မာယာထောင်ချောက်
Part - 21အိကေခမ်း လက်ထဲက ဆန်ပြုတ်ပန်းကန်လေးကို စားပွဲပေါ်တင်လိုက်ရင်းမှ အိပ်ယာထက် အသက်မရှိသလို ငူငူကြီးထိုင်နေသည့် ယံ့ကို စိတ်မချမ်းသာစွာ ငေးစိုက်ကြည့်မိသည်။ အစားလဲမစားပဲ သတိရလာထဲက မိုး ဆိုသည့် မိန်းမကြောင့် ခံစားနေရသည်မှာ အရူးတပိုင်းပင်။
" ယံ...ဆန်ပြုတ်လေး သောက်လိုက်ပါဦး။ "
" ထွက်သွား....."
အေးစက်စက် စကားသံက သူမကို လှည့်ပင်မကြည့်ပဲ ပြောလာတာ မကြည်ဖြူခြင်း အပြည့်။ ခမ်း သက်ပြင်းလေး ချမိရင်းမှ.....
" မဟုတ်ဘူးလေ ယံရယ်...."
! ခွမ်း....ဂလွမ်း!
လက်ထဲက ဆန်ပြုတ်ခွက်ကို ဆွဲယူပြီး နံရံဆီ ပစ်ပေါက်ပစ်လိုက်တာ အားနဲ့မို့ အကွဲစတွေ လွင့်ခနဲ ထွက်လာသဖြင့် ခမ်း လာမစင်ရန် လက်ကလေးဖြင့် အမြန်ကာလိုက်ရသည်။
" သားငယ်.....ဘယ်လိုလုပ်လိုက်တာလဲကွယ် ခမ်းလေးက စေတနာနဲ့...."
" ကျွန်တော် မ ဆီက ပဲ လိုချင်တာ။ အချစ်..စေတနာ...မေတ္တာ မ ဆီကမှ မဟုတ်ရင် ဘယ်သူ့ဆီကမှ မယူဘူး။ "
ဒေါ်ထိပ်ထားခင် မျက်နှာက တင်းမာသွားသလို ရင်ထဲလဲ မကောင်းဖြစ်သွားရသည်။ သားကို အမျိုးမျိုး ချော့မော့ပြောကြည့်ပေမယ့် သားက နားမဝင်သလို သားကြီးက ခြောက်လဲ ကြောက်တာမျိုး မရှိပဲ မိုး မှ မိုး။
" သား ဖုန်းဆက်တာတောင် သူက ကိုင်လို့လား။ အဲ့မိန်းမ က သားကို တကယ်မချစ်ဘူး။ "
" မ က ကျွန်တော့် ကို ချစ်တယ် မေမေ... တစ်ခုပဲ မေမေတို့ ပယောဂသာ မပါရင် မ ကျွန်တော့်ကို အဆက်ဖြတ်မှာ မဟုတ်ဘူး။ "
ခိုက်ထယ်နွန် အခန်းဝတွင် လာရပ်ရင်းမှ ညီ့ကို တစ်ချက်ကြည့်လိုက်မိသည်။ ဖရိုဖရဲ ပုံစံနှင့် သူ့ကို ရန်သူသဖွယ် စိုက်ကြည့်လာသဖြင့်....
" မင်းကို ငါ ဖုန်းလဲ ပြန်ပေးထါးတယ်....မင်း ဆက်နေလဲ အဲ့မိန်းမက မင်းကို လက်ခံမှာ မဟုတ်ဘူး။ မင်း ကို ငါ ဆက်မချုပ်ထားဘူး ယံမခ...မင်း သွားချင်ရင် ကြိုက်တဲ့ဆီသွားလို့ရတယ်။ "

YOU ARE READING
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။