မာယာထောင်ချောက်
Part - 22ဒေါ်မြသက် ညဖက်ရောက်နေပြီမို့ အိမ်ပြန်နောက်ကျနေပြီမှန်းသိကာ အလှပြင်ဆိုင်ထဲမှ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ သမီးကလဲ မင်္ဂလာပွဲ အတွက် ကြိုပြီးရက်ချိန်းယူထားသည်ကို လာဖျက်ရင်း ခမ်း နဲ့ ယံမခအတွက် မင်္ဂလာဆောင်တွင် ပြင်ရန်စရံ လာချခြင်းဖြစ်သည်။
" သမီး...သမီး နဲ့ မောင်ခိုက်ရော ဘယ်အခြေအနေရောက်ပြီလဲ။ "
နံ့သာဖြူ မေမေ့ အမေးကြောင့် နားမလည်သလိုလေး ကြည့်မိကာ...
" ကိုခိုက်က အဲ့လိုလူမျိုး မဟုတ်ပါဘူး မေမေ။ အခုတလော သူ ယံလေးကြောင့် စိတ်ရှုပ်နေတယ်။ "
ဒေါ်မြသက် ကိုယ့်သမီးကိုယ် အားမလို အားမရ ဖြစ်သွားရရင်း မချင့်မရဲ ဖြစ်သွားရသည်။ ကိုယ့်သမီးပေမယ့် သူ့အဖေနဲ့တူပြီး လည်လည်ဝယ််ဝယ်က မရှိ။
မိုး ကားစတီရာယင်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားမိရင်းမှ ဒေါ်မြသက်နှင့် နံ့သာဖြူကို အေးစက်စွာ စိုက်ကြည့်နေမိသည်။ မုန်းလိုက်တာမှ တူးတူးခါးခါးကို ဒီမိန်းမ ဟာ မိုးစိတ်ကို လာလာဆွနေသည်မှာ ခဏခဏပင်။ မိုးကို ထပ်ပြီး နာကြင်အောင် လုပ်ရုံမက အရှက်ခွဲချင်သည်ပေါ့လေ....။
စူးရှသော ကားမီးရောင်နှင့်အတူ ဒေါ်မြသက် မျက်လုံးစူးသွားသဖြင့် လက်တစ်ဖက်ဖြင့် ကာလိုက်မိသည်။ အရှိန်ဖြင့် ပြေးဝင်လာသည့် ကားသံကို ကြားလိုက်ရရင်း တစ်ဖက်မှ မိုးမှာလဲ အောက်နှုတ်ခမ်းကို ဖိကိုက်ကာ အရှိန်တပြားသားမှ မလျော့။
" ဒုန်း! "
" အားးး."
ဒေါ်မြသက် နှစ်ပတ်ခန့် လိမ့်သွားရင်း သွေးသံရဲရဲ ဖြင့် ငြိမ်ကျသွားသလို မိုး မှာလဲ ကားနောက်ကြည့်မှန်မှ လှမ်းကြည့်ရင်း လက်တွေတဆတ်ဆတ် တုန်ယင်လာမိသည်။ ဖျတ်ခနဲ ကားတံခါးပွင့်သွားရင်း ကားထဲဝင်လာသည့် မဏိ။
" မောင်းလေ....ဘာလုပ်နေတာလဲ ။ "
မိုး ကားစက်နှိုးကာ ကမန်းကတန်း ကားပါကင်မှ မောင်းထွက်လာသလို သံမဏိ အနောက်ကို လှမ်းကြည့်မိတော့ ဒေါ်မြသက်ကို ဆွဲပွေ့ကာ ငိုယိုနေသည့် နံံ့သာဖြူ။ သူ လိုက်လာမိတာ မှန်သွားသည်။ မိုး ကုမ္မဏီမှာ ပြဿနာတက်ပြီး ပျောက်သွားထဲက သူလိုက်ရှာနေတာ ဒေါ်မြသက်ဆီ ရောက်နေမလား လာကြည့်မိတာ ကွက်တိ။ အတော်ဝေးဝေး မောင်းလာရင်းမှ လမ်းကျဥ်းလေးတစ်ခုထဲ ကွေ့ဝင်ကာ ထိုးရပ်လိုက်သည့် မိုး။
ESTÁS LEYENDO
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။