မာယာထောင်ချောက်
Part - 15ဆေးရုံရှေ့ ရောက်သည်နှင့် ကပျာကယာ ပြေးဆင်းလာစဥ် ဆေးရုံထဲမှ ထွက်လာသည့် မိုး။ သံမဏိ ဒူးပင် ညွှတ်ကျမတတ် ဖြစ်သွားရသလို ခေါင်းကို ခါယမ်းရင်း မိုးဆီ တိုးကပ်သွားမိသည်။ ဘုရားသိကြားမလို့.....။
" မိုး....မိုး နင် ဧကန္တ..."
" ငါ တောင်းပန်ပါတယ် မဏိရယ်။ ငါ့ကို ခွင့်လွှတ်ပါ။ "
ဟာ.....။
သွားပြီ....သွားပါပြီ။
နင် လုပ်ရက်လိုက်တာ မိုးရယ်။" ငါ.....ငါ မလုပ်ရက်ဘူး....ငါ မလုပ်နိုင်ဘူး မဏိ။"
" ဟင်! "
ကြားလိုက်ရသည့် စကားကြောင့် သံမဏိ မျှော်လင့်ချက်မဲ့သူပမာ ခေါင်းငိုက်စိုက်ကျနေရာမှ ဝမ်းသာအားရ ဖြစ်သွားရသည်။ မိုး ကို ကြည့်လိုက်မိတော့လဲ ငိုကြွေးနေတာ ချုံးပွဲချပင်။ တသိမ့်သိမ့် ငိုရှိုက်နေသည့် မိုး၏ ကိုယ်လေးကို ထွေးပွေ့ပေးရင်းမှ သူပါ ရောငိုမိသည်။
သိတာပေါ့။
သူ သိပ်သိတာပေါ့လေ။ မိုး ကြောက်နေတာ။ သားသားကို ဆုံးရှူံးရတဲ့ ခံစားမှုဟာ ရူးမတတ်မို့ မိုး ထပ်မခံစားရဲ သံယောဇဉ် မထားရဲတာ။
တကယ်တော့ မိုး ဘဝဟာ အင်မတန်ကို ကြမ်းတမ်းလွန်းခဲ့ပါသည်။အသက်လေးဆယ်ကျော်မှ ဘဝစသည်တဲ့လား။
အသက်နှစ်ဆယ်မှ ဘဝ စသည်တဲ့လား။
သွားစမ်းပါ.....ဒီမိန်းကလေးအတွက်တော့ ဆယ်နှစ်ကျော်နဲ့ ဘဝကြမ်းကြမ်း စခဲ့သည်ပင်။------------------------
မိခင်လက်ကိုဆွဲကာ မိဘမဲ့ဂေဟာထဲ ဝင်လာသည့် ခြောက်နှစ်အရွယ် ကလေးမလေး သို့မဟုတ် မိုး။ ဟိုဒီလိုက်ကြည့်နေပေမယ့် သူမပုံစံက ခပ်တည်တည်လေး နှင့် အကြောက်အလန့်ဆိုတာ မရှိ။
" ဒီကလေးမလေးလား မငွေမြိုင်။ "
" ဟုတ်ပါတယ် စစ်စတာ။ ကျွန်မလဲ မလွှဲသာလို့ပါ။ ကဲ...မိုး သမီး နင် နေခဲ့ရမယ်နော်။ မေမေ လာပြန်ခေါ်မယ်သိလား။ ".
ကလေးမလေးအနား ထိုင်ချရင်း နှုတ်ဆက်ပုံက ဝတ်ကျေတမ်းကျေပင်။ သို့ပေမယ့် ထိုမိန်းမ၏ မျက်နှာကို လက်ကလေးနှစ်ဖက်ဖြင့် ဖိကပ်ကာ ပါးကို လှမ်းနမ်း၍ ယုံကြည်မှု အပြည့်ဖြင့် ပြန်ပြောလာသည့် ကလေးမလေး။

ESTÁS LEYENDO
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။