မာယာထောင်ချောက်
Part - 23ယံမခ ဖုန်းမြည်သံကြောင့် ကြည့်လိုက်မိတော့ ကိုခိုက်ဆီကမို့ သူ စက်ပိတ်ရန်ပြင်လိုက်သည်။ ဖျတ်ခနဲ သူ့လက်ထဲမှ ဖုန်းကို ဆွဲယူလိုက်သည့် မ။
" မောင် ရှောင်နေလို့မှ မပြီးပဲ။ သွား....လုပ်စရာရှိတာလုပ်။ "
ယံမခ ပြုံးလိုက်မိသလို မ ပြောတာလဲ အမှန်ပဲမို့ သူ အထွန့်တက်မနေပဲ မီးဖိုချောင်ဘက် ပြန်ဝင်လာကာ ဟင်းချက်လက်စဆီ ပြေးလာခဲ့၏။
" ဟယ်လို! "
ခိုက်ထယ်နွန် ကြားလိုက်ရသည့် အသံကြောင့် အံကိုတင်းခနဲ ကြိတ်မိသွားရသည်။
" ငါ့ညီရော....ငါ့ညီကို ဖုန်းပေးလိုက်။ "
မိုး ခပ်လွန့်လွန့် လေး ပြုံးမိသွားရင်းမှ.....
" ဆောရီးပဲ.....မောင် မအားဘူး ဟင်းချက်နေတယ်။ "
" ဘာ! "
ခိုက်ထယ်နွန် ထိုင်ရာမှ ဆတ်ခနဲ ထရပ်လိုက်မိရင်း ဒေါသက ထောင်းခနဲထွက်သွားရသည်။ ဒီမိန်းမ ယုတ်မာပက်စက်ချက်က နှယ်နှယ်ရရတော့ မဟုတ်။
" မင်း ငါ့ကို ဘာကတိပေးထားလဲ ။ ညီ့ကို မင်း လက်ခံလို့မရဘူး.....။"
" သြော်... ရှင့်ညီက ဇွတ်ခိုးလာတာလေ။ ဘာလဲ....ကျွန်မက ရှင့်ညီကို ကားတင်ပြေးတယ်များ ထင်နေသလား...။ "
" ဒါနဲ့ပဲ မင်းက ပျော်ပျော်ကြီး လက်ခံလိုက်တာပေါ့....မင်း အရှက်တော်တော်မရှိတဲ့ မိန်းမပဲ။ "
" အဟင်း...သူဌေးသားက ရွှေဘုံပေါ်ကောက်တင်မှတော့ ...."
" ရွှေပင်နားရုံနဲ့ ရွှေကျေးဖြစ်မလာဘူး မိုး။ ဠင်းတဆိုတာ သင်္ချိုင်းမှာပဲ နေရမှာ....မင်းအဆင့်နဲ့ ငါတို့မိသားစုထဲ ဝင်လာဖို့ စိတ်တောင်မကူးနဲ့။ "
ဖုန်းချသွားသည်မို့ မိုး အံကိုတင်းခနဲ ကြိတ်လိုက်မိရင်း ခပ်မဲ့မဲ့ ပြုံးမိသွားသည်။ ရှင်တို့ မိသားစုထဲ မဝင်ပါဘူး ခိုက်ထယ်နွန်... ဒါပေမယ့် ရှင်တို့ကတော့ တောင်းပန်ပြီး လာခေါ်စေရလိမ့်မယ်။
--------------------------
ယံမခ ခြံထဲဝင်လာသည့် ကားပေါ်မှ ဆင်းလာသည့် သံမဏိကြောင့် အံ့သြသွားရသည်။ သံမဏိက ဘယ်လိုလုပ် ဒီနေရာကိုသိပြီး ရောက်လာရသည်လဲ။
BINABASA MO ANG
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။