Part - 1
အခန်းထဲဝင်လာသည်နှင့် မိုး ကိုယ်လေးက ဆတ်ခနဲ တုန်ယင်သွားရသလို ခပ်ရွံ့ရွံ့လေး ဖြစ်သွားမိတာ အမှန်ပင်။ အရက်ခိုးတွေဝေနေသည့် ကြားမှ လူကို စားမတတ် ဝါးမတတ် သွားရေတမြားမြားဖြင့် ကြည့်နေသည့် အကြည့်တို့နဲ့အတူ အသက်သုံးဆယ်နီးပါး ကိုယ့်ဦးလေးအရွယ်မို့ စိတ်ပျက်မိတာလဲ အမှန်ပင်။
" ဟာ...ငယ်ငယ်လေး ရှိသေးတာပဲ။ လာထိုင်လေ သမီး။ "
ဟုတ်သည်။
မိုး အသက်ဟာ ဆယ့်ရှစ်နှစ်မပြည့်သေးပေမယ့် ဒီ KTV ကို ရောက်တာ နှစ်ပတ်ရှိပြီ ဖြစ်သည်။ အရင်နေ့တွေကတော့ စားပွဲထိုးရပေမယ့် ဒီည မရမက အတင်းဧည့်ခံခိုင်းကာ ခြိမ်းခြောက်လာသည့် ဂျာကြီးကြောင့် တိုတိုပြတ်ပြတ်တွေ ဝတ်ကာ ရောက်လာရခြင်းပင်။" သမီး နာမည် ဘယ်လိုခေါ်လဲ။ "
လူကို ပေါင်ပေါ်အတင်းဆွဲတင်ကာ မေးလာသည်မို့ မိုး ကြောင်အမ်းအမ်း လေး ဖြစ်သွားရသည်။ အနားရှိ အရက်ငှဲ့ပေးနေသည့် အမတစ်ယောက်က မိုးပုံစံကို ကြည့်ရင်းမှ....
" သူ့နာမည်က မာလာပါ အစ်ကိုကြီးရဲ့။ အဟင်း....မာလာ သေချာဧည့်ခံနော်။ "
မာလာ။
ချက်ချင်း ရသွားသည့် နာမည်အသစ်ဟာ ဒီKTV မှ အစ်မတွေလို မထူးမခြားနား ဖြစ်သွားသည့် သဘော။ ဒီလိုဆို မိုးဟာလဲ မိန်းမပျက် တစ်ယောက် ဖြစ်သွားပြီလား တွေးမိတော့ ဖျတ်ခနဲ မြင်ယောင်လာသည့် မျက်ဝန်းညိုတို့။" ဟင့်အင်း.... လွှတ် လွှတ်စမ်း။ "
အတင်းရုန်းဖယ်လိုက်ပေမယ့် တဟဲဟဲရီသံနဲ့အတူ မိုးရဲ့ တစ်ကိုယ်လုံးကို ပွတ်သပ်လာသည့် လက်တွေကြောင့် မိုး အားကုန် တွန်းထုတ်လိုက်မိသည်။ အရက်မူးနေတာကြောင့်ရော တွန်းထုတ်လိုက်သည့် အရှိန်ကြောင့် ထိုလူမှာ ယိုင်ကျသွားရင်း မျက်ထောက်နီဖြင့် မိုးကို ဒေါသတကြီး ကြည့်လာသည်မို့ မိုး ထိတ်လန့်သွားရသည်။
" ခွေးမ...."
" ဖြောင်း! "
ပါးပြင်တစ်ဖက်က ထူပူကျိန်းစက်သွားရကာ မျက်လုံးထဲပင် ပြာမိုက်သွားရသလို လူပါ ခွေကျသွားရသည်။ အခန်းထဲ သုတ်တီးသုတ်ပြာ ပြေးဝင်လာသည့် မန်နေဂျာကြောင့် မိုး လဲကျနေရာမှ ထရပ်လိုက်မိရင်း ပါးပြင်ပေါ် မျက်ရည်များက စီးကျလာရသည်။
YOU ARE READING
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။