မာယာထောင်ချောက်
Part - 28 ( Final Part - 1 )ဦးညိုခင် သံမဏိလက်ထဲမှ ဓားမြှောင်ကို ကြည့်ပြီး ထိတ်လန့်သွားသလို မိုးကလဲ ငေးကြောင်ကြည့်နေ၏။
" ခင်ဗျားကြောင့်ပဲ..... အရာအားလုံးဟာ ခင်ဗျားကြောင့် ဖြစ်လာတာ။ မိုး ရဲ့ ဘဝကို ခင်ဗျားဖျက်ဆီးခဲ့တာ.......ခင်ဗျား က သေလိုက်ပါ.....သေမှ အေးမှာ ။ "
ပြောလဲပြော သံမဏိက ပြေးဝင်ပြီး ဓားနဲ့ ထိုးချလိုက်သည်။ ဦးညိုခင်က ကမန်းကတန်း ဘေးကို ရှောင်ရင်း သံမဏိကို အလစ်မပေးရဲပဲ စူးစိုက်ကြည့်နေ၏။ တိုက်ကွမ်ဒိုသာ မတတ်ရင် သူ သံမဏိလက်ချက်ဖြင့် မလွယ်။
သံမဏိကလဲ နဂိုထဲက လူပေလူတေ။ ဘဝက ကြမ်းသည်မို့ တော်ရုံလောက်ကတော့ မဖြုံပဲ လှဲသိပ်နိုင်သည်။ ဦးညိုခင်က ကမန်းကတန်း ပြန်ခုခံရင်း သံမဏိ၏ ကျွံဝင်လာသော လက်ကို ကားတံခါးဖြင့် ဆွဲညှပ်ပစ်သည်။
" အ! "
ဓားက လွတ်ကျသွားလျက် လက်တစ်ဖက် ကားတံခါးဖြင့် ညှပ်နေမိတာမို့ ဦးညိုခင် က အခွင့်အရေးကို အသုံးချကာ သံမဏိကို လက်သီးဖြင့် ဆွဲထိုးသည်။
! အားးးး!
သံမဏိ ဟင်ခနဲ ဖြစ်သွားရရင်း ဒူးညွှတ်ကျသွားသည့် ဦးညိုခင်နောက်မှ မိုးကို အံ့သြတုန်လှုပ်စွာ ကြည့်နေမိတာ အကြောင်သား။ မိုး လက်ထဲမှ ဓားမြှောင်ဟာ သွေးတွေရွှဲနေရင်း သူ့ကို ခပ်မဲ့မဲ့လေး ငေးကြည့်နေသည်။
" မိုး....ဟာ မိုးရယ်....နင် ရူးနေလား။ "
အသက်မရှိတော့သည့် ဦးညိုခင်ဟာ ကျောပြင်မှာ ဓားဖြင့်စိုက်ထိုးခံထားရတာ ထုတ်ချင်းပေါက်။ မိုး အဘယ်မျှသော နာကြည်းမှုတွေကို ပုံချပစ်သည်လဲ။
" သေသွားပြီ......ငါ နိုင်..ပြီ။ "
ဦးညိုခင် ကို တစ်ချက်စမ်းကြည့်ရင်း သူ လှမ်းပြောလိုက်စဥ်မှာပင် မိုးက ခေါက်ခနဲ လဲကျသွားသည်မို့ ဆီးပွေ့ထားမိတော့ သူ့ရင်ခွင်ထဲ သတိလစ်နေပြီ ဖြစ်၏။ သူ မိုးလက်ထဲမှ ဓားမြှောင်ကို ဆွဲယူလိုက်ရင်းမှ အိတ်ကပ်ထဲက လက်ကိုင်ပုဝါဖြင့် ဓားမြှောင်ရိုးအား လိုက်ပွတ်ပစ်သည်။ လက်ဗွေရာ မကျန်လောက်တော့မှ ထိုဓားမြှောင်ကို သူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပစ်ရင်း........
YOU ARE READING
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။