မာယာထောင်ချောက်
" ဂျိန်း! ! "
ထောင်တံခါးပွင့်သံနှင့်အတူ ထွက်လာကြသည့် လူတွေထဲ မိုး မဏိကို မျှော်ကြည့်မိသည်။ ဒီနေ့ လွတ်မည့်နေ့မို့ မိုး လာစောင့်နေတာ အစောကြီးထဲကပင် ။ မိုးလိုပဲ စောင့်နေကြသည့် မိသားစု တွေ က အများအပြား။
သံမဏိ မိသားစုတွေစီ ပြေးသွားရင်း ဝမ်းသာအားရ ပွေ့ဖက်နေကြသည့် လူတွေကို အားကျစွာ ငေးကြည့်နေမိသည်။ သူ့မှာက မိသားစု မှ မရှိပဲ။
" မဏိ....။ "
ခေါ်သံကြောင့် လှမ်းကြည့်လိုက်မိတော့ မလှမ်းမကမ်း မှ သူ့ကိုငေးစိုက်ကြည့်နေသည့်။ သူ ပြုံးမိသွားရင်း ခြေတစ်လှမ်းတိုးလာတိုင်း မိုး မျက်ဝန်းထဲမှ မျက်ရည်စတွေကို မြင်နေရသည်။ အဖြူရောင်ဂါဝန်အရှည်ကြီးနဲ့ ဆံနွယ်တို့ကို စည်းနှောင်ထားသည့် မိုးပုံစံက အရင်နဲ့ ဘာမှမဆိုင်အောင် လှပကျော့ရှင်းနေခဲ့သည်။
" မိုး.....။ "
သူ့ကို ကြုံးဖက်ရင်း ငိုချလိုက်သည့် မိုး ကြောင့် သံမဏိပါ မျက်ရည်မကျမိစေရန် အံကိုကြိတ်ထားမိသည်။ သူ လဲ ဘယ်လောက်တောင် သတိရနေခဲ့ရသလဲ။ လွမ်းဆွတ် တမ်းတနေခဲ့ရသလဲ။
" လာ မဏိ....ပြန်ရအောင်။ "
လောလောဆယ်တော့ မဏိကို မိုး အရင်ကနေခဲ့သည့် တိုက်ခန်းဆီပဲ ခေါ်လာခဲ့သည်။ အရင်ရက်တွေထဲက ထိုတိုက်ခန်းကို မဏိအတွက် သွားရှင်းပေး ထားသည်မို့ အသင့်နေရုံပဲ မဟုတ်လား။
ကားပေါ်တက်သွားသည့် မိုးတို့ နဲ့ မလှမ်းမကမ်းတွင် ထောင်ပေါက်ဝလေးကို မျှော်ကြည့်ရင်း ဝမ်းပန်းတနည်း ငိုနေသည့် နန်းကြာနွယ် ။ ညက ဘဘဆုံးသည်ဟု လှမ်းအကြောင်းကြားလာတာတောင် လက်မခံနိုင်ပဲ အခုမနက် မပါနိုင်မှန်း သိသိလျက်နှင့် လာစောင့်မျှော်နေမိပြန်သည်။
" အဟင့်....ဟင့်....ဘဘ...ဘဘရယ် နွယ် ဘယ်လိုဖြေရပါ့မလဲ။ ".
ရင်ဘတ်လေးတစ်ဖက်ကို လက်ဖြင့်ဖိထားရင်း အတန်ကြာအောင် နေရာတွင် ထိုင်ငိုနေမိသေးသည်။ ကြည့်ရတာ အပြင်ရောက်မှ ဆေးကုမယ်ဆိုပြီး အားတင်းထားသမျှ ထိုညက ဘဘဟာ စိတ်ဓာတ်ကျပြီး အားလျှော့လိုက်ပုံရသည်။
ESTÁS LEYENDO
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။