P.16

460 20 0
                                    

မာယာထောင်ချောက်
Part - 16

ယံမခ မနက်ဖန် ကိုကြီး စေ့စပ်ပွဲမို့ အိမ်ပြန်ရောက်နေခြင်းပင်။ မ ကလဲ အခုတလော အလုပ်မအားတာမို့ အိမ်ရောက်မှသာ နှစ်ယောက်သား ဆုံဖြစ်သည်။ အန်တီမြသက်ရော နံ့သာဖြူပါ ရောက်နေကာ စေ့စပ်ပွဲအတွက် အကုန် အလုပ်များနေကြပေမယ့် သူကတော့ မ ဆီသာ ဖုန်းတတူတူ ဆက်ရင်း အလုပ်ရှုပ်နေမိသည်။ ဆက်သွယ်လို့ မရသည်မို့ စိတ်ထင့်နေမိသလို Message ပေါင်း မြောက်များစွာ ထိုင်ပို့နေခြင်းပင်။

မ ဘာတွေ အလုပ်ရှုပ်နေသလဲ။
သူ့ကို သတိမရဘူးလား။
မ ကို သူ အင်မတန် ချစ်သည်။ ငုံထားမတတ် ယုယကြင်နာ မြတ်နိုးစွာ ချစ်သည်။ မ ရဲ့ မျက်နှာလှလှလေးကို မြင်လျှင် သူ့ ရင်ထဲ ချမ်းမြေ့ရသည်။

သို့ပေမယ့် သံမဏိကို သူ ကြည့်မရ ချဥ်သည်။
မ အနား တရစ်ဝဲဝဲ ဖြင့် မ ကို သူ့ဆီမှ ဆွဲထုတ်ရန် ကြံနေမှာ စိုးရိမ်သည်။ ယောကျာ်းချင်းမို့ အကြည့် အပြော အမူအယာ နဲ့တင် ဒင်းစိတ်ကို မြင်နေရသည်။

" ယံ.....ကိုကိုရော ။ "

အနားရောက်လာကာ သူ့ဘေးက ခုံတွင် ဝင်ထိုင်ရင်း မေးလာသည့် အိကေခမ်းကြောင့် ယံမခ ဖုန်းကို ပိတ်လိုက်ရင်း ခေါင်းခါမိသည်။

" မသိဘူးလေ....ဘာလို့လဲ အိမ်မှာ မရှိဘူးလား။ "

" အင်း....မမက လိုက်ရှာနေတာ။ လက်စွပ်သွားယူရမယ်ပြောတယ်။ "

ဒေါ်မြသက် တူမ ဖြစ်သူ နှင့် စကားပြောနေသည့် ယံမခကို လှမ်းကြည့်ရင်း သဘောကျစွာ ပြုံးမိသည်။ ကိုယ့်သမီးက ခိုက်ထယ်နွန် နှင့် မနက်ဖန် စေ့စပ်ပြီဖြစ်ကာ တူမဖြစ်သူကလဲ ယံမခလေးနှင့် အဆင်ပြေနေသည်။ ဒေါ်ထိပ်ထားခင် က ကိုယ့် သူငယ်ချင်းဖြစ်သလို ကိုယ့်ဆို အင်မတန် ယုံကြည်သည်။

" သက်ရေ....ဘာတွေ ကြည့်နေတာလဲ။ "

အသံနဲ့အတူ အနားရောက်လာသည့် ဒေါ်ထိပ်ထားခင် ကြောင့် ဒေါ်မြသက် မေးဆတ်ပြလိုက်မိသည်။

" သူတို့လေးတွေ အဆင်ပြေနေကြတယ် ထားရေ။ "

" ဟုတ်ပ သက်ရယ်။ သားငယ် နဲ့ ခမ်းလေးကိုလဲ မကြာခင် စေ့စပ်ပေးမှာပါ။ "

မာယာထောင်ချောက် ( Complete) Where stories live. Discover now