Part - 2
" ငါ နင့်ကို ပြောထားတယ်လေ။ ကြိုတင်လစာထုတ်ပေးလို့ မရဘူး။ "
" မလုပ်ပါနဲ့ ဂျာကြီးရယ်။ မိုး တောင်းပန်ပါတယ် ။ မိုး ထွက်လဲမပြေးပါဘူး.... မိုး အရမ်းငွေလိုနေလို့ပါ။ "
သံမဏိ ဂျာကြီးအား ခြေသလုံးဖက်မတတ်တောင်းပန်နေသည့် မိုးပုံစံကို ငေးကြည့်ရင်း ဘယ်လိုမှ ရင်ထဲက မချိနိုင်။ ဘယ်သူကများ ကိုယ်ချစ်တဲ့ မိန်းကလေးကို ဒီလိုအနေအထား ဒီလိုအခြေအနေမျိုးနှင့် မြင်ချင်ပါ့မလဲ။ သူ့မှာ ငွေကြေးလဲမရှိသလို ကူညီနိုင်တဲ့အင်အားမျိုးလဲ မရှိတာမို့ ရင်ထဲမချိသော်လဲ ဘေးကနေသာ ငေးကြည့်နေရသည့်အဖြစ်ဟာ အဘယ်မျှ ရင်နာစရာကောင်းလိုက်သလဲ။
" တစ်ခုတော့ရှိတယ် မိုး.....နင် ဦးမင်းရာကိုသာ ခေါင်းငြိမ့်လိုက်ရင် ဒီအခက်အခဲတွေ အကုန် ပြေလည်သွားမှာ။ "
" ဂျာကြီး.....ခင်ဗျား စကားပြောတာ ကြည့်ပြော။"
ဘေးမှ သံမဏိ၏ မခံမရပ်နိုင်စွာ ထပြောလိုက်သံနဲ့အတူ မိုးကိုယ်တိုင်လဲ ဒေါသထွက်သွားမိတာ အမှန်ပင်။ သံမဏိ၏ ရှုတည်တည် မျက်နှာနဲ့ စကားသံကြောင့် ဂျာကြီး မျက်နှာက တင်းခနဲ ဖြစ်သွားရင်း သံမဏိနားရင်းကို အုပ်ချပစ်လိုက်သည်။
" လူပါးမဝနဲ့ သံမဏိ။ ငါ့များ အော်ရအောင် မင်းက ဘာကောင်လဲ။ ဒီမှာ မင်းတို့ နှစ်ယောက်မြဲမြဲမှတ်ထား....နှုတ်ခမ်းပဲ့ချင်း မီးမှုတ်လို့ မရဘူး။ မိုး....နင့်ရုပ်လေးက အရမ်းလှတာ..နင့်မှာ ပိုင်ဆိုင်တာဆိုလို့ ဒါအပြင်မရှိဘူး.....အဲ့တော့ သိပ်မာန်တက်မနေနဲ့။ "
မျက်စိရှေ့မှ ထွက်သွားသည့် ဂျာကြီးကို ကြည့်ရင်း မိုး ကူကယ်ရာမဲ့သလို ခံစားလိုက်မိရသည်။ သားလေးအတွက်က ငွေရမှ ဖြစ်လိမ့်မည်။ ဆေးရုံမှာ ရောက်နေသည့် သားလေးဟာ သူမဆီက ငွေနဲ့ အသက်ဆက်မှ ဖြစ်မှာမို့ ငွေ...ငွေ....မိုး ဘယ်လို ရှာရပါ့မလဲ။
" စိတ်ကိုအေးအေးထားပါ မိုးရယ်.....ငါတို့ အဖြေတစ်ခုခု တွေ့မှာပါ။ "
မိုး၏ ပခုံးကို လာဖက်ရင်း နှစ်သိမ့်ပေးသည့် သံမဏိကို ငဲ့ကြည့်ရင်း မိုး ခေါင်းငြိမ့်ပြလိုက်မိပေမယ့် မိုးတို့ နှစ်ယောက်လုံး စိတ်ထဲမှ သိနေသည်က မဖြစ်နိုင်မှန်း။ ငွေကြေးအင်အား ၊ ပညာ ၊ ဘာဆိုဘာမှ မရှိတဲ့ သုညလိုလူတွေမို့ ဘာကိုမှ ပိုင်ဆိုင်ထားခြင်းမရှိပဲလေ။
DU LIEST GERADE
မာယာထောင်ချောက် ( Complete)
Romantikမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။