P.25

526 23 0
                                    

မာယာထောင်ချောက်
Part - 25

ယံမခ ညဆယ့်နှစ်နာရီ ရှိနေပြီမို့ မ ဖုန်းကို တဒီးဒီးခေါ်သည်။ စက်ပါပိတ်ပြီး ပြန်မလာတာမို့ သူ ဘယ်လိုမှ နေလို့မရ။ ဆယ့်တစ်နာရီ ကျော်လျှင် ပြန်မလာတာမို့ မစောင့်နဲ့ဟု ပြောခဲ့တာ တကယ်ပဲ ထင်ပါရဲ့။ မနေနိုင်သူပီပီ ဖုန်းကို သံမဏိဆီ လှမ်းဆက်မိသည်။

" မိုး အိပ်ပျော်နေပြီ ယံမခ။ "

အမေး မရှိခင်ကပင် တန်း​ဖြေလာသည့် အသံကြောင့် ယံမခ အံကိုတင်းခနဲ ကြိတ်မိသွားရသည်။ ဒါက ဘယ်လို အ​ခြေအနေမျိုးပါလိမ့် ယံမခရယ်။ သူ့ဇနီး အိမ်ပြန်မလာ၍ အခြားယောကျ်ားဆီ ဖုန်းဆက်ကာ လှမ်းမေးရသလို ထိုယောကျာ်းဆီ သွားအိပ်နေသည်တဲ့လား။

" အခု မင်း အိမ်မှာလား..."

" ကွန်ဒိုမှာ......"

ယံမခ ညကြီးမိုးချုပ် ကားသော့ကို ဆွဲယူကာ ကွန်ဒိုဆီ ချက်ချင်းထွက်လာခဲ့သည်။ မ က သူ့အိမ်မှာ သွားပြန်အိပ်တာလား.....ဘာလို့လဲ မ ရယ်။ မောင့်ကို မ နည်းနည်းလေးမှ မသနားဘူးလား။

သံမဏိ ဆေးအရှိန်ဖြင့် အိပ်မောကျနေသည့် မိုးကို ငေးစိုက်ကြည့်နေရင်း မိုး လက်ဖဝါးလေးကို လှမ်းဆုပ်ကိုင်ထားရင်း သူ့ပါးတွင် အပ်ထားမိသည်။ မိုး အရမ်း စိတ်ထိခိုက်သွားတာ သူ သိသည်။ အပြင်ပန်းထုတ်မပြပေမယ့် မိုး စိတ်ထဲက ဒဏ်ရာဒဏ်ချက်တွေကို သူ မြင်နေရသည်....မဟုတ်ဘူး သူက အမြင်နိုင်ဆုံးလူ။

မိခင်ပစ်သွားလို့ ဝမ်းနည်းရသည့် ကြားထဲ သူ နှစ်သက်သဘောကျခဲ့သည့် ကိုခိုက်ကပါ ပစ်သွား၏။ နောက်ဆုံး မိုး၏ ရင်သွေး။ အခုတစ်ဖန် ထပ်ပြီး မိုး၏ မိဘအရင်းကပါ ထပ်စွန့်ပစ်တာမှန်း သိလိုက်သည့်အခါ မိုးဟာ သူမဘဝကို ဘယ်လောက်နာကြည်း မုန်းတီးလိုက်မလဲ။

" ငါ နင့်ကို မရမက ကာကွယ်ပေးသွားမှာ မိုး။ "

ယံမခ မြင်နေရသည့် မြင်ကွင်းကြောင့် စိတ်က မချုပ်တည်းနိုင်တော့ပဲ အခန်းထဲ ပြေးဝင်ကာ သံမဏိကို ဆွဲထိုးပစ်လိုက်တော့ သံမဏိ ကြမ်းပြင်ပေါ် လဲကျသွား၏။

" မ က ငါ့မိန်းမ.....မင်း... "

အသံတွေဆူသွားတာမို့ မိုး လန့်နိုးလာရင်း ခေါင်းက တစစ်စစ် ထိုးကိုက်လာသည်။ မဏိကို အပေါ်မှ ဖိထိုးနေသည့် မောင့်ကို မြင်လိုက်ရသဖြင့် ကမန်းကတန်း ကုန်းထရင်း မောင့်ရင်ဘတ်ကို ဆီးတွန်းပစ်လိုက်သည်။ မောင်ဟာ မိုး၏ ခင်ပွန်းဖြစ်နေတာနဲ့တင် မဏိက မောင့်ကို ပြန်တုံ့ပြန်ထိုးလာမည် မဟုတ်တာ မိုး သိသည်။

မာယာထောင်ချောက် ( Complete) Donde viven las historias. Descúbrelo ahora