မာယာထောင်ချောက်
Part - 11အိမ်တံခါးဝကို ဖွင့်ကာ တစ်ဖက်အိမ်တံခါး ဖွင့်အလာကို မျက်တောင်မခတ် ငေးစိုက်ကြည့်ရင်း ကျားချောင်းသလို ချောင်းနေသည့် ယံမခ။ မနက်ထဲက အပြင်ကို ထွက်မလာသည်မို့ မ အိမ်ထဲမှာပဲ ရှိမှန်း သူ ကျိန်းသေသိသည်။ ပြောသာပြောသည် မ လောက် မျက်နှာတည်တာ မ ပဲ ရှိသည်။ အမြဲတမ်း အဓိပ္ပာယ် တစ်ခုခု ပြည့်နှက်နေတတ်သည့် မ မျက်ဝန်းတွေကို သူ သတိထားမိ၏။
" အပြင်တော့ မထွက်သွားသေးပါဘူး။ "
တစ်ယောက်ထဲ ဝေခွဲမရ ရေရွတ်နေမိစဥ် တွီခနဲ တံခါးပွင့်သံနဲ့အတူ အပြင်ထွက်လာသည့် မ ။ သူ့ ကိုမြင်တော့ မျက်နှာလေး တည်တင်းသွားရင်း တံခါးလော့ခ်ပြန်ချနေသည့် မ ကို ဘေးကနေ ငေးစိုက်ကြည့်နေမိတာ အမြတ်တနိုး။
ဆံပင်လေးကို ထုံးဖွဲ့ထားရင်း နားထင်နားလေးမှာ ခပ်လျောလျောကျနေသည့် ဆံနွယ်စလေး အနည်းငယ်က ကပိုကယိုလေးပင်။ စတိုင်ပန်အဖြူအရှည်ကြီး နဲ့ အနက်ရောင် လက်ဖောင်းအကျီလေးက Smart ကျစွာ ကြည့်လို့ကောင်းလှသည်။
" မ....မောနင်း။ "
အဖက်လုပ်၍ပင် ပြန်မပြောပဲ ဓာတ်လှေကားဆီ လျှောက်သွားတာမို့ အနောက်က အပြေးလိုက်လာမိသည်။ ဓာတ်လှေကားထဲ လိုက်ဝင်ရင်းမှ မ အနားဘေးကပ်ရပ်လိုက်သည်နှင့် မျက်စောင်းက ဒိုင်းခနဲ ရောက်လာသည်။
" ဟိုဖက် သွားရပ်လေ။ ဘယ်လိုဖြစ်လို့ အတင်းတိုးနေလဲ...။ "
ဓာတ်လှေကားထဲ လူ တစ်ယောက်မှ မရှိပဲချောင်နေသည့်ဟာကို အတင်း လူနားပဲ လိုက်ပူးကပ်ရပ်နေသည်မို့ မိုး အလိုမကျစွာ ပြောထုတ်ပစ်လိုက်သည်။ ဒီကောင်လေး အကြောက်အလန့်ကိူ မရှိပဲ စွတ်လိုက်ကပ်နေတာ သိပေမယ့် လျစ်လျူရှုထားခြင်းပင်။
" ဟိုဖက် မသွားချင်ပါဘူး...မ အနားပဲ နေချင်တာ။ မ ကို ကျွန်တော်.... "
" ဟိတ် ဟိတ်.... မင်း အရေးမပါတာတွေ လာပြောမနေနဲ့နော်။ ဒီတစ်ခါဆို အရင်လို ပါးတစ်ချက်ထဲ အရိုက်ခံရမယ် မထင်နဲ့။ "
ခပ်တည်တည်ဖိဟောက်ပစ်လိုက်တာတောင် ယံမခတို့က မျက်နှာပိုးမသေ။ အနားတိုးကပ်ရပ်နေရင်းမှ ဘေးကနေ မျက်တောင်မခတ် စိုက်ကြည့်နေတာ မိုး မျက်နှာပင် ပေါက်ထွက်မတတ်။
STAI LEGGENDO
မာယာထောင်ချောက် ( Complete)
Storie d'amoreမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။