မာယာထောင်ချောက် ( သို့ ) ချစ်သော မိုး

1K 43 0
                                    


Part - 5

" ဒေါက် ဒေါက်ဒေါက် "

ကိုးကွယ်ရာ အခန်းတံခါးခေါက်သံ​ကြောင့် အလုပ်စားပွဲမှ ထလာခဲ့ရင်း တံခါးကို ဆွဲဖွင့်လိုက်တော့ အအေးဗန်းလေးကိုင်ကာ ရပ်၍ သူ့ကို သွားတန်းလေးပေါ်အောင် ပြုံးကြည့်နေသော မိုး။

" ဦးကွယ် အလုပ်လုပ်ရင်း သောက်ဖို့ပါ။ "

" ကျေးဇူးပဲ....."

မိုး လှည့်ထွက်လာရင်းမှ မနက်ဖန် သံမဏိကို ထောင်ဝင်စာသွားတွေ့ရန် စဥ်းစားထားသည်။ မနက်စောစောထပြီး အခြောက်အခြမ်းလေးတွေ ကြော်ထားရမည်မို့ စောစောအိပ်ရပေဦးမည်။

ကိုးကွယ်ရာ မိုးကို ငေးကြည့်နေရင်းမှ သက်ပြင်းချမိသည်။ မိုးဟာ အနည်းငယ် ထူးဆန်းသည်။ တစ်ခါတစ်လေ တစ်ယောက်ထဲ ငိုင်တိငိုင်တိုင်လေး နေတတ်သလို တစ်ခါတစ်လေကျတော့လဲ ပျော်ရွှင်နေတာ ကလေးလေးနဲ့ပင် တူသည်။ သူ့ကိုလဲ စေတနာထားသလို အိမ်မှလူတွေနဲ့လဲ အကုန်တည့်သည်။

မိုး အခန်းထဲ ဝင်လာရင်းမှ ရေချိုးခန်းထဲ ဝင်လာကာ ရေချိုးရန်ပြင်လိုက်သည်။ ရေကို ခပ်ကြာကြာစိမ်ချိုးရင်း တဘက်တစ်ထည်ဆွဲယူကာ ကိုယ်တွင် ပတ်လိုက်စဥ် မှန်ကို လှမ်းကြည့်မိသွားတော့မှ......

" အားးးးးးး "

ကိုးကွယ်ရာ တစ်ဖက်ခန်းမှအော်သံကြောင့် ကမန်းကတန်း အခန်းအပြင်ထွက်လာမိတော့ သူ့ အခန်းထဲမှ အလန့်တကြား ပြေးထွက်လာသည့် မိုး ပုံစံ​ကြောင့် ယောင်ယမ်းကာ မျက်နှာလွှဲလိုက်မိသည်။ သို့သော် သူ့ခါးကို ​​ပြေးဖက်ရင်း ....

" ဦးကွယ်.... ဦးကွယ် ကယ်ပါဦး။ မိုး.....မိုး ကြောက်တယ် "

ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်နေကာ မျက်လုံးလေးတွေ ပြူးကြောင်လျက် မေးဖျားက တုန်ယင်နေသည်။ အကြောက်ကြီးကြောက်နေမှန်း သိပေမယ့် သူ့အနေဖြင့် အနေခက်လှသည်။ ခန္ဓာကိုယ်တွင် တဘက်လေးသာ ပတ်ထားပြီး လက်မောင်းသားဝင်းဝင်းတွေ နှင့် ပခုံးသားတွေပေါ်နေတာမို့ အလိုလို ရင်ဖိုနေရသည့် အဖြစ်။ သူမကတော့ အကြောက်လွန်နေတာမို့ သတိထမိပုံ မရ။

မာယာထောင်ချောက် ( Complete) Onde histórias criam vida. Descubra agora