မာယာထောင်ချောက်
Part - 29 ( Final Part )ဆက်တိုက်မြည်နေသော ဘဲလ်တီးသံကြောင့် မိုး အိပ်နေရာမှ ထကာ နာရီကို လှမ်းကြည့်မိသည်။ မနက်သုံးနာရီ.....ဒီအချိန်ကြီး ဘယ်သူပါလိမ့်။ အတွေးနဲ့အတူ အခန်းထဲမှ ထွက်လာရင်း မိုး ချောင်းကြည့်ပေါက်မှ ကြည့်မိတော့ လူက ဟင်ခနဲ။
ကမန်းကတန်း တံခါးဖွင့်ကြည့်မိတော့ မိုး ရင်ခွင်ထဲ တန်းပြိုကျလာသည့် မောင်။ အရက်နံ့တွေ မွှန်ထူနေသလို မိုးကို ခပ်တင်းတင်း တွယ်ဖက်လာသည့် မောင့်လက်တွေ။
" မောင့်....."
" မ......ခင်ဗျား....ခင်ဗျား ရက်စက်တယ်။ ကျွန်တော် ကတော့ ချစ်လိုက်ရတာ,....ခင်ဗျားက ဘာလို့ လှည့်စားရတာလဲ ၊ ဘာလို့ မချစ်ရတာလဲ....ဘာလို့ ကွာရှင်းချင်ရတာလဲ။ "
မူးမူးရူးရူးဖြင့် မိုးကို အတင်းအကြပ်ဖက်ပြီး ငိုရှိုက်နေသည့် မောင်ဟာ ခုကျတော့ တကယ့် ကလေးလေးတစ်ယောက်ပမာပင်။ လိုချင်တာမရလို့ ဂျီကျဆူပူနေသည့် တကယ့် ကလေးဆိုးလေးနဲ့ တူသည်။
မိုး မောင့်ကိုယ်ကြီးကို တွဲကာ အခန်းထဲက ခုတင်ပေါ် တင်ပေးလိုက်ရင်းမှ မောင့်ကို ငေးစိုက်ကြည့်နေမိသည်။ မောင့်ပါးပြင်ကို ခပ်ဖွဖွ ပွတ်သပ်မိရင်း အင့်ခနဲ နာကျင်စွာ ငိုရှိုက်မိပြန်သည်။
" မ....မရယ် မောင့်ကို မထားခဲ့ပါနဲ့။ "
မိုး လက်တွေကို ကယောင်ကတမ်း လှမ်းဆွဲသည့် မောင့်လက်တွေကို ခပ်တင်းတင်းဖိဆုပ်ပေးထားရင်း မိုး ကိုယ်လေးက မောင့်အားကြောင့် မောင့်ကိုယ်ပေါ် ကိုင်းကျကာ နှုတ်ခမ်းတို့က ပူခနဲ။ ကယောင်ကတမ်း အထိအတွေ့ နဲ့ အတ္တပြင်းပြသော အချစ်ထုထည်ကြား မိုး မောင့်ကို ကြည်ဖြူပေးခဲ့ပါသည်......နောက်ဆုံးအကြိမ်။
--------------------------------
ကိုးကွယ်ရာ ကွန်ဒိုရှေ့ ကားရပ်လိုက်သည်နှင့် သူ့ကားပေါ် တက်လာသည့် မိုးလေး။ ပန်းဆီရောင် မြန်မာဝမ်းဆက်လေးဖြင့် ဆံနွယ်တို့ကို ကျစ်ဆံမြီးလေး တစ်ချောင်းထဲသာ ကျစ်ထားရင်း ပုံစံလေးက ရှင်းသန့်နေ၏။" မောင်းတော့လေ...."
ကိုးကွယ်ရာ သက်ပြင်းချမိရင်းမှ ကားလေးကို မောင်းထွက်လာခဲ့သည်။ သူ ကိုယ်တိုင် လိုက်ပို့ရသည့် ငရဲလမ်းဟာ သူ့အတွက်တော့ မသိ... သူ့အတွက်ကတော့ ရင်တစ်ခုလုံး တင်းကြပ်ဆို့နင့်စွာ ပူလောင်မြိုက်နေရသည်။
YOU ARE READING
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။