မာယာထောင်ချောက်
Part - 12တစ်ညလုံး သားကို လူနာစောင့်ထားရသည်မို့ အိပ်ရေးပျက်ကာ သံမဏိမျက်ဝန်းတွေက ကျိန်းစက်နေရသည်။ နာရီကိုကြည့်လိုက်တော့ မနက်စောသေးတာမို့ မိုး မနက်စာစားရန် စားစရာဝင်ဝယ်ကာ Condo ဆီပဲ ထွက်လာခဲ့သည်။ ဓာတ်လှေကားမှ တက်လာရင်း အိမ်၏ လောခ့်ကို ဖွင့်ကာ အိမ်ထဲဝင်လာသည်အထိ မိုးက နိုးပုံမရ။ မီးဖိုဆောင်ထဲဝင်ကာ ဝယ်လာသည့် လက်ဖက်ရည်အား ခွက်ထဲပြောင်းထည့်လိုက်သည်။ နန်းကြီးသုပ် နှင့် ဟင်းရည်ကို အသင့်ပြင်ဆင်နေစဥ် ထမင်းစားခန်းအဝတွင် လာရပ်ကြည့်သည့် မိုး ပုံစံက ခုမှ နိုးလာပုံရသည်။
" မနက်စာတွေ အေးကုန်မယ် မိုး။ မြန်မြန် မျက်နှာသွားသစ်။ "
" ငါ့ အခန်းထဲက မီးသီးလဲပေးဦး မဏိ "
မိုး အခန်းထဲက မီးသီးပျက်နေသလား တွေးမိတော့ မိုး ညက အိပ်ရပါ့မလား စိတ်ပူသွားရသည်။ မိုးဟာ အမှောင်ကို ကြောက်ရွံ့ခြောက်ခြားတာ သူသိသည်။ ကမန်းကတန်း အပြင်သွားကာ မီးသီးပြေးဝယ်ရင်း ပြန်ရောက်လာတော့ မိုးက မနက်စာစားနေပြီ ဖြစ်သည်။
" မဏိ...မနက်စာအရင်လာစားဦး။ "
အမိန့်...။
သူ လက်ထဲမှ ဝယ်လာသည်များကို ချကာ ထမင်းစားခန်းထဲ ဝင်လာတော့ သူ့အတွက် ထမင်းပန်းကန် ခူးထားပေးသလို သူမကလဲ ထမင်းနဲ့ အသုပ်ကို တွဲစားသည်။" သူများတွေလို မနက်စာကို မုန့်ဟင်းခါး တို့ နန်းကြီးသုပ် တို့ စားချင်လိုက်တာ မဏိရယ်။ "
ပြန်ကြားယောင်မိသည့် ငယ်စဥ်က စကားသံတွေကြောင့် သူ ခပ်ယဲ့ယဲ့ ပြုံးမိသည်။ ပလုတ်ပလောင်း စားနေသည့်ပုံစံလေးကို အမြတ်တနိုး ငေးကြည့်နေမိရင်း ရင်မှ ချစ်ခြင်းသည် တသိမ့်သိမ့် တငြိမ့်ငြိမ့်။
" ဘာကြည့်နေတာလဲ... နင် မစားဘူးလား။ "
မိုး ပြောလိုက်မှ အသုပ်နဲ့ ထမင်းကို ကမန်းကတန်း ငုံ့စားနေသည့် မဏိ ပုံစံအား သဘောကျစွာပင် ငေးကြည့်နေမိလေရဲ့။ စားပွဲပေါ်တင်ထားသည့် မဏိလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ မော့ကြည့်လာသည့် မျက်ဝန်းဖျော့ဖျော့တွေ။
أنت تقرأ
မာယာထောင်ချောက် ( Complete)
عاطفيةမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။