲ့ပြီး လိုက်ကူညီဖို့ ဘယ်တုန်းကမှ မနှောင့်နှေးတတ်ခဲ့ ။
YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...