မာယာထောင်ချောက်
Part - 20! ဝုန်း....ခလွမ်း...ဒုန်း!
" မစားဘူး....ကိုခိုက်ဘယ်မှာလဲ ငါ့ကိုခေါ်ပေးစမ်း။ "
အခန်းထဲ ထမင်းသွားပို့သည့် လူတွေကို ပြဿနာရှာကာ သောင်းကျန်းနေသည့် ညီ့ အသံကို အခန်းအပြင်မှ နားထောင်နေရင်း ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ မေမေဆိုလဲ သူ့သားကြောင့် တငိုငို တရယ်ရယ်။ သုံးရက်လုံးလုံး ဘာမှမစားပဲ တင်းခံနေသည့် ညီ့ကို ကြည့်ပြီး ရင်ထဲမကောင်းပေမယ့် ဟိုမိန်းမ ကို သူမယုံ။
ဒီနေ့လဲ သူ့ကုမ္ပဏီတွင် ရှယ်ယာလွှဲပြောင်းပေးရန် ချိန်းထားသည်မို့ သွားရဦးမည် ဖြစ်သည်။ သူ့အနား လာရပ်ရင်း အခန်းထဲမှ ဆူညံသံတွေကြောင့် ငေးငေးလေး ကြည့်လာသည့် နံ့သာဖြူ ။
" ဟို....ယံလေးကို ဘယ်လိုလုပ်မလဲဟင် ကိုကို။ ဘာမှမစားတာ သုံးရက်ရှိနေပြီ။ "
" ပစ်ထားလိုက် ဖြူ ။ ဒီနေ့ပါပဲ....။ ကုမ္ပဏီ သွားဦးမယ်။ "
နံ့သာဖြူ ကားပေါ်တက်ကာ မောင်းထွက်သွားသည့် သူ့ကို ကြည့်ရင်း သက်ပြင်းချမိသည်။ နှစ်ဖက်မိဘသဘောတူတာထက် ဖြူက သူ့ကို အရင်ထဲက ချစ်မိနေသူပါ။ သူ့ အကျင့် သူ့ စိတ်အကြောင်း သိနေ၍ ငြင်းမလား စိုးရိမ်ခဲ့ပေမယ့် အမေချစ်သားပီပီ မငြင်းပဲ လက်ခံပေးခဲ့တာမို့ ပျော်လို့ မဆုံးဖြစ်ရသူက ဖြူပင်။
" သွားကြ.....ထွက်သွား..."
! ခလွမ်း!
ပစ်ပေါက်ကျကွဲသံတွေကြောင့် ဖြူ့ကိုယ်လေး တုန်ယင်သွားကာ လန့်ဖြတ်သွားရသည်။ စိတ်မသက်သာစွာ ခေါင်းလေးခါယမ်းမိရင်းမှ နေရာမှ ရှောင်ထွက်လာခဲ့ရင်း စိတ်မောမိတာ အမှန်ပင်။
------------------------
ခိုက်ထယ်နွန် အစည်းအဝေး ခန်းထဲမှ ထွက်လာကာ ရုံးခန်းထဲ ရောက်လာသည်အထိ ရောက်မလာသေးသည့် မိုး ကြောင့် စိတ်က ထင့်နေရသည်။ တော်ကြာ စိတ်ပြောင်းသွားပြီး ညီ့ကို အဆက်မဖြတ်ပေးတော့မှာလဲ စိုးရိမ်သည်။
" ဒေါက် ဒေါက် ဒေါက် "
အခန်းတံခါးခေါက်သံနဲ့အတူ ဝင်လာသည့် မိုး ကြောင့် ခိုက်ထယ်နွန် နှုတ်ခမ်းတို့က ခပ်တင်းတင်း စေ့သွားရသည်။ အနီရင့်ရောင် ကြိုးတစ်လုံးဂါဝန်အရှည်ကိုမှ အပေါ်က အင်္ကျီအဖြူရောင် အပါးစလက်ရှည်လေး ဖုံးဝတ်ထားလျက် ဆံနွယ်တို့ကို ခပ်မြင့်မြင့်စည်းထားတာ လှပလွန်းသလို ထိုအလှကပဲ ညီ့ကို ပြုစားခဲ့တာမှန်း သိသည်မို့ သူကတော့ မနှစ်သက်နိုင်။
ŞİMDİ OKUDUĞUN
မာယာထောင်ချောက် ( Complete)
Romantizmမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။