မာယာထောင်ချောက်
Part - 27ခွဲစိပ်ခန်းထဲမှ ထွက်လာပေမယ့် ဒဏ်ရာက ပြင်းတာမို့ ကိုးကွယ်ရာ အခုထိ သတိမရသေးပေ။ အထူးကြပ်မတ်ဆောင်မှာ ထားထားရသလို သွေးကလဲ သွင်းနေရသည်။ ငသြကတော့ ဘောစ့်ကို ကြည့်ပြီး စိတ်မကောင်းသလို ဗျာများနေပြီ ဖြစ်၏။
ခိုက််ထယ်နွန်ကလဲ လာကြည့်ပေမယ့် ဘောစ့် အခုလို ဖြစ်တာ ခိုက်ထယ်နွန် အတွက် အခွင့်အရေး ဖြစ်နေသည်။ ရှယ်ယာရှင်တွေကို စည်းရုံးနိုင်ဖို့ အချိန်ကောင်း မဟုတ်လား။
အချုပ်ထဲ အဖမ်းခံလိုက်ရသည်မို့ ယံမခ ရှေ့နေခေါ်ကာ မ အတွက် အာမခံရအောင် လုပ်ပေမယ့် တစ်ဖက်မှ နံ့သာဖြူက ခါးခါးသီးသီး မို့ ခက်ခဲနေသည်။ မ ကို ဒီအချုပ်ထဲမှာ ထားခဲ့ပြီး သူ ဘယ်လိုမှ မပြန်နိုင်ပါ။
သံမဏိ ရဲစခန်းထဲ ဝင်လာရင်းမှ ယံမခ နဲ့ ရှေ့နေကို လှမ်းမြင်လိုက်ရသည်။ ကမန်းကတန်း လျှောက်လာရင်းမှ.....
" မိုး ရော...."
ယံမခ သံမဏိကို တစ်ချက် လှမ်းကြည့်ရင်းမှ.....
" အချုပ်ထဲမှာ..... "
" ဘာ! "
မိုး အချုပ်ခန်းထောင့်လေးတွင် ဒူးလေးပိုက်ကာ ထိုင်နေရင်းမှ သွေးသံရဲရဲ ဖြင့် ဦးကွယ်မျက်နှာကို မြင်ယောင်မိသည်။ ဦးကွယ် အဆင်ပြေရဲ့လား သိချင်လိုက်တာ။ မိုးကြောင့် ပါ......မိုး ဦးကွယ် လိုက်လာတာ သတိမထားမိလိုက်တာ။
ဒေါ်မြသက် သေပြီ.....။
ဟွန်း......သေပါစေပေါ့။ သေမှ အေးတယ်။ အစောထဲက သေသင့်တဲ့ မိန်းမ ။" မိုး......"
သူ့ကို မြင်တော့ မော့ကြည့်လာရင်း ထရပ်လာသည်။ သံတိုင်တွေနား လာရပ်ရင်း...
" ဦးကွယ် အခြေအနေ ဘယ်လိုလဲဟင်။ ခွဲစိပ်တာ အောင်မြင်ရဲ့လား......"
" အစ်ကိုက ခု ICU ထဲမှာ မိုး။ သတိတော့ မရသေးဘူး။ "
မိုး ပါးပြင်ပေါ် ကျလာသည့် မျက်ရည်ကို သုတ်ဖယ်လိုက်ရင်းမှ......
" ငါ့ကြောင့်ပါ.......ငါ့ကြောင့် ဦးကွယ် ဒုက္ခရောက်ရတာ။ "
သံမဏိ သက်ပြင်းချလိုက်ရင်းမှ....
BẠN ĐANG ĐỌC
မာယာထောင်ချောက် ( Complete)
Lãng mạnမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။