မာယာထောင်ချောက် ( or) ချစ်သော..မိုး

1.1K 34 1
                                    


Part - 4

သံမဏိ ဆေးရုံထက်တွင် အောက်စီဂျင်တပ်လျက်သား သတိလစ်နေသည့် ဂျာကြီးအား ကြည့်ရင်း သက်ပြင်းချမိသည်။ မိုး ဆီက ဖုန်းရရချင်း သူ ထွက်လာခဲ့ပေမယ့် ဘယ်လိုမှ မမီလိုက်ပဲ သူ ရောက်တော့ အားခနဲ အော်သံနှင့်အတူ လှေကားရင်းမှ သွေးအိုင်ထဲ လဲကျ​မေ့မြောနေသည့် ဂျာကြီးကို မြင်လိုက်ရသည်သာ။

မိုး ကို ပြန်လွှတ်လိုက်ပေမယ့် သူကတော့ ဆေးရုံရောက်လာခဲ့သည်။ ဆရာဝန်ပြောစကားအရ နှစ်နာရီပင် မခံနိုင်တော့သည်ဆိုတာမို့ သူ ရင်မောသွားရရင်း.....

" ဘာ.....သေ သေမှာတဲ့လား။ "

မိုး တစ်ဖက်မှ သံမဏိ၏ စကားကြောင့် ဖုန်းကိုင်ထားရင်းမှ တုန်လှုပ်လာရသည်။ ဒါ ဒါဆို မိုးက တရားခံ ဖြစ်သွားမှာပဲ။ မိုး ထောင်ကျမှာလား။ အတွေး နဲ့အတူ တုန်လှုပ်သွားရရင်း မိုး အင့်ခနဲ ငိုရှိုက်မိတော့ တစ်ဖက်မှ သံမဏိ၏ သက်ပြင်းချသံက သိသိသာသာ။

သံမဏိ ဖုန်းထဲမှ မိုး၏ ငိုကြွေးနေသံကို နားထောင်ရင်း ရင်ထဲက တစစ်စစ် နာကြင်ရပြန်သည်။ မိုး နဲ့ စသိထဲက မိုးဆီမှာ အပေါများဆုံးဟာ မျက်ရည်တွေပင် ဖြစ်ခဲ့သည်။ အမြဲတမ်း ငိုကြွေးနေရသည့် မိုး ကို သူ ဘာမှ မလုပ်ပေးနိုင်ခဲ့။

" ငါ ကြောက်တယ်.....ငါ ဘာလုပ်ရမလဲ။ ငါ ထောင်ကျမှာလား....အဟင့်....ဟင့် "

တစ်ဖက်မှ ရှိုက်ကြီးတငင်ငိုသံလေးက သူ့ နှလုံးသားတစ်ခုလုံးကို ဖျစ်ညှစ်ဆွဲဆုပ်နေသလိုမို့ သံမဏိ အသက်ပင် မရှူနိုင်အောင် နာကြင်မိသည်။ ငွေမရှိ ဂုဏ်မရှိသူမို့ အခက်အခဲမှန်သမျှ ဖြေရှင်းမပေးနိုင်တာလဲ သိမ်ငယ်မိတာ အမှန်။ ငိုရှိုက်သံတွေကို ဆက်မကြားရက်နိုင်တော့တာမို့ ဖုန်းချပစ်လိုက်စဥ် တတီတီအော်သံနဲ့အတူ အသက်ရှူရပ်သွားသည့် ဂျာကြီးခုတင်နား ဆရာဝန်တွေ ပြာယာခပ်သွားကာ နောက်ဆုံး​တော့.....

" လူနာ အသက်မရှိတော့ပါဘူး။ "

နေရာမှ ကျောခိုင်းထွက်လာရင်း သူ့ ဦးတည်ရာက မိုး နဲ့ ဂျာကြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည့် နေရာဆီဦးတည်ခဲ့သည်။ အင်အားမရှိပေမယ့် ကာကွယ်ပေးချင်တယ်။ ဘာပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မိုးသာ စိတ်ချမ်းသာလျှင် သူ နာကြင်ရလဲ ဖြေသိမ့်နိုင်ပါသည်။

မာယာထောင်ချောက် ( Complete) Où les histoires vivent. Découvrez maintenant