P.17

431 22 0
                                    

မာယာထောင်ချောက်
Part - 17

သံမဏိ Pin နှိပ်ပြီး လက်ထဲမှ အသီးအိတ်ကိုကိုင်ကာ အိမ်ထဲဝင်လာခဲ့သည်။

" မိုးရေ.....မိုး.... "

အော်ခေါ်သံမဆုံးမီမှာပင် တစွန်းတစ ထွက်နေသည့် လက်ကလေးကြောင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ ဝင်လာသည်နှင့် ကြမ်းပြင်ပေါ်လဲကျနေသည့် မိုး ကို မြင်လိုက်ရသည့် တခဏ လူက လန့်သွားရရင်း လက်ထဲက အထုပ်တွေက ဘုတ်ခနဲ ကြမ်းပြင်ပေါ်  ပြုတ်ကျသွားရသည်။ လဲကျမတတ် ကသောကမျော ကြမ်းပြင်ပေါ်မှ မိုး ကိုယ်လေးကို ပြေးပွေ့လိုက်တော့ သူ့လက်ထဲ ပျော့ခွေကာ ပါလာရင်း ခေါင်းငိုက်စိုက်ကျနေပြီ ဖြစ်၏။

" မိုး.....မိုး သတိထားလေ...မိုး "

ရင်ခွင်ထဲ ပွေ့ထားရာမှ ပါးလေးကို တဆတ်ဆတ်ပုတ်နှိုးရင်း အကြည့်က မိုး ခြေသလုံးနားမှ သွေးတွေကို မြင်ကာ ဟာခနဲ။

" ဟာ...."

စွေ့ခနဲ ပွေ့ချီရင်း Condo ထဲမှ ပြေးထွက်လာမိကာ ကားပေါ်တင်၍ ဆေးရုံကို အမြန်မောင်းလာရင်း ရင်တွေဟာ တထိတ်ထိတ်။ မိုး ကို ညထဲက စိတ်မချပေမယ့် ယံမခလိုက်ပို့သည်မို့ သူက ဒေါ်မြသက်ကို လိုက်စုံစမ်းနေခြင်းပင်။

ယံမခ ဖုန်းကို ငေးစိုက်ကြည့်နေရင်းမှ မ ဆီကို မဆက်ရဲ ဖြစ်နေရသည်။ သူ ဆက်လိုက်လို့ လမ်းခွဲစကား ထပ်ကြားရမှာ ကြောက်နေသည်မို့ သွားလဲ မသွားရဲ။

" ညီ့ မင်း ခမ်းကို ရွှေတိဂုံလိုက်ပို့ပေးလိုက်ဦး။ "

ခိုက်ထယ်နွန် အိကေခမ်း နဲ့ အတူ ညီ့အနားဝင်ထိုင်ရင်း နှစ်ယောက်သား နီးစပ်စေရန် ကြံစည်ခြင်းပင်။ မေမေကလဲ ခမ်း နဲ့ ညီ့ ကို သဘောတူနေတာ သိသလို ညီ့မှာ ချစ်သူ ရှိမှန်းမသိ။ မေမေသာ မိုး နဲ့ ညီ့အကြောင်း သိပြီး မိုးရဲ့ အ​ကြောင်းပါ သိလိုက်လို့ကတော့ မေ့လဲသွားနိုင်သည်။

ယံမခ မြန်မာဝတ်စုံလေးဖြင့် ပုဝါလေးလက်မှာချိတ်ကာ ပြုံးရင်း စောင့်နေဟန်ရသည့် ခမ်းကို မော့ကြည့်လိုက်မိသည်။ အစ်ကို့ကို တစ်ချက်ကြည့်လိုက်မိရင်းမှ......

" ခမ်းက မသွားတတ်မလာတတ်မှ မဟုတ်တာ။ ကိုယ့်ဘာသာသွားပေါ့။ "

ခိုက်ထယ်နွန် ရှက်သွားဟန်ရသည့် ခမ်းကို အားတုံ့အားနာ ကဲကြည့်လိုက်ရင်းမှ ညီ့ကို မျက်မှောင်ကျူံ့ကြည့်လိုက်မိသည်။

မာယာထောင်ချောက် ( Complete) Onde histórias criam vida. Descubra agora