P.26

488 22 0
                                    

မာယာထောင်ချောက်
Part - 26

" ကျုပ် သေချာမြင်ခဲ့တာ....ကားထဲက မိန်းကလေးတစ်ယောက်ထွက်လာတယ်....ပြီးတော့ ထွက်ပြေးသွားတာ ။ "

ကိုးကွယ်ရာ သူ့ဖုန်းထဲမှ မိုးလေး၏ ပုံကို ထိုလူ့ဖက် လှည့်ပြလိုက်ရင်း....

" ဒီ မိန်းကလေးလား....."

" ဟုတ်တယ်ဟုတ်တယ်...... ဒီ မိန်းကလေးပဲ သေချာတယ်။ ကျုပ် သေချာကို မှတ်မိတယ်...အရမ်းလှတယ်....ကားထဲက လူက အကူအညီ တောင်းနေတာတောင် သူ ပစ်ထားခဲ့တာ။ "

ကိုးကွယ်ရာ သက်ပြင်းချမိတော့ ဘေးမှ ငသြက အသင့်ယူလာသည့် ပိုက်ဆံကို ထိုလူ့ဆီ ကမ်းပေးလိုက်သည်။ တကယ်ပဲ.....မိုးလေး လုပ်ရက်သည်ဟု တွေးမိတော့ နာကျင်ရပြန်သည်။ သံမဏိ၏ ပိရိချက်ဟာ အကုန်သက်သေတွေ ရှာဖျောက်ထားသည်မို့ ဒီသက်သေကိုတောင် မရမက ရှာရသည် မဟုတ်လား။

ကုမ္ပဏီပြန်ရောက်သည်နှင့် သံမဏိက သူ့ဆီ တန်းရောက်လာသလို ....

" အမှုပိတ်လိုက်တယ်ဆို......"

ခေါင်းငြိမ့်ပြလိုက်သည့် ကိုးကွယ်ရာ ပုံစံကို ကြည့်ပြီး သံမဏိ မသင်္ကာသလို စူးစိုက်ကြည့်မိသည်။ ဒီလူ ဘာတွေ သိထားသည်လဲ။

" ဘာလို့ လဲ.... "

သံမဏိမေးခွန်းကြောင့် ကိုးကွယ်ရာက ဟက်ခနဲ နာကျင်သလို လှောင်ရယ်ရင်းမှ....

" မင်း သိမှာပါ.....ငါ အကုန် သိပြီးပြီ။ "

သံမဏိ ဟင်ခနဲ ဖြစ်သွားရင်းမှ ကိုးကွယ်ရာ ကို မယုံနိုင်သလို ကြည့်မိသည်။ သိပြီးတာတောင် အမှုပိတ်လိုက်သည်ဆိုတော့ ကိုးကွယ်ရာ က မိုးကို ခွင့်လွှတ်တာလား။

" မိုးက....မိုး မှာ အပြစ်မရှိပါဘူး။ သူက..."

" မိုး ကို ငါ့ဆီ လွှတ်လိုက်။ "

သံမဏိ သက်ပြင်းချလိုက်မိရင်းမှ ကိုးကွယ်ရာ ၏ ရုံးခန်းထဲမှ ပြန်ထွက် လာခဲ့သည်။ အရေးထဲ ဒေါ်ငွေမြိုင်ကလဲ တဂျီဂျီ နဲ့ ငွေတောင်းနေပြီ.....ခက်တာက ငွေမပြည့်သေးတာပင်။ ကွန်ဒို​ရောင်းလိုက်ပေမယ့် သိန်းနှစ်ထောင်လိုနေသေးသည်။

---------------------------

" ဒေါက် ဒေါက် ဒေါက် "

ကိုးကွယ်ရာ ရုံးခန်းတံခါးခေါက်သံနဲ့အတူ ဝင်လာသည့် မိုးလေးကြောင့် ငသြကို လှမ်းကြည့်လိုက်သည်။ ငသြက အလိုက်တသိ ရုံးခန်းထဲမှ ထွက်သွားသလို မိုးလေးကလဲ သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေ၏။

မာယာထောင်ချောက် ( Complete) Where stories live. Discover now