မာယာထောင်ချောက်

787 32 2
                                    

  ချစ်သော...မိုး
Part - 8

ငါးနှစ်ကြာပြီးနောက်.....

ယံမခ လေဆိပ်ထဲမှ ထွက်လာရင်း  သူ့ ကျောပိုးအိတ်ကို အပြေးလာသယ်သည့် ဦးငယ်ဆီ အကုန်ထိုးထည့်ပေးလိုက်သည်။ ဂျင်းဘောင်းဘီ​ဒူးကျ ကွာတား နှင့် ခဲရောင် စွပ်ကျယ်အရှည်ကြီးဟာ ခါးပင်ကျော်သည်။ မျက်မှန်အနီရောင်ကြီးတပ်လျက် ဆောင်းထားသည့်ဦးထုပ်ကလဲ အဝိုင်းကြီးမို့ ဘယ်လိုကြည့်ကြည့် ဒေါင့်ကိုမကျိုး။

" အကိုလေး....အကိုလေး အိမ်တန်းပြန်ရမယ်လေ။ "

ယံမခကျစ်ခနဲ စုပ်သပ်လိုက်ရင်း ဒါ​ကြောင့် သူ ပြန်မလာချင်တာပင်။ ကိုယ့်ဘာသာဆို ဟိုမှာ လွတ်လွတ်လပ်လပ် နေနေရသလောက် ဒီရောက်ရင် မေမေရော ကိုကြီးကပါ ပူညံပူညံ။

" ဦးငယ်....ကျွန်တော် အိမ်မပြန်သေးဘူး။ ပြီးတော့ သူငယ်ချင်း တွေကို သွားနှုတ်ဆက်မှာမို့ ဒီည ပြန်မလာဘူးပြောလိုက်။ "

ခေါင်းနားပန်းကြီးမိသွားသလို တစ်ချိန်ထဲ သူဌေး၏ ဒေါသမျက်နှာကို မြင်ယောင်ကာ ဦးငယ်တစ်ယောက် လန့်သွားရသည်။

" မရ.. မရဘူးလေ အကိုလေး။ သူဌေးသိရင် ကျွန်တော့်ကို သတ်လိမ့်မယ်။ "

ပြောပြောဆိုဆို အထုပ်အပိုးတွေသယ်ရင်း ပြေးလိုက်ပေမယ့် အကိုလေးကတော့ ထွက်သွားတာများ လှည့်ကိုမကြည့်။ ဒုက္ခရောက်ပြီ မောင်ငယ်ရေ...ဟု ပြန်သတိပေးမိရင်း အိမ်ပြန်ပြီး သူ့ညီမပါလာကြောင်း သူဌေးကို ပြောမည့်အစား ကျားမြီးသာ ပြေးဆွဲလိုက်ချင်ပါတော့သည်။

" ဘုန်း ! "

" အ...."

တိုက်မိသွားတာသိသည်မို့ မောင်ငယ် တောင်းပန်ရန် ကမန်းကတန်း လှည့်ကြည့်မိတော့ လူက ငေးခနဲ ။ လှလိုက်သည့် မိန်းကလေးဆိုတာ လူပင် ငုတ်တုတ်မေ့မတတ်။ မျက်မှန်အမဲကြီးတပ်ထားသည့်တိုင် မြင်တွေ့နေရသည့် မျက်နှာလေးကအစ နုဖတ်မှုန်ဥနေ၏။

" မမြင်ဘူးလား....ကန်းနေလား။ "

" ဗျာ..."

" တောက်! ...ငါ "

လက်တစ်ဖက် မြောက်တက်လာသည်မို့ မောင်ငယ် ကမန်းကတန်း မျက်စိမှိတ်ပစ်မိသည်။ သို့သော်...

မာယာထောင်ချောက် ( Complete) Donde viven las historias. Descúbrelo ahora