မာယာထောင်ချောက်

4.5K 91 1
                                    

Part - 1

အခန်းထဲဝင်လာသည်နှင့် မိုး ကိုယ်လေးက ဆတ်ခနဲ တုန်ယင်သွားရသလို ခပ်ရွံ့ရွံ့လေး ဖြစ်သွားမိတာ အမှန်ပင်။ အရက်ခိုးတွေဝေနေသည့် ကြားမှ လူကို စားမတတ် ဝါးမတတ် သွားရေတမြားမြားဖြင့် ကြည့်နေသည့် အကြည့်တို့နဲ့အတူ အသက်သုံးဆယ်နီးပါး ကိုယ့်ဦးလေးအရွယ်မို့ စိတ်ပျက်မိတာလဲ အမှန်ပင်။

" ဟာ...ငယ်ငယ်လေး ရှိသေးတာပဲ။ လာထိုင်လေ သမီး။ "

ဟုတ်သည်။
မိုး အသက်ဟာ ဆယ့်ရှစ်နှစ်မပြည့်သေးပေမယ့် ဒီ KTV ကို ရောက်တာ နှစ်ပတ်ရှိပြီ ဖြစ်သည်။ အရင်နေ့တွေကတော့ စားပွဲထိုးရပေမယ့် ဒီည မရမက အတင်းဧည့်ခံခိုင်းကာ ခြိမ်းခြောက်လာသည့် ဂျာကြီးကြောင့် တိုတိုပြတ်ပြတ်တွေ ဝတ်ကာ ရောက်လာရခြင်းပင်။

" သမီး နာမည် ဘယ်လိုခေါ်လဲ။ "

လူကို ပေါင်ပေါ်အတင်းဆွဲတင်ကာ မေးလာသည်မို့ မိုး ကြောင်အမ်းအမ်း လေး ဖြစ်သွားရသည်။ အနားရှိ အရက်ငှဲ့ပေးနေသည့် အမတစ်ယောက်က မိုးပုံစံကို ကြည့်ရင်းမှ....

" သူ့နာမည်က မာလာပါ အစ်ကိုကြီးရဲ့။ အဟင်း....မာလာ သေချာဧည့်ခံနော်။ "

မာလာ။
ချက်ချင်း ရသွားသည့် နာမည်အသစ်ဟာ ဒီKTV မှ အစ်မတွေလို မထူးမခြားနား ဖြစ်သွားသည့် သဘော။ ဒီလိုဆို မိုးဟာလဲ မိန်းမပျက် တစ်ယောက် ဖြစ်သွားပြီလား တွေးမိတော့ ဖျတ်ခနဲ မြင်ယောင်လာသည့် မျက်ဝန်းညိုတို့။

" ဟင့်အင်း.... လွှတ် လွှတ်စမ်း။ "

အတင်းရုန်းဖယ်လိုက်ပေမယ့် တဟဲဟဲရီသံနဲ့အတူ မိုးရဲ့ တစ်ကိုယ်လုံးကို ပွတ်သပ်လာသည့် လက်တွေကြောင့် မိုး အားကုန် တွန်းထုတ်လိုက်မိသည်။ အရက်မူးနေတာကြောင့်ရော တွန်းထုတ်လိုက်သည့် အရှိန်ကြောင့် ထိုလူမှာ ယိုင်ကျသွားရင်း မျက်ထောက်နီဖြင့် မိုးကို ဒေါသတကြီး ကြည့်လာသည်မို့ မိုး ထိတ်လန့်သွားရသည်။

" ခွေးမ...."

" ဖြောင်း! "

ပါးပြင်တစ်ဖက်က ထူပူကျိန်းစက်သွားရကာ မျက်လုံးထဲပင် ပြာမိုက်သွားရသလို လူပါ ခွေကျသွားရသည်။ အခန်းထဲ သုတ်တီးသုတ်ပြာ ပြေးဝင်လာသည့် မန်နေဂျာကြောင့် မိုး လဲကျနေရာမှ ထရပ်လိုက်မိရင်း ပါးပြင်ပေါ် မျက်ရည်များက စီးကျလာရသည်။

မာယာထောင်ချောက် ( Complete) Où les histoires vivent. Découvrez maintenant