P.18

540 20 0
                                    

မာယာထောင်ချောက်
Part - 18

ယံမခ ကားကိုပါကင်ဖြစ်သလိုထိုးပြီးတာနဲ့ Condo အပေါ်ထပ်ကို ပြေးတက်လာခဲ့သည်။ ဓာတ်လှေကားကလဲ ဒီနေ့မှ ပိုကြာနေသလို ထင်မိကာ အပေါ်ထပ်ရောက်သည်နှင့် မ အခန်းဆီ ကသောကမျော ပြေးလာမိသည်။

" ရောက်ပြီလား...."

ဧည့်ခန်းထဲက ခုံတွင် ခေါင်းငိုက်စိုက်ချလျက် ထိုင်နေသည့် သံမဏိကို တွေ့လိုက်ရသည်မို့ တစ်လမ်းလုံးမြိုသိပ်လာသည့် ဒေါသက ပုံကျသွားလျက် ခွပ်ခနဲ ဆွဲထိုးပစ်လိုက်သည်။ မ ဆေးရုံကဆင်းမှ သူ့ကို ဖုန်းဆက်ပြောကာ သူ ဘာမှမသိခဲ့။

" မင်း ဘာမှမပြောဘူး.....ငါ ဖုန်းဆက်တော့ မင်း မသိဘူးဆို...မ နဲ့ မတွေ့ဘူးဆို။ "

ဟုတ်သည်။
မ ကို သူ ဖုန်းဆက်မရတာမို့ မနေနိုင်သည့်အဆုံး သံမဏိဆီ ဖုန်းဆက်ကာ မေးခဲ့ပါသည်။ မ နဲ့ မတွေ့ဘူး မသိဘူးဆိုပြီး ခုကျ မ ဆေးရုံကဆင်းပြီတဲ့။

ကိုယ့်ချစ်သူတစ်ယောက်လုံး ဆေးရုံတက်နေတာ မသိခဲ့သည့် အဖြစ်။ သူ့ကိုယ်သူ ဒေါသထွက်သလို သံမဏိကိုလဲ အခဲမကြေ။ မ အနား ကပ်ပြီး သူ့ဆီက လုယူချင်နေသည့် နှစ်ပြားမတန်ကောင်။

သံမဏိ ယံမခရင်ဘတ်ကို ဆောင့်တွန်းပစ်လိုက်ရင်းမှ ဟက်ခနဲ ရယ်မိသည်။ လိုက်ပါတယ်....ဒီကောင် နဲ့ သူ့အသိုင်းအဝိုင်းနဲ့က တချိုးထဲ။

" မင်း ငါ့လာမဲမနေနဲ့ ယံမခ။ မိုး ခုလို ဆေးရုံရောက်သွားတာ မင်း အစ်ကိုကြောင့်.....မင်း အစ်ကို နဲ့ သူ့ယောက္ခမလာပြီး မင်းနဲ့ မပက်သက်ဖို့ မိုးကို ပြောသွားတာ။  "

" ဘာ....."

ကိုယ့်နားကိုယ်ပင် မယုံနိုင်စွာ ယံမခ ကြောင်အသွားရသည်။ ကိုကြီး လာသွားတယ်....အတွေးနဲ့အတူ ထိတ်ခနဲ ပူထူသွားလျက် အခန်းထဲ ပြေးဝင်လာတော့ အိပ်ယာထက်တွင် လှဲအိပ်နေသည့် မ ပုံစံလေးက ဖြူဖျော့နေ၏။

" မ....."

ခပ်ဖြည်းဖြည်းပွင့်လာသည့် မျက်ခွံလေးဟာ တဆတ်ဆတ် လှုပ်နေလျက် သူ့ကို မြင်တော့ မျက်ရည်စလေးတွေ ဝဲတက်လာလေရဲ့။ ရင်ထဲက စစ်ခနဲ နာကြင်သွားကာ မ နဖူးလေးကို ငုံ့နမ်းရင်းမှ မ လက်ကလေးကို ဆွဲယူကာ ပါးပြင်တွင် ဖိကပ်ထားမိသည်။

မာယာထောင်ချောက် ( Complete) Where stories live. Discover now