မာယာထောင်ချောက်

939 31 1
                                    

  ချစ်သော...မိုး
Part - 6

ကိုးကွယ်ရာ ကျိန်းစက်နေသည့် မျက်ဝန်းတို့ကို အားယူဖွင့်လိုက်စဥ် မူးနောက်နေသည့် ခေါင်းကြောင့် လူက ရှူံ့မဲ့သွားရသည်။ ဆိုဖာပေါ် ရောက်နေရင်းမှ မလှမ်းမကမ်းတွင် ထမင်းပွဲပြင်နေသည့် မိုး ကို မြင်လိုက်ရသဖြင့် ညက သူ့၏ ဇွတ်တရွတ်အနမ်းတွေကို သတိပြန်ရသွားရသည်။

" ဦးကွယ် နိုးပြီလားဟင်။ ဒီမှာ မိုး မနက်စာပြင်ထားတယ်။ "

ကိုးကွယ်ရာ သူ့ကို ပြုံးပြနေသည့် သူမလေးအား ကြည့်ရင်း လူက ရှက်စိတ်ဖြင့် ထူအမ်းနေရသည်။ သူမလေးကတော့ မသိသလိုလေးဖြင့် ဟင်းရည်အိုးနွှေးနေတာ မြင်ပေမယ့် နှုတ်ခမ်းလေးက နီးမြန်းထူအမ်းနေသယောင်ပင် စိတ်က ထင်မိသည်။

" ဦးကွယ် မျက်နှာသွားသစ်လေ။ မိုး သွားပွတ်တံအသစ်ဝယ်ပြီး သွားတိုက်ဆေးထည့်ပေး ထားတယ်။ ပြီးရင် လာခဲ့နော်။ "

ကြောင်အမ်းအမ်းဖြင့် သူ ခေါင်းငြိမ့်မိရင်း ရေချိုးခန်းလေးထဲ ဝင်လာခဲ့မိသည်။ စိတ်တို့က ဒွိဟလွန်ဆွဲနေကာ မသင့်မှန်းသိပေမယ့် သူ့ နှလုံးသားက သူမလေးအနားသာ ရှိနေချင်သည်။ တကယ်ပဲ သူ ဘာဆက်လုပ်လို့ လုပ်ရမှန်းကို မသိ။

မိုး မျက်နှာသစ်ပြီး ပြန်ထွက်လာသည့် ဦးကွယ်ကို မြင်သည်နှင့် မုန့်ပန်းကန်ထဲ ဟင်းရည်ပူပူအား လောင်းထည့်ပေးလိုက်သည်။ မုန့်ဟင်းခါးအနံ့က မွှေးခနဲ လှိုက်တက်လာရင်း ငါးဖတ် ဘဲဥဖတ်လေးတွေ က စားချင်စရာ။

" မိုး ချက်ထားတာလား။ "

သူ့ အမေးကို လှစ်ခနဲ ပြုံးလိုက်သည့် မိုး ကြောင့် ကိုးကွယ်ရာ မျက်စပင့်ကြည့်မိသည်။ ရယ်သံလွင်လွင်လေးနှင့် သူမက.....

" မဟုတ်ပါဘူး.....အောက်ထပ် မုန့်ဟင်းခါးဆိုင်က ဆင်းဝယ်ထားတာ။ "

ကိုးကွယ်ရာ ပြုံးမိသွားရင်း စားလက်စ ဆက်စားနေကာ စကားကို ဘယ်က စ ပြောရမလဲ မသိဖြစ်နေရပြန်သည်။

" နောက်ထပ် မိုး ဆီကို မလာနဲ့နော် ဦးကွယ်။ "

ကိုးကွယ်ရာ မျက်လွှာပင့်ကြည့်မိတော့ သူ့ကို ခပ်အေးအေးလေး ပြုံး၍ မျက်ရည်လေး အဝဲသားနှင့် ငေးကြည့်နေသည့် သူမလေး။

မာယာထောင်ချောက် ( Complete) Donde viven las historias. Descúbrelo ahora