P.13

452 20 0
                                    

မာယာထောင်ချောက်
Part - 13

ကိုးကွယ်ရာ Laguage ကို ပစ်ချလိုက်ရင်းမှ သူမလေးဆီ အမြန်လျှောက်လာကာ ဆွဲဖက်ပစ်လိုက်သည်။ အလွမ်းတွေ တနင့်တပိုး က ခုမှ အနည်းငယ်လျော့ပါးသွားသလိုပေမယ့် သူ့ခါးကို ပြန်ဖက်ထားသည့် လက်ကလေးကြောင့် ပြုံးမိသွားရသည်။ ဆံနွယ်တို့ကို ဖျတ်ခနဲ နမ်းရှိုက်လိုက်ရင်းမှ.....

" လွမ်းလိုက်ရတာ ကလေးရယ်။ "

မိုး ပြုံးလိုက်မိရင်းမှ ဦးကွယ်ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သည်။ ရွှန်းလဲ့စွာ မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေသည့် မျက်ဝန်းတွေက မိုးကို တကယ်လွမ်းနေမှန်း သက်သေပြစရာမလိုအောင် သိသာလွန်းပါသည်။

" သွားကြမယ်လေ..... "

သူမလေးစကားကို ခေါင်းငြိမ့်ပြရင်း ပခုံးကိုဆွဲဖက်ကာ လေဆိပ်ထဲမှ ထွက်လာခဲ့ကြသည်။ ငသြက နောက်ပါးမှ Laguage ဆွဲကာ လိုက်လာရင်းမှ ခပ်မဲ့မဲ့။ ကားပေါ်ရောက်သည်နှင့် ကုမ္ပဏီ မသွားပဲ အိမ်တန်းပြန်လာခဲ့သည့်တိုင် တစ်လမ်းလုံး ဦးကွယ်ဟာ မိုးမျက်နှာ ကိုသာ တစိမ့်စိမ့် ငေးစိုက်ကြည့်လာရင်း မိုးလက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။

" ကလေး....ကိုယ့်ကို လွမ်းရဲ့လား။ "

ပြုံးရင်း ခေါင်းငြိမ့်ပြလာပုံကို သူ အားမရသလို မတုန်မလှုပ် ပုံစံလေးကိုပင် အသည်းယားသွားရသည်။ အိမ်ပေါ်အတူတက်လာကြရင်းမှ အပေါ်မကျီကို ဆွဲချွတ်လိုက်စဥ် ရေဗူးလာပေးသည့် သူမလေးခေါင်းအား ခပ်ဖွဖွ ပွတ်သပ်၍ ရေဗူးကို မော့သောက်လိုက်သည်။

" မိုး ဦးကွယ် စားဖို့ တစ်ခုခု သွားပြင်ပေးမယ်လေ။ "

" ခဏနေပါဦးဗျာ.....။ "

မိုး လက်ကလေးကို လှမ်းဆွဲကာ ရင်ခွင်ထဲ လူတစ်ကိုယ်လုံး ဆွဲဖက်ထားသည့် ဦးကွယ်ကြောင့် မိုး သက်ပြင်းဖွဖွချမိသည်။ မျက်နှာလေးအနှံ့ ကျရောက်လာသည့် အနမ်းတွေက အဆက်မပြတ်ဖြင့် မိုး အကျီကြယ်သီးဆီ လှမ်းလာသည့် လက်တွေအား မိုး ဖမ်းဆုပ်ကိုင်ရင်းမှ ရုန်းထွက်ကာ.....

" ရေချိုးတော့ ဦးကွယ်.....မိုး အောက်ဆင်းဦးမယ်။ "

" ဘာလို့လဲ ကလေး.....ကိုယ် "

မာယာထောင်ချောက် ( Complete) Where stories live. Discover now